Part-12

336 62 5
                                    

"ဘယ်အရင်သွားချင်လဲ"

"ဟင်...မသိဘူးလေ မင်းကဒီကလူလေ ငါကဘာသိမှာလဲ"

"အော်...ကျွန်တော်ကလည်းဘယ်လိုနေရာကိုအရင်သွားချင်လဲလို့ပြောတာ ရှုခင်းတွေလား လယ်ကွက်တွေလား အဲ့တာကိုပြောတာ ခင်ဗျားကလည်းအမြဲတမ်းကလန့်ချည်းပဲ"

ပြောလည်းပြောရင်း Taehyung ကို Jungkook မျက်စောင်းတစ်ချက်ထိုးလိုက်လေသည်။ ထိုအခါ Taehyung တစ်ချက်ပြုံးလိုက်ကာခေါင်းရမ်းလိုက်လေသည်။

"ဟုတ်ပါတယ် ငါပဲမှားတယ်ပဲထားလိုက်ပါတော့ ရတယ်လေ မင်းခေါ်တဲ့နောက်လိုက်မှာပေါ့"

လမ်းလျှောက်နေရင်းနဲ့ဘေးမှာရှိနေသည့်အိမ်ပုပုသေးသေးလေးတွေကိုလှမ်းငေးကြည့်ရင်း Taehyung ပြောသည်။ Taehyung ကသဘောရိုးနဲ့ပြောလိုက်ပေမယ့် Jungkook ရဲ့နှလုံးသားကတော့လိုရာတွေဆွဲတွေးပြီးအငြိမ်မနေနိုင်ဖြစ်နေပြန်ပါသည်။

"ခင်...ခင်ဗျားနော်...စကားကိုရှင်းရှင်းပြော"

"ဟင် ငါကဘာပြောလို့တုန်း"

Jungkook ရဲ့စကားကိုနားမလည်စွာ Taehyung ကပြန်မေးသည့်အခါတွင်တော့ Jungkook ဟာသူ့ခေါင်းပေါ်မှာအုပ်ထားသည့်အင်္ကျီနဲ့မျက်နှာတစ်ခုလုံးပါမမြင်ရအောင်အုပ်သွားပြန်ပါသည်။ အခုအချိန်မှာသူ့မျက်နှာဘယ်လောက်ရဲတွတ်နေမည်ဆိုတာသူအသိဆုံးမလား။

"ဟာ...ဟေ့ ဘာလုပ်တာတုံး မမြင်မကန်းနဲ့ခလုတ်တိုက်နေမယ်"

"ရတယ်...ဒီလမ်းကကျွန်တော်လျှောက်နေကြ အေး..."

"ဟေ့ဟေ့"

စကားပင်မဆုံးသေးခင်အရှေ့မှာထောင်ထွက်နေသည့်ကျောက်ခဲခပ်ကြီးကြီးကို Jungkook မမြင်ဘဲခလုတ်တိုက်ကာဟပ်ထိုးလဲပါတော့လေသည်။

"အားးး"

အရင်ဆုံးမြေကြီးပေါ်ကိုဒူးထောက်ကျသွားကာချက်ချင်းငုတ်တုတ်ထိုင်ပြီးဒူးခေါင်းနှစ်ဖက်လုံးကိုလက်နဲ့အုပ်ကာ Jungkook အော်ပါတော့လေသည်။ Jungkook ရဲ့ကျယ်လောင်လှသည့်ဘေးအိမ်များမှလူများပင်ထွက်လာကြလေသည်။

"ကဲ...မှတ်ပြီလား ငါ့စကားမှနားမထောင်တာ ပြစမ်း"

Jungkook ရှေ့မှာဒူးထောက်ထိုင်ချလိုက်ကာဒူးခေါင်းပေါ်ကလက်နှစ်ဖက်ကိုဖယ်ဖို့ပြင်ပြီး Taehyung ပြောသည်။

아름다운 영혼(𝙱𝚎𝚊𝚞𝚝𝚒𝚏𝚞𝚕 𝚂𝚘𝚞𝚕)Where stories live. Discover now