13

494 107 14
                                    

                         အခန်း (၁၃)
             အဓိပ္ပာယ် မရှိသောအရာများ
                        
"ဟာရု, ကိုတို့ တော်ကြရအောင်"

"ဟင် ဘာကိုပြောတာလဲ?"

"ကိုတို့ ချစ်သူလုပ်တမ်း ကစားနေကြတာကို"

ကိုယ်သိနေသည်။ သူတစ်နေ့နေ့ ဒီလိုပြောလာတော့မည်ဆိုတာကို ..သို့သော်လည်း လက်မခံနိုင်သေးပေ..ဘာလို့လဲ..သူဘာလို့ အဆုံးသတ်ချင်နေရတာလဲ..?ဘာလို့လဲ..ကိုယ်သိသည် အကြောင်းအရင်းကို..ကိုယ် ခန့်မှန်းမိနေပြီးဖြစ်သည်..အကြောင်းအရင်းကို..

ချစ်သူလုပ်တမ်း ကစားတာလို့ သူအမည် တပ်လိုက်ပြီတဲ့လား..?

"ဟာရုကို စိတ်ဒဏ်ရာမပေးချင်လို့ပါ..ဟာရု လည်း သိပါတယ် ကိုတို့ အပြင်မှာ တကယ် မဖြစ်နိုင်ဘူးဆိုတာ.."

ကိုယ်လည်း သိသည်။ မဖြစ်နိုင်မှန်း..

"ကိုပဲ ဟာရု ဆီ ရောက်အောင် လာခဲ့မယ်ဆို ..?"

"ဟာရု , ကို အဓိပ္ပာယ်မရှိ လျှောက်ပြောခဲ့တာတွေမေ့‌လိုက်တော့.."

အစကတည်းက သိနေခဲ့ပြီးသားဖြစ်သည်။ သူလျှာရိုးမရှိ လျှောက်ပြောနေခဲ့မှန်း..

"ဟာရု အခုတလော ကို့ကြောင့် အမြဲတမ်း စိတ်ဆင်းရဲနေရတယ် မဟုတ်လား?"

ဟုတ်သည်။ သူ ပုံမှန်လို ကိုယ့်နား အမြဲအတူတူ ရှိမနေတော့သည့် အချိန်ကတည်းကပင်..

"ကို ဟာရု နဲ့တူတူ နေ့စဉ်တာ၀န်တွေလည်း လိုက်မလုပ်ပေးနိုင်တော့ဘူး..ဧရိယာ ရှင်းလင်းရေးတွေလည်း တူတူ မလိုက်ပေးနိုင်တော့...."

" ကို အပြင်မှာ အရမ်း အလုပ်ရှုပ်နေလို့ မလား??"

"အွန်း...ဟုတ်တယ်..ဟာရု ကို့ကို အမြဲတမ်း‌ စောင့်စောင့်နေရတာ ကို အားနာလှပြီ.."

သူညာနေသည်။ သူပြောင်းလဲသွားပြီ..ကိုယ်နှင့် အတူတူရှိနေခြင်းကို သူငြီးငွေ့သွားပြီဖြစ်သည်။

"ဟာရုငယ်ပါသေးတယ်..ကို့ကို စောင့်နေရင်းနဲ့ ဟာရုအချိန်တွေကို အလဟဿ မဖြုန်းတီးပစ်ပါနဲ့နော်.."

မုန်းစရာကောင်းသည့် လူပင်..အဆုံးအထိ ကိုယ့်အား စဉ်းစားပေးသလိုဖြင့် ပြောနေသေး၏။

Love in VR❲Completed❳Where stories live. Discover now