မိတ်ဆက်/Playlist 1

738 34 3
                                    


"Jimin-ah" ဆိုသောအသံ ဖြင့်တိတ်ဆိတ်လှသောမနက်ခင်းလေထုကြီးကို Seokjin ရဲ့အသံသည်ဖောက်သွားပါသည်။ "အိပ်ရာထတော့လေသားလေး၊ ဒီနေ့ Seoul သွားရမှာမလား။ ရထားမမှီပဲနေအုန်းမယ်၊ ထတော့"။
"ဟုတ်နိုးပြီအမေ၊ မနက်စာစားပြီးတာနဲ့ရထားနဲ့သွားလိုက်မယ်နော်။ "ဟု Jimin က ပြန်ပြောလိုက်ပါသည်။ နိုးပြီးအကုန်ပြင်ဆင်ပြီးသည်နှင့်တစ်ပြိုင်နက်တည်းမိဘတွေကိုနှုတ်ဆက်ကာရထားမှတ်တိုင်‌သို့ထွက်ခဲ့သည်။
ရထားမှတ်တိုင်သို့ရောက်သောအခါသူအမှတ်မထင်အရာတစ်ခုနဲ့တိုက်မိသွားသည်။
"မျက်စိမပါဘူးလားကွာ၊လမ်းလျှောက်တာလူတောင်မမြင်ဘူး၊ဝင်တိုက်ရတယ်လို့။ "လူတစ်ယောက်ကညည်းညူလိုက်သည်။ Jimin လေးသည်တောင်းပန်ရံုမှတစ်ပါးဘာမှမပြောဘဲလှည့်သာထွက်ခဲ့တော့သည်။ Seoul ကိုရောက်သည်နှင့် SNU ဆီသို့ခြေဦးတည့်ခဲ့သည်။
အကအတန်းကိုစကော်လာအပြည့်ရခဲ့တဲ့ကောင်လေးကတော့ဂုဏ်ယူစွာနဲ့ဝင်သွားခဲ့ပါသည်။
စာတော်သောကျောင်းသားတစ်ယောက်ဖြစ်သောကြောင့် Lecture hall ကြီးရဲ့ပထမဆံုးထိုင်ခံုမှာထိုင်ကာ Proffessor RM လာမည်ကိုသာစောင့်နေခဲ့တော့သည်။
Proffessor RM ဝင်လာသည်နှင့်တစ်ပြိုက်နက်တည်းကျောင်းသားအားလံုးသည်မတ်တပ်ရပ်ကာနှုတ်ဆက်ခဲ့သည်။
RM သည် Jimin ကိုခေါ်ထုတ်ပြီးမိတ်ဆက်ပေးခဲ့လိုက်ပါသည်။
Jimin သည်နှုတ်ဆက်နေသည့်တစ်ခနမှာသူ လူတစ်ယောက်ကိုသတိထားမိသွားခဲ့သည်။ သူ့ကိုကြည့်ရတာအေးတိအေးဆက်နဲ့နောက်တော့သူသေချာကြည့်လိုက်တော့သူရထားမှတ်တိုင်မှာတိုက်မိတဲ့ကောင်လေးပဲ။
Prof RM စာသင်ချိန်ပြီးသည်နှင့်တစ်ပြိုင်နက်တည်းသူသည်အဲ့ကောင်လေးဆီပြေးသွားပြီးသူ့ကိုယ်သူမိတ်ဆက်ကာစကားစခဲ့သည်။ ဟိုကတော့တုတ်တုတ်မှမလှုပ်၊ ကျွန်တော် V ပါဆိုသောစကားတစ်ကြောင်းသာပြန်ပြောခဲ့သည်။ Jimin လေးရဲ့အမြင်မှာတော့ထယ်လေးကအလွန်လှပသောကောင်လေးတစ်ယောက်လို့မြင်ပြီးသူငယ်ချင်းအလွန်ဖြစ်ချင်ခဲ့သွားသည်။

-----------------------
ပထမအပို်င်းလေးမှာဘာမှမပေါ်သေးပါဘူးရှင့်🤗
နောက်အပိုင်းလေးတွေမှာဇာတ်လမ်းလေးပိုလှလာမှာအာမခံပါတယ်🥰
ဒီEpisodeလေးကတိုသွားပါတယ်
နောကိပိုင်းPlaylistတွေကပိုရှည်ပါတယ်နော်
Seriesလေးလည်းအဆံုးထိပြီးတော့မှာမို့လို့ဒီအပို်င်းမှာတင်မရပ်ပဲဆက်ဖတ်ကြည့်သွားပါရှင့်။

သတ္တုနှလံုးသား🤍Completed🤍Where stories live. Discover now