အပိုင်း-38

130 8 0
                                    

ဆူးနစ်လေသော
Unicode:;
Part-38

အိမ်ကိုပြန်ရောက်သည်နှင့် အဖေ့ကို လိုက်ရှာတော့ စာကြည့်ခန်းထဲမှာ သူ၏မယားကါသားနှင့် စကားပြောနေသော အဖေကို တွေ့ရသည်။ တံခါးမခေါက်ပဲဝင်လိုက်မိသောကြောင့်
"တံခါးခေါက်ရမှန်းမသိဘူးလား "ဟု အရင်ဦးဆုံး အငေါက်ခံလိုက်ရ၏။ ကျွန်တော်ဝင်လာသည်နှင့် အာဏာမြင့်မြတ်က ထွက်သွားလိုက်သည်။ ပြီးမှ အဖေ့ဆီက
"ပြော ဘာကိစ္စမို့ တံခ့းခေါက်ဖို့ထိမေ့နေရတာလဲ "
"အဖေ့ မိုးထက်.."စကားတောင် ဆုံးအောင်ပြောခွင့်မပေးပါ။
"အဲ့တာ မင်းနဲ့မဆိုင်ဘူး မင်းကိစ္စမင်းလုပ် "
"ဘာလို့မဆိုင်ရမှာလဲ မိုးထက်က ကျွန်တော့်သူငယ်ချင်း ပြီးတော့ သူက အဖေ့သားကြောင့်.."
စားပွဲပေါ်သို့ ဘောပင်ချသံသည် ကျွန်တော့်၏စကားသံကို ဖြတ်ချလိုက်သည်။

"အေး အဲ့တာကြောင့် ဒင်းတို့ကို ငါက ပိုက်ဆံပေးလား မပေးဘူးလား သူတို့သာ မရှိမာနလုပ်လို့ ဒီအထိဖြစ်လာတာလေ သူတို့သာ သိုသိုသိပ်သိပ် လုပ်ခဲ့ရင် ငါတို့ဘက်ကလဲ သေချာညှိုနှိုင်းလို့ရသေးတယ် အခုတော့
ဘာလဲ မင်းက ဘာမဟုတ်တဲ့ သူစိမ်းဘက် ပါပြနေတာလား ငါ့ရှေ့မှာ "
"သူတို့က ဘာမဟုတ်တဲ့သူတွေမဟုတ်ဘူး ကျွန်တော့်အတွက် မိသားစုလိုလူတွေ အဖေ့ဆီက မရတဲ့ မေတ္တာတွေ ဂရုဏာတွေ ကို သူတို့လို ဘာမဟုတ်တဲ့ သူစိမ်းတွေဆီက ကျွန်တော်ရခဲ့တာ အဲ့တာတွေ သိလား အဲ့တာကြောင့် အနည်းဆုံး သူတို့ကို သူတို့ဘာသာပေးနေလိုက်ပါ ။ ကျေးဇူးပြုပြီး သူတို့စွဲထားတာ ပယ်ဖျက်ပေးပါ။ "

"ဒီအိမ်မှာ ဘယ်တုန်းက မင်းအာဏာရှိသွားတာလဲ ငါ့ကို အဲ့ဒီလိုလာပြောနေရအောင် မင်းအဆင့်က ဘာမို့လို့လဲ"
အမှန်ပါ ကျွန်တော်မှာ ထိုသို့ပြောနိုင်‌ေသာအာဏာမရှိပါ။ ထို့ကြောင့် ကျွန်တော့်ရဲ့နောက်ဆုံးလုပ်နိုင်စွမ်းလေး ထုတ်သုံးရတော့သည်။ ကျွန်တော့်ရဲ့ ဒူးနှစ်ဖက် ကြွေပြားနှင့် ထိကပ်ကာ
"ကျွန်တော်တောင်းဆိုနေတာပါ အခုလို ဒူးထောက်ပြီးတော့ကို တောင်းဆိုနေတာပါကျေးဇူးပြုပြီး မိုးထက်တို့ မိသားစုကို စွဲထားတဲ့အမှုကို ရုတ်သိမ်းပေးပါ။ "  ပြောပြီးသည်နှင့် ငုံထားသော ခေါင်းကို ပြန်လည်မော့ကာ
"အကယ်၍ အခုလိုတောင်းဆိုတာက အလုပ်မဖြစ်ဘူးဆိုရင် ကျွန်တော် ခြိမ်းခြောက်မှာပါ အဖေ့ပတ်ဝန်းကျင်ကလူတွေက ကျွန်တော်ရှိတာပဲသိပြီး ကျွန်တော့်ကို မမြင်ဖူးဘူးမလား ပြီးတော့ ကျွန်တော့်အမေ..."
ခေါင်းပေါ်ကို ပျံလာတဲ့ စာအုပ်တစ်အုပ် ။ ထိုစာအုပ်၏ ထောင့်စွန်းကြောင့် ကျလာသော ကျွန်တော့်နဖူးပေါ်က သွေးစက်များက တစ်ဖြည်းဖြည်းလှိမ့်ဆင်းနေ‌သည်။
"မင်း လုပ်ရဲလား "
ဒူးထောက်ထားသော ခြေထောက်တို့ကို ပြန်လည်တည့်မတ်ပြီး
"မယုံရင် စမ်းကြည့်နိုင်တယ် ။ မနက်ဖြန် မနက်ထိပဲ စောင့်ပေးမယ်"
ကျွန်တော့်ရဲ့အားနည်းချက်သည် သူ၏အားနည်းချက်ပင်ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ်ဆွဲချရမယ်ဆိုလျှင်တောင် မိုထက်တို့မိသားစုကိုတော့ ကာကွယ်ရမည်။ မိုးထက်၏ နောက်ဆုံးဆန္ဒကို အတတ်နိုင်စွမ်းဖြည့်စည်းပေးမည် ။
တကယ်အလုပ်ဖြစ်သည်ထင်ပါတယ် နောက်နေ့ အမှုပယ်ဖျက်ကြောင်းကို လက်ခံရရှိသည်ဟု သတင်းလာမှ ကျွန်တော်လဲ သက်ပြင်းချနိုင်တော့သည်။
ကျွန်တော့်အဖေဆိုတာ လုပ်တုန်းကတော့ လုပ်ထားပြီး ဂုဏ်သိက္ခာဆိုတာကြီးကိုတော့ တော်တော်အလေးထားတတ်သည့် လူစားပင်ဖြစ်သည်။

ဆူးနစ်လေသောWhere stories live. Discover now