26

479 105 6
                                    

                      အခန်း (၂၆)
                  ကေး ဖွင့်ပြောခြင်း(၁)
                       
အမျိုးသမီးကြီးထွက်သွားပြီးနောက် တံခါးပိတ်လိုက်ကာ ပတ်၀န်းကျင်အား ခြုံငုံကြည့်လိုက်၏။သူ‌ရောက်ရှိနေသည့် နေရာမှာ လူတစ်ယောက်နေနေသေးသည့် အခန်းအတိုင်းပင်..ပစ္စည်းများသည်လည်း အရင်အတိုင်းရှိနေသေးကာ  အမေဖြစ်သူသည် သူ့သား၏ ဖုန်းက အစ အားသွင်းကာ ထားထားပေးသည်။ ဖုန်းဘေးနားသို့ကြည့်လိုက်သော် သူလာရင်းအကြောင်းဖြစ်သော head gearစက်လေးကို တွေ့လိုက်ရ၏။

တီ...

မျက်စိရှေ့တွင် ပေါ်လာသော စခရင်ပေါ်ရှိ ရွေးချယ်ချက်များကို ကြည့်လိုက်၏။

【ကာရိုက်တာ အသစ်ဖွင့်ရန်】

【ရှိပြီးသား ကာရိုက်တာထဲ၀င်ရန်】

ဒုတိယတစ်ခုအား ရွေးလိုက်သော် သူသိနေသော နာမည်တစ်ခုအား တွေ့လိုက်ရ၏။ head gear အား တပ်ဆင်ထား‌သော ကောင်လေးသည် ပါးပြင်ပေါ်သို့ ပြေးဆင်းလာသော မျက်ရည်များကို လက်ဖြင့် အမြန်ဟန့်တားလိုက်၏။ပြီးနောက် ထိုနာမည်အား နှိပ်လိုက်သော်

[သင်သည် 'ဟာရု'ကာရိုက်တာ ၏ ပိုင်ရှင် မဟုတ်ပါ..]

[ကာရိုက်တာ လွှဲပြောင်းခံထားရလျှင် မူရင်းပိုင်ရှင် 'ဟာရု' ၏ လက်မှတ်နှင့် လျှို့ဝှက်ကုဒ်အား ဖြည့်စွက်ပေးပါ]

တိတ်ဆိတ်‌နေသော အခန်းထဲတွင် ရှိုက်သံပါနေသော အသံဖွဲဖွဲလေးတစ်ခုထွက်လာ၏။

"အကို"

စက်အား ချွတ်ကာ အရုပ်ကြိုးပျက်ထိုင်ချလိုက်၏။

"ဒါပေမယ့် ဘလိုဖြစ်လို့.."

ထိုစဉ် ခုံပေါ်မှ တုန်ခါသံသေးသေးလေးတစ်ခုထွက်လာ၏။

ထကြည့်လိုက်သော် စီနီယာဖြစ်သူ၏ ဖုန်းထဲသို့ နာမည်မမှတ်ထား‌သော အ၀င်ကော်လ်တစ်ခု ၀င်နေခြင်းဖြစ်သည်။ သူဖုန်းကို ကိုင်လိုက်၏။

"ဟယ်လို"

ဒေါက်ဒေါက်..

ထိုစဉ် အပြင်ဘက်မှ တံခါးခေါက်သံကြား၍ ဖုန်းကို အမြန်ချလိုက်၏။ စက်နှင့် ဖုန်းကို နေရာတကျ ပြန်ထားလိုက်ကာ တံခါးဖွင့်လိုက်၏။

Love in VR❲Completed❳Where stories live. Discover now