အပိုင်း-48

127 8 0
                                    

ဆူးနစ်လေသော
Unicode:;
အပိုင်း-48

ကျွန်တော်ရောက်သွားသည်နှင့် စာပွဲခုံပေါ်မှောက်နေသော ငြိမ်းမင်းကို လှုပ်နှိုးလိုက်တော့
"သားကြီး ငါ ဘယ်လိုလုပ်ရမလဲဟင် ငါ ..ငါအခုအရမ်းပြိုလဲနေပြီ "
မြင်မြင်ချင်းပြောသည့်စကားကြောင့် ရင်ထဲမကောင်း။ ကျွန်‌ေတာ့်သူငယ်ချင်း ကျွန်တော့်ရေှ့တွင် ယခုလိုပြိုလဲနေခြင်းသည် ဒုတိယအကြိမ်မြောက်သာ ဖြစ်သည်။ နှစ်ကြိမ်လုံး၏ အကြောင်းပြချက်မှာလဲ ထိုကောင်လေးကြောင့်ပဲဖြစ်နေပြန်သည်။ ဘာတွေ လုပ်ပေးမှပဲ ကျွန်တော့် သူငယ်ချင်းတစ်ယောက် အဆင်ပြေနိုင်မလဲ ။
"ဟျောင့် မင်းရူးနေလား ဘာမှမဟုတ်တဲ့ ချာတိတ်တစ်ယောက်ပြောတဲ့ မချစ်တော့ဘူးဆိုတာလေးနဲ့ မင်းဒီလောက်ထိဖြစ်နေရအောင် မင်းရူးသွားတာလားဟမ်"
ကျွန်တော်ပြောတာကိုနားထောင်ပြီးသည်နှင့် အသက်မရှိသောမျက်လုံးများဖြင့်
"ဟုတ်တယ် မင်းပြောတဲ့ ဘာမှမဟုတ်တဲ့ချာတိတ်တစ်ယောက်ကြောင့် မင်းသူငယ်ချင်းငါရူးနေပြီကွ "

"ငါဘယ်လိုလုပ်ရမလဲ ငယ်မရှိရင် ငါရူးသွားလိမ့်မယ် မဟုတ်ဘူး အသက်ပါ ပါသွားမလားမသိဘူးဟ ဟား ဟား  " 
မျက်ရည်တွေကြက အသက်မပါသော ရယ်သံအကျယ်ကြီးက ခြောက်ကပ်ကပ်နိုင်စွာပင်။

ခဏငြိမ်သွားပြီး ရုတ်တရက် ကျွန်တော့် ပုခုံးကို လှုပ်ရမ်းကာ မျက်လုံးများက အ‌‌ေရာင်လင်းလက်နေပြီး
"မင်းညီ ဟုတ်သားပဲ မင်းညီရှိတာပဲ
သူက ငယ့်သူငယ်ချင်းမလား ငယ့်ကိုမေးခိုင်းပေးပါလားဟင် သူ့ကိုဆိုငယ်ကပြောပြလောက်မှာ ငယ့်မှာအခက်အခဲတစ်ခုခုရှိလို့နေမှာပါ ဟုတ်တယ်  အဲ့တာ မင်းငါ့ကို ကူညီစမ်းပါကွာ သူငယ်ချင်းရာ နော်ဟျောင့် " လုံးဝကို မူးကာ မျက်ရည်စီးကြောင်းများဖြင့် အရူးတစ်ယောက်လိုပြောလာသော သူငယ်ချင်းအရင်းကြီးကို မျက်ကွယ်မပြုနိုင်သောကြောင့်

"ဟုတ်ပြီ ငါပြောပေးမယ် အရင်ဆုံး မင်းအိပ်တော့ ဟုတ်ပြီလား လာ "
ဟု ပြောကာ သူ့ကို သယ်ပြီး ခုတင်ပေါ်တင်ပေးတော့ သူပြောလာသော
"ငါအိပ်လိုက်ရင် ငယ်က ငါ့ကို အိမ်မက်ထဲမှာ မောင်းထုတ်မှာကွ" 

ဆူးနစ်လေသောWhere stories live. Discover now