Part-19

162 32 5
                                    

"ဒီကိုလာရင်ငါရှိတယ်လေ...မတွေ့ချင်ဘူးလား"

နူးညံစွာပြောလာသော Taehyung ကြောင့် Jungkook ပြာယာခတ်သွားရသည်။

"မ..မတွေ့ချင်ပါဘူး အဖြေလည်းပြန်မပေးဘူး
အလကားမူနေတယ်"

"အဲ့တာဆိုပိုက်ဆံပေးမူရမှာလား"

အိမ်တံခါးကိုဆွဲဖွင့်ပေးရင်းစောင်းငဲ့မေးသော Taehyung ဟာ Jungkook မျက်စောင်းနဲ့ဒိုင်းခနဲတိုးသည်။

"ပြန်မယ်! ပြန်မယ်! ခင်ဗျားဘာသာခင်ဗျားအလကားပဲမူမူ ပိုက်ဆံပဲပေးမူမူ လုပ်ချင်တာသာလုပ်တော့ ရည်းစားစကားအပြောခံရတာများကလေးကစားစရာထင်နေလားမသိ"

အိမ်ထဲကိုပင်မဝင်တော့ဘဲခြံထဲမှာထောင်ထားသည့်စက်ဘီးကိုဒေါကြီးမောကြီးနဲ့သွားယူကာ Jungkook မကျေမချမ်းပွစိပွစိပြောတော့ Taehyung ကအိမ်တံခါးကိုပုခုံးစောင်းမှီရင်းပြုံးသည်။

"လာပြောတဲ့သူကကလေးဖြစ်နေတာကိုး လူကြီးအစစ်ကသာလာပြောရင်ဒီအချိန်ဆိုနမ်းတောင်နမ်းပြီးလောက်ပြီ"

ထိုစကားကိုကြားတော့ Jungkook ကလက်ထဲမှာရှိနေသည့်စက်ဘီးကိုဝုန်းခနဲပစ်ချသည်။

"ဘယ်ကကလေးလဲ ဟမ် ဘယ်သူကကလေးလဲ ကျွန်တော်လူကြီးဖြစ်နေပြီ!...ဒီလိုပြောလို့လည်းခင်ဗျားနဲ့နမ်းချင်တယ်ထင်မနေနဲ့နော် ကြိုက်တာကသပ်သပ် အဲ့လိုကိစ္စမျိုးကသပ်သပ်ပဲ"

"ဘာ! မင်းအဲ့လိုပြောလို့ရမလား ရည်းစားစကားပြောထားပြီးအဆုံးထိတာဝန်ယူရမှာပေါ့"

ဆောင့်ကြီးအောင့်ကြီးနဲ့စက်ဘီးကိုပြန်ထောင်နေသည့် Jungkook ကို Taehyung ကပါကလေးလိုခြေဆောင့်ကာပြောလာသည်။

"မယူဘူးဗျာ မကျေနပ်ရင်လည်းကျွန်တော်ဖွင့်ပြောထားတာကိုပြန်ဖျက်သိမ်းပေး..."

"ဟေ့ ချာတိတ် ဘယ်သူ့သဘောနဲ့ဖျက်သိမ်းမှာလဲ ခွင့်မပြုနိုင်ဘူးနော်"

Jungkook ရဲ့စကားမဆုံးခင်လက်ကောက်ဝတ်ကိုလှမ်းကိုင်ကာပြောလာသည့် Taehyung စကားတွင်မာန်နည်းနည်းပါနေသည်။

"မသိဘူးဗျာ ကျွန်တော်ကတော့စိတ်မရှည်တော့ရင်ဖျက်သိမ်းလိုက်မှာပဲ အရမ်းပဲမများနဲ့ မြို့သားကြီးရေ သွားတော့မယ်ဗျာ"

아름다운 영혼(𝙱𝚎𝚊𝚞𝚝𝚒𝚏𝚞𝚕 𝚂𝚘𝚞𝚕)Where stories live. Discover now