Playlist 14

123 8 0
                                    

V:"ငါ့ဆီနောက်ဆံုးတစ်ခေါက်တော့ပြန်လာခဲ့ပါနော်။"
Jiminသည်လည်းနောက်ဆံုးတော့Vရဲ့စကားလံုးများကိုကျဆံုးသွားသည်။
Jimin:"ကောင်းပြီ၊ငါနောက်ဆံုးတစ်ကြိမ်အခွင့်အရေးထပ်ပေးမယ်၊ဒါပေမဲ့ငါတို့ဆက်ဆံရေးကိုလျှို့ဝှက်ပေးထားရမယ်။ "
V:"ဘာလို့လဲသဲရဲ့။"
သူ့ကိုချက်ချင်းသဲလို့ခေါ်လိုက်တော့ပျော်ရွှင်ရမလား၊စိတ်ပဲလှုပ်ရှားရမလားဝေခွဲမရ။ သူ့ကိုသူသတိထားမိတာတစ်ခုကသူပထမတစ်ကြိမ်လောက်ရင်မခုန်နေမိတာ။
ဒါပေမဲ့သူ့ကိုသူVကိုချစ်တယ်လို့သာသတ်မှတ်လိုက်ပြီး
Jimin:"ကိုအရင်ကလုပ်ခဲ့တဲ့ဒဏ်ရာကသဲအတွက်နာကျင်နေဆဲ၊အဲ့တာကိုလူအရှေ့မှာပါချပြဖို့ဆိုရင်သဲအတွက်အဆင်သင့်မဖြစ်သေးလို့ပါ။"
Vသည်ခပ်တိုးတိုးလေးသက်ပြင်းလေးချကာ
V:"ကောင်းပြီလေသဲ။"
အဲ့တာနဲ့ဖုန်းချပြီးနောက်သူ့ဟာသူအူတွေယားပြီးအိပ်လို့တောင်မပျော်ခဲ့။
Jiminလေးအဖို့ရောင်နီဆိုပေမဲ့အပြင်မှာမတ်တပ်ရပ်ပြီးနေခဲ့ပြီးကြောင်ကြောင်ကြီးရပ်နေတဲ့Jungkookအဖို့မုန်တိုင်းရဲ့ဗဟိုကိုရောက်နေခဲ့သကို့ကိုနာကျင်နေခဲ့။ သူ့မှာမျက်ရည်မ‌ျားသာရှိခဲ့ရင်ပင်လယ်သမုဒ္ဒရာလောက်တောင်ရှိနေခဲ့မှာ။
သူJiminကိုသူရှိမှန်းလည်းအသိမပေးစေချင်တာနဲ့ဖြည်းဖြည်းချင်းပဲအဲ့နေရာကနေသူ့အခန်းကိုပြန်လျှောက်သွားသည်။
အင်းပါလေ၊အချစ်ကမျက်စိကန်းစေသကဲ့သို့သည်းခံစေတယ်။
Jiminသည်မနက်ဖက်နိုးပြီးအောက်ထပ်ရောက်တော့သူ့အဖို့ပံုမှန်လိုအရောင်စံုသောဟင်းလျာတွေအစားခေါက်ဆွဲပြုတ်တစ်ပွဲနဲ့ကင်ချီတစ်ပန်းကန်သာတွေ့။ အဲ့တာနဲ့Jungkookသည်မီးဖိုချောင်ထဲမှထွက်လာကာပံုမှန်ကလိုအပြံုးလေးနဲ့နှုတ်ဆက်တဲ့အစားဒီတိုင်းလေးဘဲကြည့်လိုက်ကာခေါက်ဆွဲပန်းကန်လေးကိုသာလက်ညှိုးလေးထိုးပြလိုက်သည်။
ထိုအရာကိုJiminတစ်ယောက်မရိပ်မိသူ့ဟာသူပြံုးစိပြံုးစိနဲ့ပျော်လို့နေသည်။
မနက်စာစားပြီးသည်နှင့်Jiminသည်ပံုမှန်မနက်ခင်းတိုင်းလိုပဲJungkookကိုဖက်လိုက်တော့မနွေးထွေးနေပဲနဲ့ရေခဲတံုးကြီးသကဲ့သို့အေးစက်နေခဲ့သည်။
အဲ့အချိန်ကြမှ
Jimim:"Jungkookနင်နေနကောင်းလား၊အဆင်မှပြေရဲ့လား။မကောင်းရင်Hyungဘာလုပ်ပေးရမလဲ"
Jungkookသည်ပံုမှန်လိုမြူးမြူးလေးဖြေမဲ့အစား
Jungkook:"ကျွန်တော်အဆင်ပြေပါတယ်Hyungရဲ့စိတ်မပူပါနဲ့၊ကျောင်းကိုသာစိတ်ဖြောင့်ဖြောင့်သွားနော်"
ဆိုပြီးသူ့ကိုသူဆွဲတင်းကာအပြံုးအတုလေးကိုသာအားတင်းပြီးပြံုးပြလိုက်သည်။
Jiminသည်လည်းအဲ့တော့မှကျောင်းကိုလမ်းလျှောက်သွားသည်။ Jiminကိုမျက်စိအရှေ့မှပျောက်သွားပြီဆိုတော့မှစားပွဲ‌ခံုးလေးရဲ့ထောင့်နားလေးမှာငုတ်တုတ်လေးထိုင်နေခဲ့မိ။ အရာရာကိုစွန့်လွှတ်လို်ကသကဲ့သို့ပင်သူ့ကိုသူပြိုလဲပလိုက်သည်။
ဘေးကကြည့်ရင်တော့
စက်ရုပ်လေးတစ်ယောက်ပင်ပန်းလို့သာထိုင်နေတယ်လို့မြင်မိမှာဒါပေမဲ့သူ့ရင်ဘတ်ထဲမှာတော့ဗြောင်းဆန်နေခဲ့။ အချစ်လားဒဏ်ရာလားမကွဲတဲ့အခြေနေကြီးတစ်ခု.................
-------ကျောင်းတွင်-------
Jiminသည်ကျောင်း‌ရောက်တာနဲ့Vလေးကိုတွေ့ကာအနမ်းတစ်ပွင့်ခြွေခဲ့ပြီး။
အတန်းထဲမဝင်ခင်RMသည်Jimin ကိုစကားပြောဖို့ခနတားလိုက်ကာသူ့ရံုးခန်းကိုခေါ်သွားလိုက်သည်။
RM:"Jimin,သားကိုဒီနေ့ခေါ်လာတာကထူးထူးခြားခြားတော့မဟုတ်ပါဘူး၊သားဆ‌ရာတို့အိမ်ဘက်ပြောင်းလာတာ၁လပြည့်ပြီ။ သားဆက်နေဖို့အစီစဉ်ရှိမရှိသိချင်လို့ခေါ်လိုက်တာဘာရယ်မဟုတ်ဘူး"
Jiminသည်အဲ့တော့မှသူသိလိုက်တာကအချိန်တွေကုန်ဆံုးတာမြန်လွန်းအားကြီးတယ်။ သူအရာရာကိုအခွင့်အရေးလိုသဘောထားပြီးယူနေခဲ့မိတယ်။ ထိုအိမ်တွင်လည်းအမှတ်တရဆိုတာများစွာရှိသည်၊Tokyoခရီးလေး၊ခြေထောက်ဒဏ်ရာနှင့်သူ့အဖို့အမှတ်ရဆံုးကတော့Jungkook မေ့လဲသွားတဲ့အချိန်။သူ့ဟာသူပြန်မစဉ်းစားမိတာကJungkookမရှိတော့ရင်သူဘယ်လိုနေမလဲဆိုတာ။
Jiminခပ်ဝေးဝေးမစဉ်းစားတော့
"ကျွန်တော်နေရတာအဆင်ပြေတာထက်ကိုပိုပါတယ်ဆရာ၊ဒါပေမဲ့သားကျောင်းအဆောင်ကိုပြန်ပြောင်းချင်တယ်ဆရာ၊ဒီမှာနေရတာသက်သောင့်သက်သာအရမ်းရှိပေမဲ့သားကဝန်ထုတ်ဝန်ပိုးကြီးလိုခံစားရတယ်၊အရမ်းကြီးကျယ်ခမ်းနားလွန်းတယ်၊ပြီးတော့ဆရာကျွန်တော်ကျောင်းကနေလမ်းလျှောက်ရင်အဲ့အိမ်ကိုဖြတ်လျှောက်မိမှာဆိုတော့ဝင်ဝင်နှုတ်ဆက်လို့ရတယ်။အဲ့တော့ကျွန်တော်လည်းပေါ့ပေါ့ပါးပါးဝန်ထုပ်လေးဖြစ်ပြီးဆရာနဲ့Kookနဲ့ကိုတွေ့ချင်ရင်ဝင်လာလိုက်ရံုပဲ။"
RMသည်ထိုအဖြေကို‌ေ‌စာင့်နေခဲ့တာမဟုတ်ဘူးဆိုပေမဲ့သူလက်ခံလိုက်ပါတယ်။
RM:"အဲ့တာဆို‌လည်းကောင်းပြီသား၊ဆရာဒီနေ့ညနေအဆောင်ကိုပြန်လိုက်ပို့ပေးမယ်နော်။အဲ့ဆိုသွားလို့ရပြီနော်။"
Jiminသည်သူ့ကိုယ်သူခွင့်ပြုပြီးစာသင်ခန်းထဲကိုပြန်သွားသည်။ ပြီးတော့Vရဲ့ဘေးလေးကိုအပြေးလေးထိုင်ကာ
Jimin:"ကို၊သဲဒီနေ့အဆောင်ကိုပြန်လာခဲ့ပြီ"
V:"သဲတကယ်လား။ ပျော်စရာကြီးပေါ့"
Jiminသည်ပြံုးပြံုးလေးနဲ့ခေါင်းညိတ်ပြလိုက်သည်။
ထိုမျက်နှာလေးကိုဆွဲကိုက်ပစ်ချင်စရာလေးပါလား။
စာသင်ချိန်ပြီးတော့Jiminသည်V ကိုနှုတ်ဆက်ကာအိမ်ကိုအထုတ်အပိုးထုပ်ဖို့ပြင်လိုက်သည်။
အိမ်မှာအထုပ်အပိုးပြင်ပြီးတော့အိမ်အပြင်ထွက်ခါနီးတော့မှJungkookသည်Jiminကိုတွေ့ပြီးလက်ကလေးကိုဆွဲကိုင်ကာ
Jungkook:"Hyungတကယ်သွားတော့မလို့လားဟင်၊မသွားပါနဲ့။"
Jimin:"Kook၊Hyungတကယ်သွားမှာ၊အဲ့တော့ဒီထိပါပဲနော်။မင်းကအရမ်းပြီးပြည့်စံုတဲ့ရည်းစားတစ်ယောက်ဖြစ်မှာပါ၊ဒါပေမဲ့Hyungနဲ့ဆိုနာကျင်ရတယ်ပဲရှိမှာ"
ပြီးတော့Jungkookရဲ့လက်ကလေးကိုဖွဖွလေးဖယ်လိုက်ပြီးအိမ်အပြင်ကိုထွက်သွားလိုက်လေသည်။ အေးစက်ပြီးလှပသေးကျောပြင်လေးကိုသာစိုက်ကြည့်နေမိပြီး
Jungkook:"ဒီထိပါပဲတဲ့။ သူများတွေကတော့ပြောတယ်ဘယ်အရာမဆိုအသွားရှိသလိုအပြန်လည်းရှိတယ်တဲ့၊ဒါပေမဲ့ငါကဘာကြောင့်လမ်းပျောက်နေသလိုခဲစားနေရတာလဲ။ အဲ့ဆိုဘာလို့သူ့အချစ်ကကျွန်တော့်ဆီကိုအပြန်မရှိရတာလဲ၊ဒါပေမဲ့လဲဒီလူသားလေးပျော်နေမယ်ဆိုရင်တော့ငါမလုယူတော့ပါဘူး။"
တံခါးလေးကိုပိတ်ကာတံခါးဝမှာတွင်ပဲလမ်းပျောက်နေတဲ့ကြောင်လေးတစ်ကောင်လို၊အပြင်လောကကြီးကိုနောက်ကျောပေးပြီသာထိုင်နေခဲ့။ မကြာခင်အမှောင်ဆံုးကာလကိုရောက်ရှိကြတော့မဲ့စက်ရုပ်နဲ့လူသားလေးရဲ့ချစ်ခြင်း

Jiminသည်‌အဆောင်ကိုပြန်ရောက်တော့ချက်ချင်းနေရာပြန်ချဖို့မလွယ်ကူပေ၊သူJungkookနဲ့နေတုန်းကသူနေခဲ့တဲ့အိပ်ခန်းကအခုအဆောင်တစ်ခန်းလံုးစာလောက်ရှိဒါပေမဲ့လည်းကိုချစ်တဲ့လူနဲ့နေရာမယ်ဆိုဘယ်နေရာမဆို‌ပျော်ရွှင်စရာလေးကိုဖြစ်နေခဲ့။

သတ္တုနှလံုးသား🤍Completed🤍Donde viven las historias. Descúbrelo ahora