17

485 103 4
                                    

                        အခန်း (၁၇)
                     ပြည်ကြီးငါးကင်

"ရပြီ !!!! ဝေါင်း Koi ပဲ...!!!!"

[Koi ကို ဖမ်းမိသည့်အတွက် 'ကံကောင်းသူ' ခေါင်းစီးကို ရရှိထားပါသည်။]

"တစ်နေ့ ရွှေတုံး 1000စီ‌ ရတော့မယ် !! ရေးရေး! ကူရို ကော ဒီငါး ဖမ်းမိပြီးပြီလား??"

ကူရို တစ်ယောက် ငါးမြှားချိတ်ကို ကန်ထဲသို့ ပစ်လိုက်ပြီး နှာရှုံ့ကာ ပြောလိုက်၏။

"ကြာပေါ့.."

"ချီး..ပရိုတွေများ..ကေးရော?"

"ဟုတ် ကျွန်တော်လည်း ဖမ်းမိပြီးသွားပြီ.."

"ဟာ...တော်ချက်.."

"ဟီးဟီး.."

ကူရိုသည် ကေးအား မျက်စောင်းထိုးကြည့်လိုက်၏။ 'ကျွန်းဆွယ်' ဧရိယာရှင်းလင်းရေး၌ ကိုယ့်အား လာကယ်ရန် ကေးထက် ခြေတစ်လှမ်းနောက်ကျသွားသောကြောင့် အစာမကျေဖြစ်နေခြင်းဖြစ်သည်။

"ကာဘိုင်း !! အားပိုထည့်ဦး....!!ဒီလောက်ပဲလား?? အားမရလိုက်တာ!!"

ဘေးနားတွင် ရှင်းရီတစ်ယောက် ငါးအကြီးကြီး ‌တစ်ကောင်မိနေပုံပင်..တစ်ယောက်တည်း ဆွဲ မနိုင်၍ ကာဘိုင်းအား ကူဆွဲခိုင်းနေသည်။

"အေလန်..နင်ပါလာတော့ . ..!"

ရှင်းရီခေါ်သံကြောင့် အေလန်တစ်‌ယောက်လည်း ငါးမြှားနေရာမှ ထကာ ကူဆွဲပေးလိုက်၏။

"ဝါး...အယ်...??"

ရှင်းရီတို့ ဆွဲထုတ်လိုက်သည်မှာ သေတ္တာကြီးတစ်လုံးပင် ဖြစ်သည်။

"သေတ္တာထဲမှာ တစ်ခုခု အဖိုးတန်တာရှိမှာပါ.."

ရှင်းရီသည် ယုံကြည်ချက်အပြည့်ဖြင့် အများရှေ့တွင် သေတ္တာအား ဖွင့်လိုက်၏။

ခြောက်ယောက်သား စူးစမ်းလိုစိတ်အပြည့်ဖြင့် သေတ္တာထဲသို့ ဝိုင်းငုံ့ကြည့်ကြ၏။

"..."

"တွေ့လား အဖိုးတန်ပါတယ်ဆို..ဟားဟား..."

ရှင်းရီတစ်ယောက် အပြုံးမပျက်ပင် ဆက်ပြောလာ၏။ အေလန်သည် သေတ္တာထဲမှ လက်တံများစွာဖြင့် ကိုယ်တစ်ပိုင်းစာ အရွယ်အစား ရှိသော အကောင်တစ်ကောင်အား ကော်ထုတ်လိုက်၏။ ပြည်ကြီးငါးပင်..

Love in VR❲Completed❳Where stories live. Discover now