2

749 113 4
                                    

Unicode

အပိုင်း(၂)
တွဲဖက်အသစ်

❲ကူရို : .....??❳

ကူရို? ငါနဲ့သိခဲ့တဲ့သူများလား..ဘယ်သူပါလိမ့်..

သူ့နာမည်ကို နှိပ်ကြည့်လိုက်ရာ စခရင်တစ်ခု ပရိုဖိုင်နှင့်အတူ တက်လာ၏။

စုဆောင်းမှု အဆင့် 101

လက်မှု အဆင့် 100

တိုက်ခိုက်မှု အဆင့် 100

အိမ်အဆင့် 20

အင်း....ရပါပြီ ဒီလောက်ဆို....

❲ဟာရု : ဟုတ်ကဲ့..ကူရို ကျေးဇူပြုပြီး ကူညီနိုင်မလား မသိဘူး❳

❲ကာဘိုင်း : ကူရို ရတယ်မလား?❳ 

❲ကူရို: ရပါတယ်...❳

သီးသန့်စကားပြောခန်းထဲသို့ စာတစ်စောင်ရောက်လာသည်။

❲ကူရို : ရေကန် လမ်း ကိုလာခဲ့ပါ❳

ပါဆာ မြို့၏ မြေပုံကိုနှိပ်လိုက်သည်။

ရေကန်လမ်း....အင်း..

ရာသီအသစ်ပြောင်းထားခြင်းကြောင့်ဖြစ်မည်။ အရင်က မြေပုံနှင့် မတူတော့ပေ..ပို၍တောင် ရှုပ်ယှက်ခက်နေသည်။

အာရုံစိုက်..အာရုံစိုက်..တွေ့ပြီ...!
မြို့တော်ရဲ့ ရဟတ်ယာဉ်ဘေးက ဂိတ်ပေါက်‌ကနေ နည်းနည်းတန်းတန်းသွားလိုက်ရင်ရပြီပဲ..!

ရဟတ်ယာဉ်ဆီ အော်တိုရောက်စနစ်ဖြင့် အရင်ဆုံးသွားလိုက်သည်။ပြီးနောက် ဂိတ်ပေါက်အထွက်လမ်းတစ်လျှောက်ကို ဆိုင်ကယ် စီးသွားလိုက်သည်။

သူ့ခြံရှေ့သို့ရောက်ပြီ။ ခြံတံခါးကိုတွန်းဖွင့်လိုက်သည့် တစ်ပြိုင်နက်

[KURO မှကြိုဆိုပါသည်။]

တုံးလိုက်သည့် အိမ်နာမည်ပင်...

မလှမ်းမကန်းတွင် စီမံခန့်ခွဲမှုသေတ္တာပုံးနား
မတ်တပ်ရပ်နေသော ကူရို ဆိုသူအားတွေ့လိုက်ရ၏။သူ့နားသို့လျှောက်သွားရင်းမှ တစ်စုံတစ်ခုအားသတိရလိုက်သည်။

အ...တစ်ဖက်ကသူနဲ့ ခင်မင်ရင်းနှီးမှုအမှတ် 300ရှိမှ တွဲဖက်ထားလို့ရမှာလေ..သူနဲ့က သူစိမ်းအဆင့်ပဲရှိသေးတယ်မလား....အသင်းဖွဲ့ပြီး ဧရိယာရှင်းလင်းမှုတစ်ခုလောက်လုပ်မှ...

Love in VR❲Completed❳Where stories live. Discover now