Part-1

1K 103 6
                                    

"Taehyung...မှိုင်လှချည်လား ဘာဖြစ်လာပြန်တာလဲ"

ချိန်းထားသည့် cafe ထဲကိုစိတ်ပျက်လက်ပျက်နဲ့ဝင်လာသည့် Taehyung ကိုမြင်သောအခါ Jiseung မေးသည်...

"သိတဲ့အတိုင်းပဲ..."

"အန်ကယ်လ်နဲ့ရန်ဖြစ်လာပြန်တာလား"

ဘေးမှာဝင်ထိုင်သည့် Taehyung ကိုကြည့်ကာ Jiseung ပြောသည်...

"ဟုတ်တယ်..."

Taehyung ဟာ Kim ကုမ္ပဏီမိသားစုရဲ့အငယ်ဆုံးသားဖြစ်လေသည်...Taehyung ရဲ့အထက်မှာအစ်မနှစ်ယောက်ရှိလေသည်...အသက်အရွယ်အားဖြင့် 25 နှစ်ရှိနေပြီဖြစ်သော်လည်းလွတ်လပ်ခွင့်မရချေ...အငယ်ဆုံးသားဖြစ်သည့်အပြင်တစ်ဦးတည်းသောယောကျာ်းလေးဖြစ်တာကြောင့် Taehyung ကိုဖခင်ဖြစ်သူကကုမ္ပဏီအားဦးစီးစေချင်သည်...သို့သော် Taehyung ကတော့စီးပွါးရေးထက်အနုပညာကိုပိုစိတ်ဝင်စားလေသည်...စာရေးဆရာဖြစ်ချင်သည်မှာ Taehyung ရဲ့စိတ်ကူးအိမ်မက်ဖြစ်သည်...ထို့အပြင်အနုပညာပိုင်းမှာလည်း Taehyung ဟာကျွမ်းကျင်လေသည်...ပန်းချီဆွဲတော်သလို၊သရုပ်ပေါ်အောင်စာရေးသားရာတွင်လည်းတက်မြောက်လေသည်...အခုလည်း Taehyung အားရုံးခွဲဖွင့်ပွဲရှိတာကြောင့်ဇွတ်သွားခိုင်းနေတာကြောင့်အချေအတင်ဖြစ်ကာအိမ်ကထွက်လာခဲ့ခြင်းဖြစ်သည်...

"မင်းကလည်းကွာ...လူကြီးတွေကိုစိတ်ညစ်အောင်..."

"ဟာ...သူတို့ကိုစိတ်မညစ်စေချင်တာနဲ့ပဲငါ့ကိုယ်ငါစိတ်ညစ်ခံရမှာလား...ဘယ်လို logic ကြီးလဲကွာ...တောက်!!"

ပြောရင်းနဲ့မျက်နှာပင်ရဲတက်လာကာ Taehyung ဒေါသထွက်လာလေသည်...

"ဟာ..စိတ်ထိန်းပါကွာ ဆောရီးဆောရီး ငါကလည်းလျှာရှည်မိသွားတယ် ဘာပဲဖြစ်ဖြစ်အခုပြပွဲတစ်ခုလုပ်ဖို့ရှိတယ်တဲ့ မင်းစိတ်ဝင်စားလား"

Taehyung ပအနုပညာပြခန်းတွေကိုသွားကာစီးမြောရသည်ကိုအလွန်တရာပင်သဘောကျလေသည်...

"အွန်း စိတ်ဝင်စားတယ် ဘယ်မှာတဲ့လဲ"

"Itaewon မှာတဲ့ ငါ့အစ်ကိုတစ်ဝမ်းကွဲတစ်ယောက်ကသူ့သူငယ်ချင်းခေါင်းဆောင်တာမို့လို့တဲ့ငါ့ကိုလက်မှတ်ဝယ်ပေးထားတယ်"

아름다운 영혼(𝙱𝚎𝚊𝚞𝚝𝚒𝚏𝚞𝚕 𝚂𝚘𝚞𝚕)Where stories live. Discover now