Playlist 22

91 8 1
                                    

နောက်ရက်ရောက်တော့မသိမသာပင်ဘာမှမဖြစ်ခဲ့သလိုပင်နှစ်ယောက်သားမနက်ခင်းအလုပ်တွေကိုကိုယ်စီလိုက်လုပ်နေကြတာ၊ပြီးသည်နှင့်Jiminကကျောင်းသွား၊Jungkookကလိုက်ပို့ရင်းနဲ့လိုမယ်ထင်တဲ့အရာလေးတွေကိုပင်လိုက်လို့ဝယ်။

ညနေဘက်ရောက်တော့Jiminကအိမ်ပြန်ရောက်သည်နှင့် Jungkookကိုခနခေါ်ပြီးတော့

Jimin:"မောင်၊ကိုပြောစရာရှိတယ်"

Jungkook:"ပြောပါဗျာ၊ဘာလဲမနေ့ကအရမ်းကိုပျော်ခဲ့ပါတယ်ဆိုတဲ့အကြောင်းလား"

Jimin:"ဘာတွေပြောနေတာလဲ၊ပရီးပရားနဲ့၊ကဲပါပြောချင်တာက၊ကျောင်းကခရီးစဉ်တစ်ခုသွားရမယ်တဲ့၊အဲ့တာ၃ရက်လောက်ကြာ‌မယ်ပြောတယ်၊ထူးထူးခြားခြားမဟုတ်ပါဘူး၊ဒယ်ဂူးမြို့ကိုသွားလည်မှာ၊အဲ့တာမနက်ဖြန်သွားရမှာ။ "

Jungkook:"အင်းလေသွားပေါ့ကိုရဲ့၊ရတယ်လေ၊ဒါပေမဲ့ကိုကို့ကိုလွမ်းနေမှာ"

Jimin:"မောင်ကလည်း၊ကိုကများမလွမ်းဘူးထင်လား၊ကမ္ဘာကြီးထက်ကိုပိုလွမ်းမှာ၊အခုစကားပြောနေရင်းနဲ့တောင်လွမ်းလာပြီ"

Jiminသည်Jungkookရင်ခွင်ထဲမှာတင်ပဲဖက်ထားလိုက်ပြီးငြိမ်ငြိမ်လေးပဲနေနေလိုက်သည်။

Jungkookသည်လည်းသူ့ကမ္ဘာငယ်လေးကိုဘာလာလာရင်းရဲတယ်၊ထိုလူသားလေးစိတ်ချမ်းသာနေသ၍......

Jungkook:"အဲ့ဆိုကိုမနက်ဖြန်သွားမယ်ဆိုအချိန်သိပ်မရှိတော့ဘူးပဲအဲ့ဆိုလာ၊ပစ္စည်းတွေထည့်ပေးမယ်ဟိုရောက်ရင်ဘာမှမလိုအောင်။ "

Jimin:"အင်း"

အဲ့တာနဲ့Jungkookသည်ခေါင်းအစခြေအဆံုးဝတ်ဖို့၊ဆေးဝါး၊အသံုးအဆောင်အကုန်လံုးကိုဟိုရောက်ရင်လိုက်ရှာနေစရာမလိုအောင်ပင်သေသေချာချာလုပ်ပေးလိုက်လေသတဲ့။

ပြီးရင်လည်းပါးစပ်ကနေ

Jungkook:"ကိုကဗိုက်ခနခနအောင့်တတ်တဲ့သူ၊အဲ့ကြောင့်မို့လမ်းဘေးစာတွေလျှောက်မစားနဲ့၊စားပြီးရင်လည်းဆေးသောက်ဖို့မမေ့နဲ့၊အရက်တွေဘာတွေလည်း‌သိပ်မသောက်နဲ့ခေါင်းတွေအံုနေလိမ့်မယ်၊ညဘက်ကိုတစ်ညလံုးလျှောက်မသွားနေနဲ့၊စောစောပြန်၊နေရာစိမ်းဆိုတော့သူငယ်ချင်းတွေနဲ့ပဲနေ၊တစ်ယောက်တည်းမသွားနဲ့......"

သတ္တုနှလံုးသား🤍Completed🤍Tahanan ng mga kuwento. Tumuklas ngayon