အပိုင်း-50

151 7 0
                                    

ဆူးနစ်လေသော
Unicode:;
အပိုင်း-50

"အာဏာမြင့်မြတ်"

မျက်မှောက်ကြုတ်ကာ မလိုလားသောမျက်လုံးများဖြင့် ပြောလာသော ထိုကောင်လေးကို မျက်ခုံးပင့်ရင်းသာ တုန့်ပြန်မိသည်။ ကိုယ့်ကိုမြင်တာနဲ့ ချက်ချင်းပင်  ‌ထိုးထားသော အပ်ကို ဆွဲဖြုတ်ဖို့ပြင်နေသောကြောင့်
"မင်းက တကယ်ကြီးသေချင်နေတာပဲ ဘာလဲ မင်းသူငယ်ချင်းနောက်လိုက်မလို့လား "
ပြောလိုက်သည်က လွန်သွားသလားမပြောတတ် ချက်ချင်းဆွဲဖြုတ်ကာ ကော်လံကို လာဆွဲနေသော အဖေ့သားလေး ။
အခုလိုဖြစ်သွားဖို့တော့ မရယ်ရွယ်ပေမယ့်လဲ ဒီကောင့်မျက်နှာကိုမြင်လျှင်ကို မဆွပဲမနေနိုင်
"အခု မင်းမှာ ငါ့ကို ထိုးဖို့ကို အားရှိလို့လား ငါ့ညီရာ အေးဆေးနားအုံး မင်းအားရှိလာမှ ဆက်ရန်ဖြစ်ရအောင် " သွေးမရှိတဲ့ နှုတ်ခမ်းနဲ့ ရန်လာတွေ့နေတော့လဲ အခုလိုပဲ ပြောနိုင်ပေမည်။ 
"ရော့ ဒီမှာဆန်ပြုတ် ငါအပြင်သွားမလို့
အာာ ညမှပြန်လာမှာ " 
ကျွန်တော်ရှိနေလျှင် ချက်ချင်းထပြန်သွားမည်ကိုသိသောကြောင့် ကိုယ်ကပင် ရှောင်ပေးဖို့ပဲ လုပ်လိုက်တော့သည်။ ထို့ကြောင့်ပဲ ညမှပြန်လာမည့်အကြောင်းကိုလဲ ပြောပြခဲ့ခြင်းဖြစ်သည်။
" ဒီကောင်က လက်တစ်ဆစ်"လို့ မိုးလေးပြောပြပေးဖူးတာကြောင့်လဲ ပါတာပေါ့လေ ။
______________&__________
သူ့ကိုမုန်းသော်ငြား ကိုယ်လဲ တကယ်အားမရှိသည်မှာ မှန်သောကြောင့်  သူထွက်သွားသည်နှင့် ခုတင်ပေါ်သာ ရှိတဲ့အားနှင့် သွားလိုက်ရသည်။ ခုံပေါ်က ဆန်ပြုတ်ကိုတော့ မသောက်နိုင်ပါ။ မိုးလေးကို သတ်ထားသောလူရဲ့ အိမ်တွင် ရောက်နေသည်ကပင် လွန်လှပြီဖြစ်သည်။ ထိုသူလုပ်ပေ‌းသော အစားအစာကို စားနိုင်လောက်သည်အထိတော့ စိတ်တို့က ခွင့်မပြု။ ကိုယ်ကလဲ အိမ်ပြန်နိုင်ဖို့ အားမရှိ သူလုပ်ပေးခဲ့တဲ့ ဆန်ပြုတ်လဲ မသောက်ချင်သောကြောင့် ဖုန်းကိုလိုက်ရှာလိုက်ပြီး စာချင်သည်တစ်ခုကို deliသာ မှာလိုက်တော့သည်။ deliမလာခင်လေး အားမွေးတဲ့အနေနဲ့ ခဏ မှေးနေလိုက်သည်။ 

"တီ......တီ......"

"လာပြီပဲ" အနည်းငယ်နောက်နေသော ခေါင်းကို အားယူကာ ထလိုက်ပြီး အခန်းက အထွက်  ဘယ်ဘက်ထောင့်က အခန်းတစ်ခန်းက မိုးရွာနေသည့်ပုံစံ စတစ်ကာလေးနှင့် မဝင်ရ ဟူသော ဆိုင်းဘုတ်က အာရုံကို ဆွဲဆောင်နေသည်။ လူဆိုတာလဲ မဝင်ရဟုပြောလျှင် ပိုဝင်ချင်သည်မဟုတ်ပါလား ။ ထို့ပြင်လည်း ဒီတိုက်ခန်း မှာ သူတစ်ယောက်ထဲ နေသည်ကိုဘယ်သူ့အတွက်များ စည်းကပ်ချက် ထုတ်ထားသလဲ ဟုသော အချက်ကလဲ မေးခွန်းထုတ်စရာပင်ဖြစ်သည်။
"ကိုယ့်အတွက်ကိုယ် ထုတ်ပြီး ရူးသွားသလားပဲ " အကြာကြီး စဉ်းစားမနေတော့ဘဲ ရှေ့က စောင့်နေရမည့်လူကို အားနာသောကြောင့် သိချင်စိတ်ကိုခဏ သည်းခံလိုက်ပြီး ရှေ့က ပါဆယ်ကိုသာ ထွက်ယူလိုက်သည်။ ခုနက မြင်ခဲ့သောအခန်းကို စိတ်ဝင်စားသော်လည်း ဗိုက်ကလဲ ဆာ လူကလဲ နေ၍မကောင်းသောကြောင့် အစာစားပြီး ခဏမှေးနေလိုက်သည်။  ထိုသို့ မှေးနေသည့်အချိန်တွင်လဲ စိတ်တို့က ထိုအခန်းတွင်သာ။ ကိုယ်နဲ့မဆိုင်ဟု တွေးနေသော်ငြားလည်း   ထိုအခန်းက လူကို ဆွဲဆောင်လှသောကြောင့်  ထိုအခန်းထဲကို ဝင်ကြည့်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
တံခါးရှေ့တွင် ဝင်သင့်မဝင်သင့် သုံးစက္ကန့်လောက်တွေဝေနေပြီး လက်ကိုင်ကိုသာ လှည့်လိုက်တော့သည်။
ဝင်လိုက်သည်နှင့် အခန်းက မည်းမှောင်နေသောကြောင့်  လိုက်ကာတို့ကို အဆုံးထိဖွင့်ချလိုက်သည်။ ဖွင့်လိုက်သည်နှင့်မြင်လိုက်ရသည့်ပုံရိပ်ကြောင့် ခဏတာ မှင်သက်သွားမိတော့သည်။ 
အဖြူရောင်အင်္ကျီလေးနှင့် ဖြူ‌စင်စွာပြုံးနေသော ကျွန်တော်တို့ရဲ့ နတ်သားလေး။ ထိုဓါတ်ပုံမှ တစ်ဆင့် တစ်ခန်းလုံးကို အကြည့်ရောက်မိတော့ အံဩမှုတို့က ပြောမပြတတ်အောင်ပင်။ တစ်ခန်းလုံးတွင် မိုးထက်နှင့် ကျွန်တော်မုန်းတဲ့ လူသားတစ်ယောက်ရဲ့ ပြုံးနေကြသော ပုံရိပ်များ တစ်ပုံချင်းဆီကလဲ ပြတ်ပြတ်သားသားပင်။ အခန်းထဲက ပရိုဂျက်တာတစ်ခုကို အကြည့်‌ေရာက်မိ‌တော့ စောစောက လိုက်ကာကို ကိုယ်တိုင်သာ ပြန်ပိတ်လိုက်ပြီး ထွက်ပေါ်လာသော ပုံရိပ်တစ်ခုချင်းဆီက ကျွန်တော့်ကို မေးခွန်းတွေ ထွက်စေသည်။ နားမလည်နိုင်ခြင်းတွေနဲ့ ကြည့်နေရင်းပင် ရုတ်တရက် ထွက်ပေါ်လာသော ပုံရိပ်လေး

ဆူးနစ်လေသောWhere stories live. Discover now