Part-9

486 82 2
                                    

"Jungkook..."

"ဗျာ"

"စိုက်ခင်းထဲလာရင်ဆေးဘူးတွေယူခဲ့အုန်းနော် ဦးလေးလည်းနိုင်သလောက်သယ်သွားတယ်"

"ဟုတ်ဟုတ်"

"အဲ့တာဆိုဦးလေးသွားပြီနော်"

"ဟုတ်"

Byung Ho ထွက်သွားတော့ Jungkook အပင်တွေဖျန်းဖို့ဆေးမြန်မြန်စပ်ကာအင်္ကျီလက်ရှည်ဝတ်ပြီးဆေးပုံးအကြီးကြီးနှစ်ပုံးကိုတစ်ဖက်စီသယ်ကာထွက်လာခဲ့သည်...ရွာလမ်းမကြီးဆုံးခါနီးရောက်တော့လယ်ကွင်းတွေကိုလှမ်းမြင်နေရပြီဖြစ်သည်...ထို့အပြင်ရွာလမ်းအဆုံးမှာထည်ဝါစွာတည်ရှိနေသည့် Taehyung တည်းခိုရာအိမ်ကြီးကိုလည်းမြင်ရလေသည်...အိမ်ကြီးကိုလှမ်းကြည့်မိတော့ခြံတံခါးဖွင့်ထားသော်လည်းအိမ်တံခါးမကြီးကတော့ပိတ်ထားလေသည်...မဆီမဆိုင် Jungkook နှုတ်ခမ်းဆူလိုက်မိပါသည်...အကြည့်လွှဲရင်းစိုက်ခင်းတွေကိုခြေဦးလှည့်မိတော့အနောက်ကနေသူ့အားးခေါ်သံကြားလိုက်ရသည်...

"ကောင်လေး!!ဟိတ်...Jungkook!!"

သူ့နာမည်ကိုကြားသောအခါလှည့်ကြည့်လိုက်တော့ခြံထဲကနေထွက်လာသည့်တစ်ကိုယ်လုံးနေထိုးဖို့ပင်မရှိအောင်လုံခြုံစွာဝတ်ထားသော Taehyung ကိုမြင်လိုက်ရသည်...

"ဘာလဲ"

တွေ့လိုက်တာနဲ့ဘုတောတောသော Jungkook ကြောင့် Taehyung မျက်နှာရှုံ့မဲ့သွားလေသည်...

"မနက်ပဲရှိသေးတယ်နော်"

"သိသားပဲ ဘာလဲ"

"အော်..မနက်ပဲရှိသေးတာကိုမျက်နှာကဆူပုတ်နေလို့လေ"

"ဘာ!!ခင်ဗျားကကျွန်တော့်ကိုကျက်သရေမရှိဘူးလို့ပြောချင်တာလား!!"

လက်ထဲကဆေးပုံးတွေကိုပါအုန်းခနဲနေအောင်ပစ်ချပြီးအော်လိုက်တဲ့ Jungkook ကြောင့် Taehyung လန့်သွားလေသည်...

"အာ...ငါအဲ့လိုမပြောပါဘူး"

"အော်...ခင်ဗျားကအဲ့လိုမပြောပေမယ့်အဲ့လိုသဘောပြောချင်တာပဲမလား"

"အာ....မင်းကွာ..ရစ်လိုက်တာနှစ်ယောက်မရှိဘူး"

"ခင်ဗျား!!အခုဘာပြောစရာရှိလို့လဲ ပြော ကျွန်တော်က
ခင်ဗျားလိုအားနေတာမဟုတ်ဘူး"

아름다운 영혼(𝙱𝚎𝚊𝚞𝚝𝚒𝚏𝚞𝚕 𝚂𝚘𝚞𝚕)Where stories live. Discover now