20

482 105 9
                                    

                         အခန်း(၂၀)
                တစ်ယောက်အိပ် ကုတင်

‌လှလိုက်တာ....ကုတင်တစ်လုံးပဲ ထားထားတာ အဆင်ပြေသားပဲ..

ကိုယ့်ခြံထဲရှိ ကုတင်ပေါ်တွင် လှဲနေကာ ကောင်းကင်ကြီးအား ကြည့်နေ၏။

[သင်၏ တွဲဖက် 'ကူရို' လိုင်းတက်လာပြီဖြစ်သည်။]

အချက်ပေးသံကြားကြားချင်း ကိုယ့်အောက်တွင် တစ်စုံတစ်ရာမာမာကြီးအား ခံစားလိုက်ရ၏။ ထို့အပြင် ကိုယ်သည်လည်း မူလလှဲနေသည့်နေရာမှ အနည်းငယ်မြင့်တက်သွားသလိုပင်..

အလန့်တကြားဖြင့် လှဲနေရာမှ ထရန် ပြင်၏။သို့သော် လက်တစ်စုံသည် ကိုယ့်အား ပြန်ဆွဲလိုက်ကာ မှောက်ရက် ပြန်လဲသွား၏။

ချီး...

[ကူရိုသည် သီးသန့် အသံချိတ်ဆက်မှု အား ဖွင့်လိုက်သည်။]

"တွေ့လား?..နှစ်ယောက်အိပ်လို့ရသားပဲ"

"မင်းကို ဘယ်သူမေးနေလို့လဲ..?"

"ဒီ အတိုင်းသက်သေပြတာ"

"အဲ့တာဆို ငါ့ကို ဖက်ထားတာလွှတ်တော့.."

"မလွှတ်ဘူး..ဒီအတိုင်းပဲနေဦး.."

"မရဘူးလေ ကူရို ..ငါအသက်ရှုကြပ်နေပြီ..အနည်းဆုံးငါ့ကို ပုံစံပြောင်းခွင့်ပေးဦး.."

ကူရိုသည် ဘေးသို့နည်းနည်းတိုးကာ ကိုယ့်အား သူ့လက်မောင်းပေါ်တွင် လှဲစေ၏။ကုတင်မှာ တစ်ယောက်အိပ်စာပင်ဖြစ်သောကြောင့် ကိုယ့်မှာ ခန္ဓာကိုယ်ကို စောင်းထားရ၏။

"ဒါလည်း အနေကြပ်တယ်"
ကိုယ့်စကားကြောင့် ကူရိုသည် ကိုယ့်ဘက်သို့ စောင်းလိုက်၏။

"ဒီလိုဆို ရပြီလား?"

ကူရိုသည် နောက်လက်တစ်ဖက်ဖြင့် ကိုယ့်အား သူ့ရင်ခွင်ထဲ ထွေးပွေ့လိုက်၏။

ဘလိုလုပ် ရမှာလဲ?...ငါ့မျက်နှာကြီး မင်းရင်ဘတ်ထဲထိ‌တောင် ၀င်တော့မယ်..

အမြန်လေရှူပေါက်ရှာရန် ‌ သူ့လက်မောင်းများကြားမှ မရမက ထိုးထွက်၏။ ထို့နောက် ကူရို၏ အကြည့်များနှင့်သွားဆုံ၏။

"အဲ့လိုကြီး စိုက်ကြည့်မနေနဲ့လေ.."

ကူရိုသည် ကိုယ့်နဖူးအား နမ်းလိုက်၏။ ပြီးနောက် ကိုယ့်ခါးအား တင်းကြပ်စွာ ဖက်ထားလိုက်‌သေးသည်။

Love in VR❲Completed❳Where stories live. Discover now