Playlist 5

187 12 2
                                    

Vလေးကိုတင်းကျပ်နေအောင်Jiminဖက်ထားလိုက်သည်။
V:"နင်ဖြည်းဖြည်းညှစ်ပါဟယ်ငါနံရိုးတွေကျိုးသွားပါအုန်းမယ်။"
Jimin:"ငါနင့်ကိုသတိရလို့ပါဟာ။ "
V:"ငါတို့မတွေ့တာ၁ရက်ပဲရှိသေးတယ်လေ၊ပြီးတော့နင်မနေ့က သွားတာဘာလို့ငါ့ကိုမနှိုးသွားတာလဲ။"
Jimin:"အော်၊နှိုးမလို့ပဲနင်ကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတော့မနှိုးရက်လို့ပါ။ "
V:"ကဲပါ၊ငါတို့အတန်းသွားတက်ရအောင်" ဆိုပြီ‌းပြောကာJiminပုခံုးလေးကိုဖက်ကာကျောင်းဝန်းထဲသို့ဝင်သွားခဲ့သည်။
အတန်းထိုးခေါင်းလောင်းမြည်ပြီးတဲ့အချိန်မှာProf RMဝင်လာခဲ့သည်။
RM:"အားလံုးပဲမဂ်လာပါ။ ဒီနေ့ကျောင်းသားအသစ်‌တစ်ယောက်ရှိပါတယ်။ သားလာ။ သူ့နာမည်က Jhopeပါ။သားသွားထိုင်။ အော်ပြီးတော့ကလေးတို့ဒီနေ့ကစပြီးအကသင်တန်းစဖွင့်ပါပြီ။စာရင်းပေးချင်ရင်တစ်ခါတည်းပေးသွားလို့ရတယ်နော်။ကဲအခုအတန်းစမယ်စာအုပ်ဖွင့်"
စာသင်ချိန်ပြီးချိန်တွင်Jimin သည်ဆရာ့ဆီပြေးကာသူ့နာမည်စာရင်းပေးခဲ့သည်။ Jiminသည်အကကိုအလွန်မင်းသဘောကျနှစ်သက်လွန်းလို့သူ့၂ခါမစဉ်းစားပဲစာရင်းပေးခဲ့သည်။
---နေ့လည်စာထမင်းစားချိန်---
Jimin သည်သူ့အိတ်ထဲကJungkook လုပ်ပေးတဲ့နေ့လည်စာလေးကိုထုတ်ကာ Vတို့နှင့်တစ်ဝိုင်းထဲထိုင်လိုက်သည်။
V:"မင်းကတော့မိုက်တယ်ဟေ့၊စားချင်စရာလေး"
အဲ့အချိန်မှာပဲJhopeသည်သူတို့စားပွဲသို့ချဉ်းကပ်ကာ
"Annyeong,ကျွန်တော်ဟိုနေ့ကလမ်းမေးတာအစ်ကိုတို့၂ယောက်ဟုတ်တယ်မလား"
Jimin:"ဟုတ်ပါတယ်"
Jhope:"ကျွန်တော့်နာမည်Jhopeပါ။ တွေ့ရတာဝမ်းသာပါတယ်။ အစ်ကိုတို့၂ယောက်ကိုစာသင်ခန်းထဲမှာတွေ့တော့ကျွန်တော်သူငယ်ချင်းမရှိမှာကိုစိတ်ပူတာပျောက်သွားတာနဲ့အစ်ကိုတို့ကိုကျွန်တော်စကားလာပြောတာပါ။ သူငယ်ချင်းဖြစ်ချင်ပါတယ်"
Jimin:"ကျွန်တော့နာမည်Jiminပါ။ သူကတော့Vပါ"
Vသည်လက်ဝှေ့ပြကာ"တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်တို့နဲ့အတူနေ့လည်စာထိုင်စားလေ။"
Jiminလေးသည်ပြံုးကာလက်ခံလိုက်သော်လည်းမနေ့ကVပြောခဲ့တဲ့စကားသည်သူ့နားထဲကိုအဖန်ဖန်ခါခါဝင်နှောင့်ယှက်နေလေသည်။သူသည်အတွေးများကိုဖယ်ထားချင်၍သူ့အတွက်လုပ်ပေးလိုက်တဲ့နေ့လည်စာကိုထုတ်စားဖို့ပြင်လိုက်သည်။
ထမင်းဘူးဖွင့်လိုက်တဲ့အချိန်မြင်ရသောမြင်ကွင်းကြောင့်Jiminလေးမျက်ရည်လည်သွားသည်။ ထမင်းဘူးမှာBento designလေးနဲ့စာလေးတစ်စောင်၊သူSeoul မပြောင်းလာခင်ကSeokjinသည်Jiminကိုနေ့တိုင်းBento box လေးနဲ့စာလေးတစ်စောင်ကိုအမြဲရေးပေးနေကျ။သူအဲ့မြင်ကွင်းလေးကိုပြန်မြင်ရတော့သူ့အမေကိုသတိရသွားတယ်။ သူ့အတွေးများကိုခနရပ်ကာတိမ်ပြာရောင်စာလေးကိုဖွင့်ကာဖတ်လိုက်သည်။
"Hyung!Annyeong!နေ့လည်စာကိုသေချာစားပါ။ Hyungကိုအိမ်ပြန်ရောက်မှတွေ့မယ်။"
စာလေးကိုဘေးချကာဝကိဝံရုပ်ထမင်းနဲ့ဟင်းကိုစစားဟန်ပြင်လိုက်ပါသည်။ ပထမတစ်ကိုက်စားပြီးတာနဲ့Jiminသည်အံ့ဩစွာနဲ့မျက်စိတွေတောင်ပြူးသွားပြီးတော့တစ်ကိုက်ပြီးတစ်ကိုက်ဆက်စားခဲ့သည်။
အတန်းတက်ခေါင်းလောင်းပြန်တီးသောအခါသူတို့၃ယောက်လက်စဖြတ်ပြီးအတန်းသို့ပြန်ပြေးတက်ခဲ့သည်။
သူတို့၂ယောက်ထိုင်နေကျနေရာလေးမှာJHopeကလာထိုင်တော့Jiminလေးကမျက်နှာရှံု့သွားသည်။ သို့သော်လည်းVကJHopeကိုသူ့ဘေးနားခေါ်ထိုင်ခဲ့သည်။ သူပို၍စိတ်ပျက်သွားခဲ့တယ်။ သို့သော်လည်းဘာမှမပြောကာစာဆက်သင်နေလိုက်သည်။ ကျောင်းဆင်းချိန်ရောက်တော့Jiminလေးကအကသင်တန်းရှိတဲ့အတွက်Vကိုနှုတ်ဆက်တုန်းပဲရှိသေးတယ်၊JHopeကဖြတ်လျှောက်သွားတာတွေ့တော့Vသည်Jiminနှင့်စကားလမ်းကြောင်းဖြတ်ကာJHopeဆီသို့ပြေးသွားသည်။ Jiminတစ်ယောက်တင်းပြီပေါ့။ တင်းတင်းနဲ့Vကိုလည်းဘာမှမ‌မ‌ပြောချင်တာနဲ့အကသင်တန်းဆီသာသွားခဲ့သည်။
တစ်္ရက်လံုးသူ့ရဲ့သူငယ်ချင်းအရင်းကြီး၊သဘောကျသောလူတစ်ယောက်ကသူနှင့်ဝေးကွာလာသလိုဖြစ်နေခဲ့တယ်။ JHope နဲ့Vတူတူရှိနေတဲ့အချိန်သည်Jiminအတွက်အလွန်နာကြည်းလွန်းလှသည်။ အဲ့တာတွေကိုစဉ်းစားနေရင်းသူ့မျက်နှာပေါ်မှာမျက်ရည်တွေကျနေတာသူသတိထားမိတယ်။ ထိုမျက်ရည်များကိုJiminကသုတ်ကာအကသင်တန်းကိုသာသွားခဲ့သည်။ သူစိတ်ညစ်နေတာတွေအကုန်ပျောက်သွားအောင်သူအလွန်မင်းအားပါစွာနဲ့ကခဲ့သည်။ တစ်ချက်အလွဲတွင်ခြေထောက်ခွင်ကာအောက်သို့လဲသွားသည်။ လဲတဲ့အချိန်ကြမှသူနာရီကြည့်မိတာည၁၀နာရီတောင်ထိုးခဲ့ပြီ။ သူကတာ၅နာရီတောင်ရှိသွားပြီပေါ့။ အဲ့တော့မှသူဖြည်းဖြည်းပြန်ထကာအိမ်သို့ပြန်ခဲ့သည်။
---အိမ်သို့ရောက်သောအခါ---
Jiminသည်အိမ်သို့ဝင်တော့မဲ့အချိန်တွင်သူ့‌အရှေ့ကမြင်ကွင်းတစ်ခုကိုJiminကြည့်ကာ
"Vသာငါ့ကိုJungkookလိုသာစဉ်းစားပေးရင်ငါပျော်ပြီ"
မြင်ကွင်းလေးကတော့Jungkookတစ်ယောက်အိမ်ရှေ့တွင်ခေါက်ထုတ်ခေါက်ပြန်လျှောက်ပြီးJiminပြန်အလာကိုစောင့်နေတဲ့ပံုလေး။
Jiminသည်အိမ်သို့ဝင်သောအခါJungkookသည် Jiminဆီသို့ပြေးလာကာ"Hyung,ဘာလို့ဒီလောက်နောက်ကျရလဲ၊ကျွန်တော့်မှာစိတ်ပူလိုက်ရတာ၊တစ်ခုခုမ‌ျားဖြစ်သွားပြီလားလို့။ ကျွန်တော်RM hyungဆီဖုန်းတောင်ဆက်ပြီးမေးလိုက်သေးတယ်။ နောက်တစ်ခါအဲ့လိုမလုပ်ပါနဲ့Hyungရယ်ကျွန်တော်လန့်သွားတာပဲ။ နောက်တစ်ခါHyungကျောင်းပြန်ကျွန်တော်လာခေါ်မယ်ပြီးတော့Hyung ဖုန်းနံပတ်ပေးထားဘယ်ဆက်လို့ဆက်ရမှန်းကိုမသိဘူး"
Jiminသည်Jungkookပြောတာကိုနားသာထောင်နေတော့သည်။
Jimin:"ဟုတ်ပါပြီKookရာ၊Hyungတောင်းပန်ပါတယ်နော်။ "
Jungkook:"ဒီတစ်ခေါက်တော့Hyungမို့ခွင့်လွှတ်လိုက်မယ်၊အခုညစာစားမလားကျွန်တော်ချက်ထားတဲ့ဟင်းတွေတောင်အေးကုန်ပြီ။Hyung၊ရေသွားချိုးနော်။"
Jiminသည်ပြံုးကာခေါင်းငြိတ်ပြလိုက်သည်။
Jungkookသည်မီးဖိုချောင်ထဲသို့ဝင်ကာဟင်းများနွှေးနေလိုက်သည်။
Jiminသည်ထိုအချိန်တွင်ရေမိုးချိုးသန့်စင်။
ထမင်းစားခံုတွင်Jungkook သည်Jiminအတွက်Kimchi Jjigaeနဲ့ထမင်းဖြူပြင်ပေးထားသည်။Jiminသည်အောက်သို့ဆင်းလာကာနောက်ဆံုးလှေကားထစ်တွင်ကတုန်းကကျထားတဲ့ဒဏ်ကြောင့်ခြေထောက်သည်ခွင်ကျသွားလေသည်။ အဲ့အချိန်မှာJungkookသည်မျက်လံုးပြူးကာဖြင့်Jiminဆီပြေးလာခဲ့သည်။
"Hyung,နာသွားလား၊ဘာဖြစ်သွားသေးလဲ၊လန့်လိုက်တာHyungရယ်၊လာကျွန်တော်တွဲပေးမယ်"
Jiminသည်Jungkookကိုတွဲကာထမင်းစားပွဲမှာထိုင်ခိုင်းလိုက်သည်။
Jungkookသည်ခြေထောက်ကိုသေချာကြည့်ပြီးတော့"Hyungဘာဖြစ်လာတာလဲ။ "
Jimin:"ကျောင်းမှာကတုန်းခြေထောက်ချော်ကြသွားတာပါ။ ဘာမှမဟုတ်ဘူး၊ရတယ်။ "
Jungkook:"ဘာကိုဘာမှမဟုတ်ရမှာလဲ။ အဲ့လောက်ဒဏ်ရာရ‌လာတာတောင်ဘာမှမပြောဘူး၊Hyungနောက်ဆိုဘာဖြစ်ဖြစ်ပြောအဲ့လိုဖြစ်ကလဲ့စမ်းမနေ့နဲ့။ "
Jungkookသည်ရေနွေးအိတ်သွားယူရာကနေပြောသွားသည်။
ပြန်လာသောအခါ"Hyungထမင်းစား၊ကျွန်တော်ကပ်ပေးထားမယ်နာရင်ပြော၊ကျွန်တော်သာလူဆိုရင်Hyungလုပ်တာနဲ့ငိုတောင်ငိုမိမှာ"
Jimin:"ဟုတ်ပါပြီဗျ၊ပြောပါ့မယ်နော်၊ငိုတော့မငိုလိုက်ပါနဲ့၊Hyungပြီးမှလုပ်မယ်ရတယ်"
Jungkook:"အော်ကျွန်တော်လုပ်ပေးမယ်စားစရာရှိတာစား"
Jiminသည်ပြောလို့မရတဲ့အဆံုးစကားနားထောင်ပြီးထမင်းစားလိုက်သည်။ Jiminသည်Vအကြောင်းပြန်တွေးကာသူဆိုငါဘယ်လိုနေလဲစိတ်တောင်ပူမှာမဟုတ်ဘူး၊အခုနင်ဘလိုနေသေးလဲငါသိချင်တယ်...

သတ္တုနှလံုးသား🤍Completed🤍Where stories live. Discover now