Part-6

495 91 6
                                    

"ဦးလေး!!ကျွန်တော်သွားနှင့်ရမလား"

အပေါ်ထပ်မှာရှိတဲ့အခန်းကနေထွက်လာရင်းလှေကားဆင်းပြီးနဲ့အော်မေးသည်...Byung Ho ကနေမကောင်းဖြစ်နေတာကြောက့်လယ်ထဲကိုလိုက်နိုင်မှာမဟုတ်ချေ...သို့သော်ရွာသားပီပီ "ငါဘာမှမဖြစ်ဘူးကွ" ဆိုပြီးဇွတ်သွားမယ်ပြင်နေတာကြောင့် Jungkook လည်းဆက်မပြောတော့ချေ...

"အေး သွားနှင့်လိုက်တော့ မင်းဦးလေးအခုတော့အိပ်နေလေရဲ့ ခုနကဆေးသောက်လိုက်လို့ထင်တယ် သူနိုးလာမှဒေါ်လေးပြောလိုက်မယ်"

Byung Ho အစားဇနီးဖြစ်သူမီးဖိုထဲကထွက်လာရင်းပြောသည်...

"ဟုတ်ဟုတ်...အဲ့တာဆိုကျွန်တော်သွားပြီနော် ဒေါ်လေး"

"အေးအေး"

အိမ်ထဲကထွက်လာရင်းရွာလမ်းကိုလျှောက်ကာလယ်ထဲသွားဖို့ Jungkook ထွက်လာခဲ့သည်...လက်မှာပတ်ထားသည့်နာရီအဟောင်းလေးကိုကြည့်လိုက်တော့ငါးနာရီခွဲပဲရှိသေးသည်...အစောကြီးထစရာမလိုပေမယ့်လယ်ထဲကပွဲရုံကိုရောက်ရင်စာရင်းတွေလည်းကြည့်ကာလိုတာတွေမှတ်ရအုံးမှာဖြစ်တာကြောင့်စောစောထလာခဲ့ခြင်းဖြစ်သည်...ရွာလမ်းမကြီးရဲ့ထိပ်ကိုရောက်တော့လယ်ကွက်တွေကိုသွားတဲ့လမ်းကိုချိုးကွေ့ဖို့ပြင်ပြီးတော့မှ Taehyung ဆီကိုသွားချင်တဲ့စိတ်ဖြစ်လာတာကြောင့်ဆန့်ကျင်ဘက်လမ်းကိုသာချိုးကွေ့လိုက်သည်...တစ်ခဏတာလမ်းလျှောက်ပြီးသောအခါရွာအပြင်ဘက်ကိုရောက်ချင်နေသည့်ထည်ဝါလှသည့်အိမ်ကြီးကိုမြင်လိုက်ရသည်...ခပ်လှမ်းလှမ်းမှနေကာအိမ်ရှေ့တံခါးကိုလှမ်းကြည့်လိုက်သောအခါဖွင့်ထားလေသည်...သူတို့ရွာမှာသူခိုးမရှိဘူးဟုဆိုကာ Jungkook ကိုယ်တိုင် Taehyung ကသော့ခတ်မည်ဆိုတာကိုတားခဲ့ခြင်းဖြစ်သည်...Jungkook ကထိုသို့တားသောအခါ Taehyung ကမျက်စောင်းတစ်ချက်ထိုးကာခပ်ရွဲ့ရွဲ့ပြောသည်...

"ငါ့ကိုပဲသူခိုးလို့ထင်တယ်ဆိုတဲ့သဘောပေါ့ အော်အေးကောင်းပါတယ်"

မျက်နှာကိုရှုံ့တွနေအောင်လုပ်ကာပြောသည့် Taehyung ရဲ့ပုံကိုမြင်ယောင်လာသောအခါ Jungkook ခွီးခနဲနေအောင်ရီလိုက်မိသည်....

"ဒီလူကြီးမထသေးဘူးလားမသိဘူး..."

ခြံတံခါးကိုဖွင့်ကာခြံထဲကိုဝင်သွားလိုက်သည်...တံခါးခေါက်ကြည့်သည့်အခါလာမဖွင့်ချေ...နောက်ထပ်တစ်ခါထပ်ခေါက်ကြည့်တော့လည်းဘာမှမထူးချေ...နောက်ထပ်တစ်ခေါက်ခေါက်လို့မှမထူးရင် passcode ရိုက်ကာအထဲကိုဝင်ဖို့ Jungkook ဆုံးဖြတ်လိုက်သည်...အိမ်တံခါးကသော့နဲ့ဖွင့်လို့ရတာမျိုးလည်းရှိသလို၊smart lock လည်းရှိလေသည်...သော့ကသူ့ထဲမှာမရှိတာကြောင့် smart lock ကိုသုံးဖို့ Jungkook ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်...Taehyung ကလည်းသူ့ကို passcode ပြောပြထားသည်လေ...နောက်တစ်ကြိမ်တံခါးခေါက်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲတံခါးကပွင့်လာလေသည်...တံခါးနောက်ကွယ်ကသူကိုကြည့်လိုက်တော့ bathrobe ဝတ်ထားကာတဘက်ဖြင့်ခေါင်းသုတ်နေသည့် Taehyung ကိုမြင်လိုက်ရသည်...

아름다운 영혼(𝙱𝚎𝚊𝚞𝚝𝚒𝚏𝚞𝚕 𝚂𝚘𝚞𝚕)Where stories live. Discover now