5

541 105 6
                                    

Unicode
အခန်း (၅)
အမှောင်ထု

<ဟာရု : ကျေးဇူးပြုပြီး ကိုယ်နဲ့တွဲဖက်
မဖြုတ်လိုက်ပါနဲ့နော်... အိမ်အဆင့်
မမြှင့်ချင်လို့ပါ TT>

<ဟာရု : ဇီယာရေ စာမေးပွဲ မြန်မြန်ဖြေပြီး ဒီကိုပြန်လာခဲ့ပါတော့ ..>

<ဟာရု : ဇိုလို က ဘာလို့ သူ့ကာရိုက်တာကို ပေးလိုက်တာလဲ?"

<ဟာရု : အရင်လို လေးယောက် ပြန်ဆုံလို့မရတော့ဘူးပဲ..>

<ဟာရု : ဘာလို့ ထားသွားကြတာလဲ?>

<ဟာရု : အလူနာကို အမြင်ကတ်တယ်>

<ဟာရု : အားငယ်လိုက်တာ >

<ဟာရု : ပြန်လာလို့ မရတော့ဘူးလား?>

<ဟာရု : ကျောင်းပြန်တက်ရတော့မှာပဲ..>

<ဟာရု : ဘာလို့ ငါ့ကို ရွံစရာသတ္တဝါလို ဖယ်ကျဉ်ထားကြတာလဲ?>

....

ဝေါင်း..အိမ်ကို မှတ်ချက်ပေးတဲ့နေရာမှာ ဒိုင်ယာရီရေးသလို လာရေးထားပါလား..

အချိန်သာနောက်ပြန်သွားလို့ရလျှင် လွန်ခဲ့သော 8လက ဒီစာတွေရေးနေသော ကိုယ့်ကိုကိုယ်အား ဂုတ်ချိုးသတ်ပစ်မည်သာဖြစ်သည်။

..ဘယ်ကိုလာပြီး ဒရမ်မာလာခင်းနေတာလဲ!!ဆိုပြီး..

ရှက်ရှက်ဖြင့်သာ ထိုပေါက်တက်ကရ စာများကို ပြန်ဖျက်နေရ၏။ ကူရိုတစ်ယောက် ဒီစာများကို ဖတ်သွားလောက်သည်မှာ ကျိန်းသေသည်။

နေပါဦး..သူ့ဘာဂရုစိုက်စရာလို လို့လဲ..

ဒါပေမယ့် ငါ့ကို အရမ်းပျော့ညံ့တဲ့လူလို့ ထင်သွားမှာလေ..ငါ့ကို အထင်သေးနေမှာပေါ့..

ထိုစဉ် အချက်ပေးစာလေး တစ်ခုတက်လာ၏။

[သင့်အား 'အမှောင်ထု' အိပ်မက်ဆိုးအဆင့် ဧရိယာရှင်းလင်းမှု လုပ်ရန် ဖိတ်ခေါ်ထားသည်။]

ဘာကြီး?..ဒီလို နာမည်နဲ့ ဧရိယာရှင်းလင်းမှုကို မမြင်ဖူးသလိုပဲ..အသစ်ပေါ်လာတာ ထင်တယ်..အဖွဲ့၀င် 8ယောက်တောင်ဆန့်တယ်!?ဝေါင်း..

လက်ခံသည့် ခလုတ်ကို နှိပ်လိုက်၏။

အဖွဲ့ထဲတွင် ကိုယ်သိသော သူများကို တွေ့ရ၏။ ပါဆာမှ မြို့သူ၊မြို့သားများပင်ဖြစ်သည်။ သေချာပေါက် ကိုယ့်တွဲဖက် ကူရိုလည်းပါပေသည်။ကာဘိုင်း၏ဘေးနားတွင် ရပ်နေကာ ကိုယ့်ဘက်ကို စိုက်ကြည့်နေ၏။

Love in VR❲Completed❳Where stories live. Discover now