Part-4

526 90 18
                                    

"ဗျိုး!!အိမ်ထဲကလူကြီး မထသေးဘူးလား!!"

ငှက်လေးတွေတီတီတာတာအော်မြည်ကာသီကျွေးသာယာနေသည့်မနက်ခင်းမှာခြံရှေ့ကနေအော်ခေါ်နေသည့်အသံကြောင့် Taehyung အိပ်ရာပေါ်ကနေမျက်မှောင်ကြုတ်ကာနိုးထလာလေသည်...ငုတ်တုတ်ထိုင်ပြီးတော့မှအသံကိုထပ်နားထောင်ကြည်ြလေသည်...မကြားရပြန်သောအခါနားကြားမှားတာထင်ပါတယ်ဆိုပြီးကုတင်ပေါ်ပြန်လှဲဖို့ပြင်လေသည်...သို့သော်ခြံရှေ့ကနေထပ်ထွက်ပေါ်လာသည့်အသံစူးစူးကြောင့်သူ့ကိုခေါ်နေမှန်းသေချာသွားကာအောက်ထပ်ကို Taehyung ဆင်းလာခဲ့လေသည်...

"Seoul ကမြို့သားကြီး!!ဘယ်နှနာရီထိုးပြီထင်နေလဲ မထသေးဘူးလား!!ဗျိုး....!!"

"ဟေ့ကောင်လေး!!အော်မနေနဲ့ ဘာကိစ္စရှိလို့လဲပြော!!"

ခြံတံခါးကိုဖွင့်ရင်း Taehyung ပြောသည်...မြန်မြန်ထွက်လာတာကြောင့် pajamas နဲ့ဖြစ်နေလေသည်...ဆံပင်တွေကလည်းငှက်သိုက်လိုဖရိုဖရဲဖြစ်နေလေသည်...ပွစိခတ်နေသည့် Taehyung ကိုကြည့်ကာခွီးခနဲခိုးရယ်လိုက်လေသည်...

"ဦးလေးကခေါ်ခိုင်းလိုက်လို့"

"ဘာလုပ်ဖို့တဲ့လဲ"

"အဲ့တာက...ဟို...ဟိုဟာ..."

တဟိုဟိုနဲ့ Jungkook စဉ်းစားနေတုံးမှာပင် Jungkook အနောက်ကနေ Byung Ho ကရောက်နေလေပြီဖြစ်သည်...

"Jeon Jungkook!မင်းကိုငါကမြို့တက်ပြီးတော့မျိုးစိတ်ဝယ်ခိုင်းတာလေ ဒီမှာဘာလုပ်နေတာလဲ"

ထိုအခါကျမှသူ့ကိုတမင်လာနှောင့်ယှက်နေမှန်း Taehyung သဘောပေါက်သွားတော့လေသည်...

"သူပြောတာတော့ဦးလေးကကျွန်တော့်ကိုလာနှိုးခိုင်းလိုက်လို့တဲ့"

Jungkook ကိုမေးငေါ့ပြရင်း Byung Ho ကိုဖြေလေသည်...

"ဟင်...ငါလည်းဘာမှမပြောရပါ့လား Jeon Jungkook...မင်းနော် ပြဿနာရှာပြန်ပြီလား"

"အာ...နောက်ကျတော့မှာပဲ သွားတော့မယ်နော်ဦးလေး ဟီးးးကိုမြို့သားကြီး...သွားပြီနော်ဗျ"

Taehyung ကိုလျှာထုတ်ပြောင်ပြပြီးကုတ်ချောင်းကုတ်ချောင်းနဲ့ Jungkook ထွက်သွားလေသည်...Taehyung လည်းခေါင်းယမ်းရင်းမျက်မှောင်ကြုတ်ကာကြည့်နေလိုက်​တော့သည်....

아름다운 영혼(𝙱𝚎𝚊𝚞𝚝𝚒𝚏𝚞𝚕 𝚂𝚘𝚞𝚕)Where stories live. Discover now