Part-5

501 86 8
                                    

"ခင်ဗျားလိုက်ခဲ့လေ"

စျေးကိုရောက်သောအခါကားပေါ်ကနေဆင်းဖို့ပြင်ရင်း Taehyung အား Jungkook ပြောသည်...စျေးကအကြီးစားစျေးတန်းမျိုးဖြစ်ကာအတန်းသုံးတန်းခွဲထားလေသည်...သစ်သီးဝလံနဲ့ပန်းတွေကတစ်တန်း၊သားစိမ်းငါးစိမ်းတန်းကတစ်တန်းနဲ့အိမ်သုံးလယ်ယာသုံးပစ္စည်းကတစ်တန်းဆိုပြီးသုံးတန်းရှိလေသည်....ပျိုးစေ့နဲ့မြေဩဇာဝယ်ဖို့ဆိုရင်စျေးအတွင်းကိုတော်တော်လေးဝင်ရမှာဖြစ်လေသည်....

"တော်ပြီ မလိုက်တော့ဘူး ကားစောင့်ဖို့နေခဲ့မယ်"

"ကျွန်တော်တို့ဆီမှာသူခိုးမရှိပါဘူး"

ကားတံခါးကိုဖွင့်ရင်း Jungkook ပြောသည်...သူ့ရဲ့မွေးရပ်မြေကိုမယုံမကြည်သည့်ပုံစံဖြင့်ပြောလိုက်သည့်ပုံဖြစ်သွားသော Taehyung ကိုလည်းမျက်စောင်းဒိုင်းခနဲထိုးလိုက်သေးသည်....

"အော်...ဟုတ်လား တော်သေးတာပါ့ ငါကသူခိုးရှိရင်ငါ့ကိုမင်းဖမ်းတုန်းကလိုဖမ်းမယ်ဆိုပြီးတွေးနေတာ မင်းဆီကအကွက်တွေငါမှတ်ထားတာလေ"

Jungkook ကိုမပြုံးမရီဘဲစနောက်ကာ Taehyung ပြောလိုက်လေသည်...ထိုအခါ Jungkook ကမျက်စောင်းထိုးနေရာကနေအကြည့်လွှဲကာနေရခက်သွားလေသည်...မနေ့ကကိစ္စကို Taehyung ပြောနေသည်မဟုတ်လား...

"ခင်ဗျား!!အဲ့တာခင်ဗျားကခိုးကြောင်ခိုးဝှက်ရုပ်ပေါက်နေတာကိုးဗျ ပြီးတော့ Jiseung Hyung တို့အိမ်ကသူစိမ်းမလာတာလည်းကြာပြီဆိုတော့သူခိုးလို့ထင်သွားတာပေါ့ဗျ"

"အေးပါ ဟုတ်ပါပြီ ငါကဘာပြောနေလို့လဲ သွားတော့သွား နောက်ကျနေလို့ပြောခံနေရအုံးမယ်"

"လိုက်ခဲ့ပါဆို ခင်ဗျားကလည်း"

"ရပါတယ်ဆိုကွာ"

"ခင်ဗျားကငပျင်းပဲ ဟူးးးးတကယ်ပဲ"

ခေါင်းတရမ်းရမ်းနဲ့ဟန်ဆောင်ပန်ဆောင်သက်ပြင်းချကာစိတ်ပျက်သလိုပုံစံဖြင့် Jungkook ပြောသည်...တကယ်တော့ Taehyung လိုက်ချင်လာအောင်ဆွပေးနေတာဖြစ်သည်...Jungkook ရဲ့အစီအစဉ်အောင်မြင်သွားပါသည်...ငပျင်းလို့ပြောခံလိုက်ရတာကြောင့် Taehyung မခံနိုင်ဖြစ်သွားကာချက်ချင်းကားတံခါးဖွင့်ကာအပြင်ထွက်လိုက်သည်...

아름다운 영혼(𝙱𝚎𝚊𝚞𝚝𝚒𝚏𝚞𝚕 𝚂𝚘𝚞𝚕)Where stories live. Discover now