Playlist 11

124 11 2
                                    

Jiminပြုတ်ကျခါနီးမှာသူ့အနောက်ကနေလက်တစ်စံုကသူ့ကိုတင်းကျပ်စွာသိုင်းဖက်လိုက်သည်။ ပြီးသူ့ကိုအနောက်ပြန်ဆွဲလိုက်သည်။ ထိုလက်တစ်စံုရဲ့ပိုင်ရှင်ကတော့တခြားလူမဟုတ်Jungkookပင်ဖြစ်နေခဲ့သည်။ Jiminသည်Jungkookရင်ဘတ်ထဲတွင်တိတိဆိတ်ငြိမ်ပြီးခနတာမျှငြိမ်နေလိုက်သည်။
Jungkookသည်လည်းဘာမှပြန်မပြောပံထိုလူသားသေးသေးလေးကိုသူ့ရင်ဘတ်ထဲမှာလံုခြံုအောင်သိမ်းထားလိုက်သည်။
ခနကြာတော့RMသည်အပေါ်ရောက်လာပြီး"Jiminသားဘာလို့အဲ့လိုလုပ်တာလဲ။ သားဘဝကိုတန်ဖိုးမထားတော့ဘူးလား။ "
အဲ့အချိန်မှာJungkookသည်စကားလမ်းကြောင်းဖြတ်လိုက်ကာ
"Hyungဆူချင်ရင်နောက်မှဆူပါ။ သုအခုလန့်နေတာ၊မဆူပါနဲ့၊အိမိ
်အရင်ပြန်နှင့်လေHyung၊ခနကြာမှသားနှင့်Jiminပြန်လာခဲ့မယ်နော်"
RMသည်ဘာမှဆက်မပြောတော့ဘဲခေါင်းသာငြိတ်ပြီးသူ့အိမ်သူပြန်သွားသည်။ Jiminသည်တံတားပေါ်ကနေဆင်းပြီးပင်လယ်ကိုမျက်နှာမူပြီးဆောင့်ကျောင့်လေးထိုင်နေရာကနေ
"바다(ပင်လယ်ကြီး)နင့်ကိုငါအရမ်းမုန်းတယ်၊ငါ့ကိုလှည့်စားခဲ့လို့၊နင်ရဲ့ခက်ထန်လွန်းလှ‌သောလှိုင်းတွေကိုနင်ခံနိုင်ပေမဲ့ငါမခံနိုင်ဘူး၊ငါ့ကိုနာကျင်အောင်မလုပ်ပါနဲ့တော့ငါတောင်းပန်ပါတယ်၊ငါဆက်ပြီးမခံနိုင်တော့လို့ပါ၊ဒီထက်ပိုလာရင်တစ်စစီကွဲဖို့ပဲရှိတော့တယ်။"ဟုပြောရင်းမျက်ရည်များစွာစည်းကမ်းမရှိကျလာခဲ့သည်။ ထိုအချိန်သည်Jungkookဖို့ဘာလုပ်လို့လုပ်ရမှန်းမသိဘဲနေနေရတဲ့အချိန်၊သူထိုလူသားလေးကိုငိုဖို့နေနေသာသာဝမ်းတောင်မနည်းစေချင်တာ၊အဲ့တာကိုအဲ့လိုငိုနေတော့သူVကိုစိတ်ထဲမှာသာကျိန်ဆဲနေမိ။ပြီးတော့သူJiminကိုပြန်ကြည့်ကာစိတ်ထဲရေရွတ်နေမိ"ပင်လယ်ပြင်ကြီးရဲ့အလှတရားထက်Hyungရဲ့အလှတရားကပိုလှနေလို့ပင်လယ်ကြီးကိုကျောပေးကာHyungကိုသာကြည့်နေခဲ့တယ်။"
Jungkook:"Hyungရယ်ငိုမနေပါနဲ့တော့၊သူနဲ့ပျက်ခြင်းဟာလည်းHyungအတွက်ပိုကောင်းတဲ့လူတစ်ယောက်ဆီတွန်းပို့တာလို့ပဲသဘောထားရင်းဘဝတစ်ထောင့်တစ်နေရာမှာတွေ့တယ်လို့သာသဘောထားလိုက်ပါနော်။ "
Jimin:"Jungkookရယ်သိလား၊ငါ့မှာမျှော်လင့်ချက်များစွာနဲ့၊နောက်ဆံုးတော့သူကဘာမှမဟုတ်ပါဘူးတဲ့၊ရင်ဘတ်ကိုခြေထောက်နဲ့ဆောင့်ကန်လိုက်သလိုနာကျင်နေတယ်၊ဘာလို့အဲ့လောက်ထိတောင်နာရတာလဲဟင်။ "
Jungkookသည်သူ့ကိုဆွဲဖက်ထားလိုက်တယ်။Jiminမျက်ရည်များသည်Jungkookနောက်ကျောကိုစိုနေခဲ့တယ်။ Jungkookအဖို့ထိုမျက်ရည်များသည်အက်ဆစ်လောင်းချသကဲ့သို့နာကျင်ခဲ့သည်။
ခနကြာတော့Jiminသည်မောမောနဲ့အိပ်ပျော်သွားသည်။ ညသည်လည်းတော်တော်နောက်ကျနေပြီဖြစ်၍Jiminကိုချီကာအိမ်သို့ပြန်ခဲ့လေသည်။
နောက်နေ့မနက်သည်Jiminမွေးနေ့ဖြစ်သည်သူJiminအဖို့တစ်ခုခုစီစဉ်ရန်ကြံစည်နေလေသည်။
Oct 13
နောက်နေ့မနက်Jiminအောက်ထပ်ရောက်တော့Jungkookကိုမတွေ့ဘဲသူပြင်ထားတဲ့Pancakeအကြီးကြီးနဲ့အသီးတွေကိုသာတွေ့သည်။ဘေးနားကစာရွက်လေးပေါ်မှာ"You will always be the priority for the people who really care about you so forget those materialistic humans."။ ထိုစာလေးကိုဖတ်သာဖတ်လိုက်သာJiminနားမလည်ခဲ့။ စာလေးရဲ့အနောက်မှာကြိုးနီလေးတစ်ချောင်းတွယ်ထားတယ်။ အဲ့ကြိုးနီလေးနောက်ကိုဖြေးဖြေးချင်းလိုက်သွားသည်။
စာလေးကိုပါတစ်ပါတည်းယူသွားလိုက်လေသည်။ အိမ်အပြင်ရောက်ခါနီးသော်လည်းကြိုးနီလေးမှာမဆံုးသေး။ အိမ်ရှေ့ခြံအပြင်ရောက်တော့Jungkookသည်စားပွဲခံုတစ်လံုးပေါ်တွင်ရောင်စံုခြယ်ကိတ်မုန့်၊သရေရိုစရာမုန့်များ၊လေပေါ်ပျံဝဲနေသောပူစီပေါင်းကြားမှာလှလှပပလေးမတ်တပ်ရပ်နေလေသည်။Jiminသည်Jungkookဆီကိုတန်းတန်းမတ်မတ်လျှောက်သွားပြီးနောက်Jungkookသည်
"Happy birthdayပါHyung၊ကျွန်တော့်မှာပေးစရာSurpriseတွေရှိသေးတယ်။အဆင်သင့်ဖြစ်ပြီလား။ "
Jimin:"ဟင့်အင်း၊ဘယ်တုန်းကများပြင်ထားတာပါလိမ့်၊တစ်မနက်စာsurpriseတွေတော်တော်များနေပြီလေ၊Hyungကိုလည်းကြည့်ပါအုန်း၊အိပ်ရာကနေထလာတာပေတီးပေစုတ်ရုပ်နဲ့"
Jungkookသည်စိတ်ထဲတွင်"ခေးရယ်ဘယ်အချိန်ကြည့်ကြည့်နတ်သားလေးလိုပြည့်စံုမေပြီးသားပါ‌"ရေရွတ်လိုက်သည်။
Jimin:"အော်ပြီးတောါဒီစာကဘာတွေရေးထားတာလဲHyungနားမလည်လို့။ "
Jungkook:"ဘာရေးထားတာလဲဆိုတော့သင်ဟာသင့်ကိုတကယ်ဂရုစိုက်တဲ့လူတွေအတွက်ဦးစားပေးပါအဲ့တာကြောင့်မို့ပစ္စည်းမက်တဲ့လူတွေကိုဂရုမစိုက်ပါနဲ့လိုပြောတာပါဗျ။ "
Jimin:"Kook-ah၊Hyungရဲ့အနိမ့်ဆံုးနဲ့အမြင့်ဆံုးချိန်တွေမှာဘေးမှာမငြိုမငြင်ရှိနေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ "ဆိုပြီးJungkookကိုလှမ်းဖက်လိုက်သည်။ Jungkookနှလံုးခုန်နှံုးသည်မရှိလို့သာရှိရင်ပေါက်တောင်ထွက်သွားမယ်ကဲ့သို့စိတ်တွေလှုပ်ရှားသွားသည်။Jungkookလက်များသည်Jiminရဲ့အချိုးကျလွန်းသောခါးသေးသေးလေးမှာနေရာယူလိုက်သည်။ တစ်ခနကြာသော်
Jungkook:"Hyungဒါကကျွန်တော်လုပ်ပေးရမဲ့အရာတွေပါ၊အခုလက်ဆောင်လေးတွေဖွင့်ကြည့်ပါလား။ "
Jiminသည်ပထမဆံုးဖဲကြိုးပန်းရောင်လေးနဲ့ချည်ထားသောဘူးလေးကိုကောက်ဖွင့်လိုက်သည်။ အထဲမှာလက်မှတ်လေး၂စောင်။ သေချာကြည့်လိုက်တော့Tokyoကိုသွားဖို့လက်မှတ်တွေပင်ဖြစ်သည်။ Jiminရဲ့အိပ်မက်နိုင်ငံလေးကိုသွားရတော့မည်ကိုသိသောအခါလန့်ဖြန့်ပြီးပါးစပ်ကိုလက်သေးသေးလေးများဖြင့်ကောက်အုပ်ကာ"Kookဒါတကယ်လား၊Hyungအိပ်မက်မက်နေတာမဟုတ်ဘူးမလား"ဆိုပြီးသူ့ကိုသူဆွဲဆိတ်ကြည့်လိုက်သည်။Jungkookသည်တားလိုက်ကာ"အိပ်မက်မဟုတ်ပါဘူးဗျတကယ်ပါ။ ဒီနေ့၂နာရီထိုးလေယာဉ်ထွက်မှာ၊Hyungအရမ်းသွားချင်နေတဲ့နိုင်ငံဆိုတာသိလို့ဒီလက်ဆောင်လေးကိုရွေးလိုက်တာပါ။"Jiminသည်မျက်ရည်များပင်ဝဲလာတဲ့အထိကိုပျော်နေခဲ့တယ်။
Jungkook:"Hyung,အထုပ်တွေသွားပြင်လေ၊ကျွန်တော်RM Hyungကိုပြောပေးထားမယ်နော်"ဆိုပြီးယုန်သွားလေးဖြင့်ပြံုးပြကာJiminသည်ခေါင်းကိုညိတ်ပြီးအိမ်ပေါ်ထပ်ကိုပြေးတက်သွားလေသည်။
Jungkookသည်RMကိုဖုန်းဆက်ကာသူJiminအတွက်ကျောင်းကိုတစ်ပတ်ခွင့်ယူခဲ့သည်။

♥Snowထပ်ပြီးRequest လုပ်ပါမယ်။ Updateနောက်ကျလို့တောင်းပန်ပါတယ်။ကျေးဇူးတင်ပါတယ်။ ♥

သတ္တုနှလံုးသား🤍Completed🤍Where stories live. Discover now