Part-13

350 53 2
                                    

"ကဲ...ဒီမှာခဏနေခဲ့ ငါအိမ်ပြန်ပြီးဆေးဘူးယူလာခဲ့မယ်"

Jungkook ကိုအရိပ်ရတဲ့သစ်ပင်ကြီးကြီးတစ်ပင်အောက်မှာရှိနေတဲ့ခုံတန်းရှည်ပေါ်မှာထိုင်စေပြီး Taehyung ပြောသည်။

"ရတယ် မလိုဘူး"

"ဟ...ဘာကိုမလိုရမှာလဲ ဒီမှာဘယ်လောက်ပွန်းသွားလဲမြင်တယ်မလား ခေါင်းမာစရာမဟုတ်တာကိုခေါင်းမာမနေနဲ့ချာတိတ်"

Taehyung စကားကြောင့် Jungkook စိတ်ဆိုးကာသတိလက်လွတ်ခြေထောက်ဆောင့်လိုက်မိလေသည်။ ထိုအခါဒူးခေါင်းထဲကဆစ်ခနဲနာလာလေသည်။

"အာ့..."

"မြင်လား...အခုလိုခြေထောက်လေးဆောင့်တာတောင်နာနေတာ...ပြီးတော့ငါ့ကိုဆောင့်ကြီးအောင့်ကြီးလုပ်မနေနဲ့ မင်းပဲအသားနာမှာ...လူကြီးကကောင်းတာပြောရင်ပြောတာကိုနားမထောင်ဘူး ဘယ်လိုကောင်လေးမှန်းမသိဘူး"

"ဆေးဘူးသွားယူမှာဆိုမသွားသေးဘူးလား နားကိုညီးနေတာပဲ သွားတော့သွား"

ပြန်ပြောချင်ပေမယ့်လည်း Taehyung ပြောတာတွေကအကုန်မှန်နေတော့ Jungkook အလျော့ပေးကာစကားလမ်းကြောင်းလွှဲလိုက်တော့သည်။ Jungkook ကိုကြည့်ရင်းစိတ်ညစ်သလိုခေါင်းရမ်းကာ Taehyung ထွက်လာခဲ့သည်။ ဒီကောင်လေးကိုသာပြိုင်ပြောရင်တစ်နေကုန်သွားနိုင်သည်မဟုတ်လား။ Taehyung ထွက်သွားတော့မှ Jungkook လည်းဒူးနှစ်ဖက်လုံးထောင်ထားပြီးပွန်းသွားတဲ့နေရာကိုတဖူးဖူးမှုတ်နေမိတော့သည်။ အသားပဲ့သည်အထိပါဖြစ်သွားတာမို့လေထိတော့စပ်ကလည်းစပ်သေးသည်။ ဘယ်သူ့မှလည်းသွားပြီးအပြစ်တင်လို့မရတာကြောင့် Jungkook နှုတ်ခမ်းသာဆူထားမိတော့သည်။

"ရော့..."

တအောင့်လောက်ကြာသောအခါ Taehyung ပြန်ရောက်လာသည်။ လက်တစ်ဖက်ကဆေးပုံးကိုကိုင်ထားပြီးကျန်တစ်ဖက်ကရေခဲချောင်းတစ်ထုပ်ကိုကိုင်ထားပြီး Jungkook ကိုလှမ်းပေးသည်။

"ဘာလဲ...ကိုင်ထားပေးရမှာလား"

"မင်းဖို့ဝယ်လာတာ ဆေးထည့်ရင်စပ်ပြီးနာမှာ နည်းနည်းပဲအစပ်ပြေပြေဆိုပြီးဝယ်လာပေးတာ စားလိုက်"

ထိုအခါကျမှ Taehyung လက်ထဲကရေခဲချောင်းအထုပ်ကို Jungkook လှမ်းယူလိုက်သည်။ တစ်ဆက်တည်းမှာပင် Taehyung ရဲ့အလိုက်သိတတ်မှုကိုတွေးကာကြည်နူးမိပြန်သည်။

아름다운 영혼(𝙱𝚎𝚊𝚞𝚝𝚒𝚏𝚞𝚕 𝚂𝚘𝚞𝚕)Where stories live. Discover now