4

562 105 2
                                    

Unicode

အပိုင်း (၄)
တစ်‌နေ့တာ (၂)

[ညွှန်ပြထားသော ခံတပ်နေရာသို့သွား၍ ဖုတ်ကောင်များအား ကူညီတိုက်ထုတ်ပေးရန်]

တာ၀န်ပေးသည့်နေရာများမှ တာ၀န်ပေးလျှင် ပုံမှန်အများအားဖြင့် တာ၀န်သုံးခု ပေးတတ်သည်။ သို့သော် ယခုတာ၀န်သည် တခါတလေမှသာရတတ်သော အ‌ရေးပေါ်တာ၀န်ဖြစ်သည်။ ထိုတာ၀န် ရလာလျှင် ထိုတစ်ခုတည်းကိုပင် ပြီးမြောက်အောင် လုပ်ချင်းဖြင့် တာ၀န်သုံးခုစာ ဆုကြေးကိုရနိုင်ပေသည်။ တခါတည်း ရွှေတုံး 2610ရမည်ဖြစ်သည်။

အချိန်ကုန် သက်သာတာပေါ့...

ထိုခံတပ်နေရာသို့သွားကာ ခံတပ်မှူးနှင့် စကားပြောရသည်။ ဘာပြောသွားမှန်းလည်းနားမလည်လိုက်ပေ..စကားပြောတွေအား ကျော်ချကာ သင့်တော်မည့်နေရာ တစ်နေရာတွင် နေရာယူထားလိုက်သည်။

3..2..1

[ဖုတ်ကောင် ပထမလှိုင်း]

[ရှင်းလင်းရမည့် ဖုတ်ကောင် အရေအတွက် 8ကောင်]

ဝူးဝူးဝါးဝါး နှင့် ဖုတ်ကောင်အသံများအားကြားရသည်။ ထိုဖုတ်ကောင် အဆင့်များအား ကြည့်လိုက်သော်..

81

...

သို့သော် မျက်တောင်တစ်ခတ်စာ အချိန်တွင်
ပင် အကုန် ပျောက်သွားကြပြီဖြစ်သည်။

ကြယ်2လုံးအဆင့် မီးမှုတ်စက်..

အထူးကျွမ်းကျင်မှုကို ဗိုင်းရပ်စ်ယူထားသူတစ်ယောက်အနေဖြင့် သေနတ်တိုင်းတွင် အဆိပ်ထည့်ပစ်လို့ရသည်။ အဆိပ်အဆင့်မြင့်လေ ထိခိုက်ပျက်စီးမှု ပမာဏ များများပေးနိုင်လေဖြစ်သည်။ မီးမှုတ်စက်နှင့်ပေါင်းလိုက်သော် ထို8ကောင်မှာ ခြင်သတ်ရ‌သလောက်ပင် မရှိပေ။

[ဖုတ်ကောင် ဒုတိယလှိုင်း]

[ရှင်းလင်းရမည့် ဖုတ်ကောင်အရေအတွက် 15ကောင်]
.
.
.

[ဖုတ်ကောင် နောက်ဆုံးလှိုင်း]

[ရှင်းလင်းရမည့် ဖုတ်ကောင် အရေအတွက် အကောင် 30]

.

.

.

ဝှီး....အဆင့် 81ရှိတဲ့ ဖုတ်ကောင်တွေ..
တော်တော်မှုတ်ယူလိုက်ရတယ်..

Love in VR❲Completed❳Where stories live. Discover now