အပိုင်း-30

131 7 0
                                    

ဆူးနစ်လေသော
Unicode:;
Part-30

"ဟျောင့် ဘာလုပ်နေတာလဲ "
မေးလိုက်တာနဲ့ စာအုပ်ကို ပိတ်ချလိုက်သော မိုးထက်ကြောင့် နည်းနည်းတော့ ကြောင်သွားမိသည်။

"ပုံဆွဲနေတာလေ"

"ငါပုံဆွဲစာအုပ်ကိုမြင်တယ်လေ ဘာပုံဆွဲနေတာလဲလို့လေ
ပေး ငါဆရာကြီးဝေဖန်ထောက်ပြပေးမယ်"
ဟု ဆရာကြီးအသံဖြင့်ပြောပြီး စာအုပ်ကို ယူရန် လက်ရွယ်လိုက်သည်နှင့်  စာအုပ်ကို နောက်ပို့ပြီး

"ဟဲ့ ဟိုမှာ အမာန် မင်းကိုခေါ်နေပြီ"ဟုပြောသောကြောင့် နောက်လှည့်ကြည့်လိုက်တော့ အမာန်ကရှိမနေ။ လှည့်ကြည့်နေသည်ကို အကြောင်းပြုကာ  ထွက်ပြေးသွားသော မိုးထက်ကိုပြန်ကြည့်တော့ ပြောင်ပြကာ အခန်းထဲ ဝင်သွားလေသည်။ ကျွန်တော်တော့ ခေါင်းယမ်းကာပြုံးမိပါတော့သည်။ 

_____________&____________

//ဟူး တော်ပါသေးတယ် မဟုတ်ရင် ငါ့ကိုကြီးပုံ
တွေမြင်သွားတော့မယ်// တစ်နာရီတောင် မပြောနဲ့ နာရီဝက်တောင်မရှိသော ထိုတွေ့ဆုံခဏလေးက မိုးထက်အတွက်တော့ ထိုအကိုကြီးပုံရိပ်တစ်ခုချင်းဆီကို အလွတ်ကျက်ရန် လုံလောက်ခဲ့ပါသည်။

အခုလဲ ကျောင်းကအပြန် လမ်းထိပ်မှ ငရုတ်သီး‌ကျော်မှုန့်ဝင်ဝယ်ခဲ့ရန် ပြောသောကြောင့် ဝင်ဝယ်ပြီး အထွက် တွေ့လိုက်ပါပြီ ကျွန်တော့်ရဲ့ မာနမင်းသားလေး ။ဒီနေ့တော့ အရင်နေ့နဲ့မတူဘဲ အမဲရောင်shirtလေးနဲ့လဲ တစ်မျိုးကြည့်ကောင်း‌ေနပြန်ပြီ။ရင်နှီးရန် တွေ့သမျှအကြံအကုန်ထုတ်တော့ ထွက်လာတဲ့အကြံအရ မောင်းလာတဲ့ကားရှေ့သာ တည့်တည့်ဝင်တိုးမိတော့သည်။အမြတ်ကြီးကြီးရချင်ရင် အရင်းကြီးကြီးရင်းရမည်မဟုတ်ပါလား ။
ကျွန်တော်ကတော့ ‌ကားရှေ့မှာ ပုံပြီးလဲကျနေသော ကိုယ့်ကို ဖေးကူမည်ထင်ခဲ့သော်လည်း တကယ်ကြုံလိုက်ရသည်ကတော့

"ဟေး ချာတိတ် ကားတစ်စီးလုံးလာတာမမြင်ရအောင်မင်းကန်းနေလား
ဒါကား တိုက်ရင်သေတတ်တယ်"
မျှော်လင့်ထားသည်နှင့်တစ်ခြားစီပင် အမှန်တော့ မျော်လင့်ထားတဲ့ကျွန်တော်ကိုက မှားတာပါ ကြိုက်မိကတည်းက ဒီbad boyလေးဘဲမလား

ဆူးနစ်လေသောWhere stories live. Discover now