25

472 101 6
                                    

                        အခန်း(၂၅)
                         စီနီယာ (၄)

"ဟဲ့ရေ..သတင်းကြားပြီးပြီလား?!!"

"အေး ငါသိတယ် ငါသိတယ်...!!"

"တကယ် မထင်ရဘူး.."

"အေးဆို..ငြိမ်နေတဲ့သူတွေက ပိုပြီးကြောက်ဖို့ကောင်းတယ်ဆိုတာ ဒါမျိုးပါလား.."

"ဒါနဲ့လေ ဟိုတစ်ယောက်က တကယ်ကြီး သေသွားတာလား?"

"အေး အဲ့တာတော့ ငါလည်း သေချာမသိဘူး...တချို့သူတွေပြောတာတော့ သတိပြန်မရတော့တာ ဆိုလား..?ဒါပေမယ့် တော်တော်များများ‌ ပြောကြတာတော့ ‌သေသွားတာတဲ့..."

"အို.."

"ပြီးတော့ နောက်တစ်ခု ထပ်ကြားထားတာရှိ‌ သေးတယ်"

"ဟေ?ဘာလဲ?ဘာလဲ?"

"သေသွားတာကို သတင်းဖုံးလိုက်တယ်ဆိုလားပဲ?"

"‌အိုး မိုင် ဂေါ့"

"အင်း.."

"ဒါပေမယ့် ငါတော့ မဖြစ်နိုင်ဘူးလို့ထင်တယ်..အဲ့လိုဖုံးဖို့ဆိုရင် ငွေ ဒါမှမဟုတ် အာဏာ ဘာညာလိုတယ်လေ..ဟိုတစ်ယောက်က ..သူက..အဲ့လိုမျိုးမှ မရှိတာ.."

"နင်..ပထမနှစ်မှာ စောက်ရမ်းချမ်းသာတဲ့ အသိုင်းအဝိုင်းက လာတဲ့ ကလေးတစ်ယောက်ရှိတယ်ဆိုတာ သိတယ်မလား...?"

"အင်း..နေ့တိုင်း ဟို ကားအရှည်ကြီး စီးစီးပြီလာတဲ့ သူမလား? သူ့မိဘတွေက တစ်ကမ္ဘာလုံးမှာ နာမည်ကြီးနေတဲ့ ဟိုကုမ္ပဏီလေ..အာ..ငါ လိုက်မမှီတော့ဘူး.. အဲ့ကုမ္ပဏီရဲ့ ရှယ်ယာ တစ်၀က်ကို ပိုင်ထားတယ်ဆိုလား..? "

"အင်း သူတို့သာဆိုရင် ဘယ်သတင်းကိုမဆိုဖုံးဖို့ အေးဆေးပဲမလား.?"

"အေးပေါ့..ဒါပေမယ့် ဒီကိစ္စက သူတို့နဲ့ဖြစ်တာမှမဟုတ်တာ.."

"နင် ကြားထဲ ဟိုသတင်းမကြားမိဖူးလား?"

"ဟမ်..?ဟမ်?? ဘာတွေတုန်း? ငါဘာတွေလွတ်သွားပြန်တာတုန်း..ပြောပါဦး..!!"

"ပထမနှစ်က အဲ့ကလေးကို ဟိုတစ်ယောက်က မြူစွယ်ထားတာတဲ့..ချမ်းသာလို့လေ..နှစ်ယောက်သား ငြိနေကြတာလည်း နှစ်၀က်လောက်တောင် ရှိပြီဆိုပဲ..ပြီးတော့  အဲ့ကလေးလည်း ရှိနေခဲ့တယ်တဲ့ အဲ့နေရာမှာ.. ဟိုတစ်‌ယောက်ကို အနောက်ကနေဖက်ထားတာဆိုလား"

Love in VR❲Completed❳Where stories live. Discover now