"ရော့"
အိမ်အပြင်ဘက်ကိုငေးကြည့်နေရင်းအနောက်ကကြားလိုက်ရသည့်အသံကြောင့်လှည့်ကြည့်လိုက်တော့သူ့အားဦးထုပ်ကားကားကြီးကြီးတစ်ခုကိုလှမ်းပေးနေသည့် Jungkook ကိုတွေ့ရသည်။
"အွန်း ကျေးဇူး"
ဦးထုပ်ကိုလှမ်းယူကာဆောင်းရင်း Taehyung ပြောမိသည်။
"ရတယ်...သွားမယ်"
"မင်းကရော..."
သူ့အရှေ့ကနေဖြတ်လျှောက်ကာဦးဆောင်ထွက်သွားတော့မည့် Jungkook ရဲ့လက်ကိုလှမ်းဆွဲရင်း Taehyung မေးသည့်အခါ Jungkook ကကြောင်တောင်တောင်လေးပြန်ကြည့်လာသည်။
"ဟင်.."
"မင်းကဦးထုပ်မဆောင်းဘူးလား"
ထိုအခါ Jungkook ကသူ့ရဲ့ကျန်လက်တစ်ဖက်ဖြင့်ခေါင်းပေါ်ကိုကာသလိုလေးလုပ်လေသည်။
"ရတယ်...ကျွန်တော်ကဘာမှမဖြစ်ဘူး ခင်ဗျားတို့မြို့သားတွေသာနုလွန်းလို့ ကိုယ့်ကိုကိုယ်သာဂရုစိုက်ပါ"
ပြောလည်းပြောရင်း Taehyung လက်ထဲမှာရှိနေသည့်သူ့လက်လေးကိုအတင်းပြန်ဆွဲနေသည်။ ထိုအခါ Taehyung မျက်မှောင်ကြုတ်လိုက်မိသည်။
"ကျစ်...မဟုတ်တာ ဦးထုပ်ရှိသေးတယ်မလား သွားယူချည် သွား"
"ရပါတယ်ဆိုဗျာ ဘာဖြစ်နေတာလဲ ပြီးတော့တံခါးလည်းပိတ်လိုက်ပြီ ပြန်မဖွင့်ချင်တော့ဘူး"
Jungkook စကားကြောင့်အိမ်ဘက်ကိုလှမ်းကြည့်လိုက်တော့တံခါးကိုတကယ်ပင်သော့ခတ်ပြီးသွားလေပြီ။
"ချာတိတ်ကတော့ကွာ..."
ပြောလည်းပြောရင်းနေပူမှာစိုးလို့ထပ်ဝတ်လာသည့်အပေါ်ထပ်အင်္ကျီကို Taehyung ချွတ်လိုက်သည်။ Jungkook ပြောတာလည်းမမှားတော့မမှားချေ။ Taehyung ကရာသီဥတုဒဏ်ကိုမခံနိုင်သည့်သူတွေထဲမှတစ်ယောက်အပါအဝင်ဖြစ်သည်။ နေပူလွန်းလျှင်လည်းအပူဒဏ်ကြောင့်နေမကောင်းဖြစ်တတ်သလို၊ အေးလွန်းလျှင်လည်းအအေးပတ်တတ်သေးသည်။ သို့သော်အခုအချိန်တွင်တော့သူ့ကိုယ်သူထက် Jungkook ကိုပိုဂရုစိုက်ချင်မိသည်။
"ဘာလုပ်တာလဲ..."
သူဝတ်ထားသည့်အပေါ်ထပ်အင်္ကျီကိုခေါင်းပေါ်ကိုတင်ကာမေးစေ့အောက်မှာချည်ပေးကာအပူလုံအောင်လုပ်ပေးနေသည့် Taehyung ရဲ့လုပ်ရပ်ကို Jungkook မျက်လုံးလေးပြူးကြည့်နေရင်းပြန်မေးမိသည်။
YOU ARE READING
아름다운 영혼(𝙱𝚎𝚊𝚞𝚝𝚒𝚏𝚞𝚕 𝚂𝚘𝚞𝚕)
FanfictionYou're the most beautiful flower in my garden 𓂃܀❀ .*゚ {Both Unicode and Zawgyi}