Part-18

257 32 4
                                    

"Hyunkyo shi...အားနာပေမယ့်ကျွန်တော့်ကို Seoul ခဏလိုက်ပို့ပေးလို့ရလား ချာတိတ်ကိုဂိမ်းစက်လိုက်ဝယ်ပေးချင်လို့"
Taehyung စကားကြောင့် Jungkook မျက်လုံးပြူးသွားသလို Jiseung နဲ့ Hyunkyo လည်းနားမလည်နိုင်ဖြစ်သွားသည်။
"လူ..လူကြီး မလိုပါဘူး ကျွန်တော့်ဘာသာပဲဦးလေးနဲ့နောက်နေ့သွားဝယ်လိုက်မယ် ရ..ရပါတယ်"

"ဂိမ်းစက်မရှိတော့လို့ချာတိတ်ကအခုဝမ်းနည်းနေတာမလား အခုသွားဝယ်မှရမှာပေါ့ Hyunkyo shi..ဖြစ်နိုင်ရင်ကူညီပေးစေချင်တယ်"

ပြာယာခတ်နေပုံပေါက်တဲ့ Taehyung ကြောင့် Jiseung ရော Hyunkyo ထရပ်လိုက်မိသည်။

"Taehyung... မင်းကလည်းကွာ နေပါအုံး ဒီအချိန်ကြီး Seoul ကိုတက်သွားရင်ညနေစောင်းလောက်မှပြန်ရောက်တော့မှာပေါ့ သွားရေးလာရေးခက်နေပါ့မယ်ကွာ"

"ရတယ် ငါအဆင်ပြေတယ် ချာတိတ်ကိုထားခဲ့မယ် ငါတို့ပဲသွားကြတာပေါ့"

Jungkook လက်ကိုကိုင်ထားရင်းကျန်လက်တစ်ဖက်ဖြင့်ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲကောက်ထည့်နေသည့် Taehyung ကြောင့် Jungkook အကျပ်တွေ့လာသည်။

"လူကြီး...ကျွန်တော်တကယ်အဆင်ပြေတယ်လို့ ဘာလို့ရေးကြီးခွင်ကျယ်လုပ်နေတာတုန်း"

"ငိုလာတာကိုဘာကိုအဆင်ပြေတာတုန်း...မကြာဘူးရယ် ခဏပဲ"

တစ်ယောက်ကတားလိုက်တစ်ယောက်ကဇွတ်သွားမယ်ပြောလိုက်နှင့်ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် Taehyung တို့ကို Jiseung ခေါင်းကုတ်ပြီးသာကြည့်နေမိတော့သည်။

"ခင်ဗျားနော်!! လွှတ်! ဒီမယ် မြင်ရလား မြင်ရလား ဘယ်မှာမျက်ရည်ရှိလို့လဲ ခင်ဗျားသွားမယ်ဆိုကျွန်တော်တကယ်စိတ်ဆိုးပြီးငိုချတော့မှာနော်"

ကိုင်ထားသည့်လက်ကိုအတင်းရုန်းထွက်ပြီးမျက်လုံးနှစ်ဖက်ကိုတစ်လုံးချင်းစီဖြဲကာ Jungkook အော်ပြောမိတော့သည်။ ထိုအခါမှ Taehyung ကသူ့နားထင်သူပွတ်သပ်ရင်းသက်ပြင်းချမိသည်။

"အဲ့တာဆိုဝမ်းမနည်းတော့တာသေချာတယ်နော်..."

"သေချာတယ် ခင်ဗျားဗျာ...ဧည့်သည်ပါလာတာကိုအားနာစရာတွေဖြစ်ကုန်ပြီ ဘာမှမဟုတ်တာကိုရေးကြီးခွင်ကျယ်တွေလုပ်နေတယ်"

아름다운 영혼(𝙱𝚎𝚊𝚞𝚝𝚒𝚏𝚞𝚕 𝚂𝚘𝚞𝚕)Where stories live. Discover now