9

527 105 6
                                    

                          အခန်း(၉)
                            သုခဘုံ

ကူရိုတစ်ယောက် ထိုနေ့ကတည်းက လိုင်းမတက်လာတော့ပေ...ကိုယ်သည်လည်း ထိုကိစ္စအား ပြန်မစဉ်းစားမိစေရန် ပုံမှန်လုပ်စရာရှိတာသာ ဆက်လုပ်ရန်ပြင်ဆင်၏။

..mm..ရွှေတုံးတွေဘယ်လောက်ရှိနေပြီလဲ ကြည့်ဦးမှ..

ရွှေတုံး 110k

အိုကေ.. အိမ်အဆင့်မြှင့်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ သွား၀ယ်ရမယ်..ဒီအချိန် ကုန်သွယ်ရေး မြို့တော်တွေ ဖွင့်လားမသိဘူး..တီဗီက ၀ယ်ရင် အခွန်ကြီးတယ်ဆိုတော့..

ကုန်သွယ်ရေးမြို့‌တော်များသည် မြို့တော်အသီးသီးမှ မြို့သူမြို့သူသားများ‌ ရောင်းချင်၀ယ်ချင်သည့် ပစ္စည်းများအား အခွန်သက်သာစွာဖြင့် အရောင်းအ၀ယ်ပြုလုပ်နိုင်သည့် နေရာပင်ဖြစ်သည်။

ရဟတ်ယာဉ်သို့ အမြန်ရောက်စနစ်ဖြင့်သွားလိုက်၏။ ကုန်သွယ်ရေး မြို့တော် သုံးမြို့မှ
'သွေး'ဆိုသည့် မြို့တော်သို့ သွားရန်ရွေးလိုက်၏။

[သွေး မြို့တော်မှ ကြိုဆိုပါသည်။]

[မြို့တော်၀န် 'ဖက်ခ်ယူ' ]

...

အမြန် ဈေးရှိရာနေရာသို့သွား၏။ ထိုစဉ်  ကြော်ငြာပြထားသော အထူးလျှော့ဈေးဖြင့် သေနတ်များကိုတွေ့လိုက်၏။ ထိုထဲမှ မျက်စိကျနေသော သေနတ်တစ်လက်ရှိသည်။‌‌တန်ဖိုးမှာ ရွှေတုံး95kဖြစ်သည်။အချက်အလက်များအား ကြည့်လိုက်သော် ကိုယ့်တိုက်ခိုက်ရေးအဆင့်နှင့် ကိုက်ညီသော သေနတ်ဖြစ်သည်။ ထို့အပြင် ကြယ်5လုံးအဆင့်ဖြစ်သည်။ ပုံမှန်အားဖြင့် ကြယ် 5လုံးအဆင့် သေနတ်များသည် အရည်အသွေးကောင်းကြသောကြောင့် အလွန်ဈေးကြီးကြသည်။ အနည်းဆုံး ရွှေတုံး 360k နှင့်အထက်ရှိကြသည်။

လိုချင်တယ်..ဒါပေမယ့်..ဟင်း..

သက်ပြင်းသာချကာ အိမ်အဆင့်မြှင့်ရန် လိုအပ်သည့် ပစ္စည်းရောင်းသည့် ဘက်သို့သာ ဦးတည်လိုက်၏။

ပစ္စည်း၀ယ်ပြီးသော် ကိုယ့်မြို့တော်သို့ ပြန်မည်ပြင်သည်။ ထိုစဉ် တစ်စုံတစ်ယောက်နှင့် ၀င်တိုက်မိ၏။ထိုတစ်ယောက်သည် သူနှင့်တိုက်မိသော ကိုယ့်အားမြင်လိုက်သော် ၀မ်းသာအားရစွာဖြင့် လာဖက်၏။ ကေးပင်။

Love in VR❲Completed❳Where stories live. Discover now