10

509 105 6
                                    

                          အခန်း(၁၀)
                          ကျွန်းဆွယ်

အသင်း၀င်ကဒ် သက်တမ်းကုန်ပြီဖြစ်သည်။
ယနေ့မှစ၍ တစ်နေ့ ရွှေတုံး 5000 ပြည့်အောင်ပင် မနည်းရှာရတော့မည့် ဘ၀သို့ ပြန်လည်ရောက်ရှိသွားလေပြီ..

စုဆောင်းအဆင့် 84 ၊ လက်မှု အဆင့် 85 ၊တိုက်ခိုက်ရေး အဆင့် 84 သို့ရောက်ရှိနေပြီဖြစ်သည်။ စွမ်းရည် အဆင့်များသာ တဖြည်းဖြည်းချင်းတက်လာသော်လည်း အိမ်အဆင့်မှာမူ 13 ပင်ရှိနေသေးသည်။

နောက်တစ်ခါ ရွှေတုံးပြည့်ရင် တကယ် အိမ်အဆင့်မြှင့်ဖို့ပဲ သုံးတော့မယ်..နားချင်နေပြီ ဒီနေရာကို..‌တနေ့တနေ့ ဒါတွေပဲ လုပ်နေရတာ တော်တော်ငြီးငွေ့ဖို့ကောင်းတယ်..ဟူး..

[သဲန္တာရတွင် ဒဏ္ဍာရီလာမကောင်းဆိုးဝါးကြီး ပေါ်လာပြီဖြစ်သည်။]

[မကောင်းဆိုးဝါးကြီးအား ရှင်လင်းရန် သဲန္တာရတွင် ရှင်သန်သူများ စုဝေးကြရန်]

ဒဏ္ဍာရီလာမကောင်းဆိုးဝါးများသည် မြေပုံတိုင်းတွင် ရှိသည်။ သတ်မှတ်ထားသည့် အချိန်တစ်ခုသို့ရောက်လျှင် ထိုမကောင်းဆိုးဝါးကြီးများက ပေါ်လာစမြဲပင်ဖြစ်သည်။ ထို့အပြင် လိုအပ်သည့် ထိခိုက်ပျက်စီးမှု ပမာဏ ပေးနိုင်ပါက ဆုကြေးများကိုရရှိနိုင်သည်။ ရွှေတုံးလည်း အပါအ၀င်ပင်ဖြစ်သည်။သို့သော် တစ်နေ့လျှင် လေးကောင်သာ ပစ်ခွင့်ရှိသည်။

ထိုမကောင်းဆိုးဝါးများ ပေါ်လာသည့် အချိန်များသည် ကိုယ်အပြင်လောကတွင် မအား‌သောအချိန်များသာဖြစ်ကြသည်။ အထူးသဖြင့် ကျောင်းတက်နေချိန် ၊ အရုဏ်ဦးချိန် စသည်ဖြင့် ဖြစ်သည်။ သို့သော် ကိုယ်သည် ကျောင်းမတက်ရတော့ပေ။

[သဲကန္တာရသို့ ရောက်ရှိပြီဖြစ်သည်။]

ရဟတ်ယာဉ်မှ ဆင်းဆင်းခြင်းပင် သဲမှုန်များသည် ကိုယ့်ဆီသို့  ပျံသန်းလာ၏။

ဖွီ...

ပါးစပ်ထဲသို့ အလုံးအရင်း၀င်လာသော သဲမှုန်များအား အလျင်အမြန်ပင် ထွေးထုတ်လိုက်သည်။သဲမုန်တိုင်းကြားမှ မကောင်းဆိုးဝါးပေါ်လာမည့် နေရာသို့ စမ်းတဝါးဝါးဖြင့် ‌အပြေးသွားရ၏။

Love in VR❲Completed❳Where stories live. Discover now