Part-3

588 98 7
                                    

"ဦးလေးရေ!!ဦးလေး!!"

ဝါးလုံးတုတ်ကိုပစ်ချလိုက်ကာအိမ်ထဲကိုအော်နေသည့်ကောင်လေးကြောင့် Taehyung လန့်နေရလေသည်...

"ဟေ!!လာပြီဟေ့ ဘာလဲပြော"

အိမ်ထဲကနေမိန်းမကြီးတစ်ယောက်ထွက်လာကာပြောသည်...

"ဦးလေးရော...ဒေါ်လေး"

"မင့်ဦးလေးကလယ်ထဲသွားတယ်လေ..."

"ဟုတ်လား ကျွန်တော်လိုက်သွားလိုက်အုံးမယ်"

"အေးအေး..."

ထို့နောက်တွင်တော့ထိုကောင်လေးခေါ်ရာနောက်ကို Taehyung လိုက်လာရပြန်သည်...

"ဟာ...ဟေ့ကောင်လေး!!ငါ့ဖိနပ်ရွှံ့တွေပေကုန်ပြီဟ..."

လယ်ကွင်းတွေရှိတဲ့ဘက်ကိုရောက်သောအခါအရှေ့ကကောင်လေးကဇွတ်ဆွဲခေါ်နေတာကြောင့်ရွှံ့အိုင်တွေကို Taehyung နင်းမိကာသူ့ရဲ့ Nike အဖြူရောင်ဖိနပ်ဟာညစ်ပတ်ကုန်လေသည်....Taehyung ကအော်လိုက်သောအခါအရှေ့ကကောင်လေးကသူ့ရဲ့ဖိနပ်ကိုလှည့်ကြည့်လေသည်...

"ဖိနပ်လေးပေတာပဲကိုဘာဖြစ်နေတာလဲ သူခိုးကလည်း..."

"မင်း!!ငါသူခိုးမဟုတ်ဘူးလို့ဘယ်နှခါပြောရမှာလဲ!!"

"ဟုတ်ပါပြီသူခိုးရယ်"

"မင်း!!"

Taehyung ဒေါသထွက်ကာထိုကောင်လေးလက်ထဲမှာရှိနေတဲ့သူ့လက်ကိုပြန်ဆွဲယူဖို့ပြင်လိုက်လေသည်...

"ဦးလေး!!ဦးလေး Byung Ho!!"

"ဟေ...ပြော"

"ဒီမှာကျွန်တော်သူခိုးမိလာတယ်"

Byung Ho ကိုပြုံးပြကာ Jungkook ပြောသည်...

"ဟေ!!ဘယ်မှာတုန်း"

"ဒီမှာလေ..."

Jungkook က Taehyung ရဲ့လက်ကိုဆောင့်ဆွဲလိုက်ကာအရှေ့ကိုထုတ်လေသည်...

"Kookah....မင်းဟာကဟုတ်ရောဟုတ်ရဲ့လား ကောင်လေးကလူရည်သန့်လေးပါ"

Taehyung ကိုမြင်သောအခါ Byung Ho က Jungkook အနားကပ်ကာတိုးတိုးပြောသည်...

"ဦးလေးကလည်း...ရုပ်ချောတာနဲ့ပဲသူခိုးမဖြစ်နိုင်တော့ဘူးလား...သေချာတယ် ကျွန်​တော်ကိုယ်တိုင်မြင်ခဲ့တာ"

아름다운 영혼(𝙱𝚎𝚊𝚞𝚝𝚒𝚏𝚞𝚕 𝚂𝚘𝚞𝚕)Onde histórias criam vida. Descubra agora