အပိုင်း-55(ဇာတ်သိမ်းပိုင်း)

503 11 0
                                    

ဆူးနစ်လေသော
Unicode :;
အပိုင်း-55(ဇာတ်သိမ်းပိုင်း)

မိုးရာသီကနေ ဆောင်းရာသီသို့ ကူးပြောင်းလာလေပြီ ။  အရာအားလုံးက ပြောင်းလဲသွားသော်လည်း မပြောင်းလဲသည်မှာ ဒီကုတင်ပေါ်က လူကြီးသာ။ အခုလဲ လူကြီးကို ရေပတ် တိုက်ပေးပြီး ခနအကြာမှာ  အမာန်တို့ ညီအကိုရောက်လာလေသည်။

" မုန်းလေး နားဦးလေ ဒီကောင်ဖြစ်ကတည်းက တစ်ရက်မှ အေးဆေးမနားရသေးဘူးမလား"

ဟု ဆိုကာကိုထက်ယံရဲ့ ဂရာဏာ။စကားကို အပြုံးဖြင့်သာတုံပြန်လိုက်သည်။  

"ဟုတ်သားဘဲ အဆက်ရယ် နားပါဦး ငါတို့စောင့်ပေးမှာပေါ့ မင်းလူကြီးနိုးလာရင် ငါတို့မင်းကို အကြောင်းကြားမှာပေါ့ကွ "

"ဟင့်အင် လူကြီးက နိုးလာရင် ငါ့ကို အရင်မြင်ချင်ရှာမှာကွ အဲ့တာကြောင့် ငါအဆင်သင့်ရှိနေပေးရမယ် အခုလိုဖြစ်တာတောင် လူကြီးက ငါ့ဆီ လာရင်း.."

ဘယ်လောက်ကြာကြာ လတ်ဆက်နေသော ဒဏ်ရာတို့က ပြန်ပေါ်လာပြီး ထိုးနှက်နေသောကြောင့် မျက်ရည်စတို့က ထွက်ပေါ်ခဲ့ပြနါသည်။

"ငါ့ဆီကိုသာ မလာခဲ့ရင် လူကြီးက အခုလိုဖြစ်မှာ မဟုတ်ဘူးကွ "

ဟု ဆို မလှုပ်ရှားနိုင်သည့် လူကြီးလက်ကို ဆုပ်ကိုင်လိုက်ပြီး

" အမာန် ငါဟာလေ ဂြိုလ်စိုးလားပဲနော် ငါသာ ဖြေရှင်းနိုင်ခဲ့ရင် အကုန်အဆင်ပြေနိုင်ပေမယ့် အခုတော့ ငါ့ကြောင့်နဲ့ မိုးထက်အပြင် အခုတော့ လူကြီးပါ" 

"ဆက်မပြောနဲ့တော့ အဆက် မင်းဘာလို့ မင်းကိုယ်မင်းဘာလို့အဲ့လိုထင်ရတာလဲ ငါပြောမယ် မိထက်ဖြစ်ခဲ့တာ ဟိုကောင် လူစိတ်မရှိလို့ မင်းလူကြ အခုလိုဖြစ်တာက သူ့အိမ်က လူကြီးတွေရဲ့ အတ္တကြောင်ဘ မင်းက အပြစ်ကင်းပါတယ်ကွာ မင်းစ်းစားကြည့် မင်းမရှိရက် မိုးထက်တို့ မိသားစု ဘယ်လိုလုပ်မလဲ မင်းမရှိရင် မင်းဟိုတယ်ဝန်ထမ်းတွေ ထမင်းငတ်ကုန်မှာပေါ့ အဲ့တာကြောင့် အဲ့ဒီလိုကြီးမတွေးစမ်းနဲ့ကွာ " 

လေးလေးနက်နက် တရားချအပြီး

" မိုးဦး‌ေလးကတောင် ပြောနေသေးတယ်   သူ့ကိုကြီးမုန်းကို  မမြင်တာကြာတော့ လွမ်းလို့တဲ့လေ "

ဆူးနစ်လေသောWhere stories live. Discover now