3

645 106 2
                                    

Unicode

အပိုင်း(၃)
တစ်နေ့တာ(၁)

ခြေထောက်နားသို့ အဖြူရောင်ပုံရိပ်လေးတစ်ခုကပ်လာ၏။

လပ်ကီး..?

မျက်၀န်းများကိုကြည့်လျှင် ဒီ‌ကမ္ဘာတွင် ကိုယ့်ကို အလွမ်းဆုံးသူမှာ သူတစ်‌ယောက်ပင်ဖြစ်သည်။

အာ...ငါ့ကိုတော်တော်လွမ်းနေမှာပဲ...‌တောင်းပန်ပါတယ်..ခနလေး..အိမ်မှာ ဘာရှိလဲ..နို့သောက်မလား?..ပျားရည်လည်းရှိတယ်..? အာ..အသားရော အရိုးရော..အကုန်ရှိတာပဲ ..ကြာတယ် အကုန်စားကွာ..

မည်သို့ပင် လူလုပ်ဖန်တီးထားသော အစစ်အမှန်မဟုတ်သော ခွေးတစ်ကောင်ပင်ဖြစ်နေပါစေ.. 8လကြာပျောက်ဆုံးသွားသော သူ၏တစ်ဦးတည်းသော သခင်ပြန်အလာကို မျှော်နေမည့် လပ်ကီးပုံစံအားမြင်ယောင်ကြည့်ကာ အပြစ်ရှိသည်ဟု ခံစားလိုက်ရသည်။

လပ်ကီး ဘေးနား ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ရှိသမျှ အစားအစာ ချကျွေး၍ လပ်ကီးလေးအား ဘေးကနေ ပွတ်သပ်ပေးနေကာ စိတ်ပျက်စွာဖြင့် နေရာတစ်ခုကို စိုက်ကြည့်နေမိသည်။ ကိုယ့်အိမ်ကို ရောက်နေသည်မှန်သော်လည်း.. မျက်စိရှေ့တွင် အိမ်နှင့်တူသောအရာတစ်ခုမှမရှိပေ။ အောက်ခံ သမံတလင်းတစ်မျိုးသာရှိနေသော ကွက်လပ်ကြီးတစ်ခုသာဖြစ်သည်။

ချီး..

ဒာရင် တွဲဖက်နှင့်တုန်းက မြို့တော်တွင် နှစ်ခြံပေါင်းစာ အကျယ်အ၀န်းရှိသော ခြံကွက်ကို‌၀ယ်ကာ အိမ်ကြီးတစ်အိမ်အဖြစ် တူတူနေခဲ့ကြသည်။ သို့သော် ယခု တစ်ယောက်တည်းပြန်ဖြစ်သွားသောကြောင့် ကိုယ့်မှာ နေစရာအိမ်မရှိတော့ပေ..

ဒီနေရာတွင် မလုပ်ချင်ဆုံးသော တတိယ‌မြောက်အရာမှာ အိမ်ဆောက်ခြင်းပင်ဖြစ်သည်..ပုံစံပြာထဲ‌တွင် အကြမ်းဖျင်းဆောက်ထား‌သော အိမ်တော့ရှိသေးလောက်မည်ထင်သည်။ သို့သော် ဒီအတိုင်း ဟင်းလင်းပြင်အတိုင်းသာ ထားချင်တော့သည်။

ဒီကို ပြန်လာကတည်းက ဘာမှလုပ်ချင်စိတ်ရှိမနေပေ..သို့ဖြင့်လျှင် ဘာကြောင့် သူဒီကို ပြန်လာရသနည်း.. သူလည်းမသိပေ.... အထီးကျန်သည့် ခံစားချက်ကို အပြင်လောကမှာတင် ခံစားနေရခြင်းကို မလုံလောက်သေး၍ ဒီနေရာထဲထိပင် လာ၍ ခံစားနေခြင်းများလားပင်။

Love in VR❲Completed❳Where stories live. Discover now