အပိုင်း-32

89 7 0
                                    

ဆူးနစ်လေသော
Unicode:;

Part-32

"အမာန် ဘာဖြစ်လို့လဲ "

"ငါ့ mommy နဲ့ daddy ကား accidentဖြစ်လို့ ဆေးရုံမှာတဲ့ ငါ့အကိုတစ်ဝမ်းကွဲဖုန်းဆက်တယ်"

"ဘာာာ"
လာသွားမယ်ဆေးရုံကို"ဟုပြောပြီး အမာန်ကိုလက်ဆွဲကာ  အဆက်ကသာ ဦးဆောင်ပြီး taxiငှားးပေးလေသည်။ ကျွန်တော်ကတော့ ကိုကိုဆီကိုသာ ဖုန်းဆက်ပြီး စိတ်ပူနေသောအကြောင်းအရာက ဒီနေရာတွင်သာ ပြီးပြတ်ခဲ့ပါသည်။ တစ်နေကုန် ခွဲစိတ်ခန်းရှေ့ အမာန်နဲ့အတူတူ နေ‌ပေးခဲ့ကြပြီး  သူ့အကိုဆိုသောသူနှင့် သူငယ်ချင်း ရောက်လာမှ

"ငါ့ညီတို့ကျေးဇူးပဲကွာ အကိုကလဲအလုပ်ကိစ္စနဲ့ ဖုန်းပိတ်ထားတော့ အခုသိသိချင်းလာခဲ့တာပဲ
ကောင်းထက်ကော အခြေအနေ အဆင်ပြေလား"

"ဟုတ်ရပါတယ်အကို အမာန်က အခုတော့ အဆင်ပြေပါတယ် "

"ညီတို့လဲပြန်တော့လေ အကို့သူငယ်ချင်းကို လိုက်ပို့ခိုင်းပေးမယ်

ငြိမ်းမင်းရေ ကလေးတွေကို လိုက်ပို့ပေးဦး"

"အေးပါကွာ"ဟုပြောပြီး အမာန်အကိုရဲ့ ပုခုံးကိုပုတ်ကာ ကျွန်တော်တို့ကို လိုက်ပို့ပေးခဲ့တယ်လေ။ ကားပေါ်ရောက်မှပဲ

"မိုးထက် မင်းလူကို‌ေပြာပြီးလားငါသူ့ကိုမေ့သွားတာ"

"မေ့သင့်ပါတယ် အမာန်ကိစ္စက ပိုအရေးကြီးတာကို ငါ့လူကိုစိတ်ပူ‌မနေနဲ့ ငါဖုန်းဆက်ပြီးပြီ"

နောက်ခန်းမှထိုင်ပြီး လူကြီးလေးလိုသပ်သပ်ရပ်ရပ်နဲ့ကောင်လေးကို သဘောကျမိပါသည်။ ဆေးရုံမှာလဲ သူပဲ အစစအရာရာလိုက်လုပ်ပေးနေသောကြောင့် လူကြီးလေးအတိုင်းပင် ။ စကားတော့ မပြောဖြစ်ခဲ့ ။

"ငါ့ညီတို့ရောက်ပြီ "လို့ပြောပြီပြီးချင်း နှစ်ယောက်စလုံးဆင်းသွားသောကြောင့်

အပြာရောင် hoddieလေးနဲ့ သပ်သပ်ရပ်ရပ်ကောင်လေး၏ မျက်လုံးကို ဆုံကာ "ငါ့ညီပြန်တတ်လေ မင်းအိမ်လဲလိုက်ပို့ပေးမှာပေါ့ "

"ရတယ်အကို ကျွန်‌ေတာ်ဝင်ယူစရာလေးရှိလို့ ကျေးဇူးပဲနော်အကို"ဟုပြောပြီး အိမ်ထဲကို ဝင်သွာ‌းသည်အထိကြည့်ပြီးမှ  ကျွန်တော်လည်း ဆေးရုံကို ပြန်လာခဲ့ရပါတော့သည်။

ဆူးနစ်လေသောOn viuen les histories. Descobreix ara