Playlist 24

153 14 0
                                    

သေနတ်ပစ်သံကြောင့်နှစ်ယောက်လံုးမျက်စိစံုမှိတ်လျက်ဘယ်သူ့ကိုမှန်မှန်းမသိJiminကတော့ Jungkookရင်ခွင်ထဲမှာဘယ်ချိန်ထဲကရောက်နေမှန်းမသိ၊Jungkookကလည်းသူ့တစ်ကိုယ်လံုးနဲ့ကိုကာပြီးတော့ကိုဖက်ထားတာအသိစိတ်ကပဲလားမသိ၊ဖက်ထားမိတာ။
သေနတ်ကတော့ရှင်းဝူဆီကထွက်တာမဟုတ်ပဲ၊သံတံခါးချပ်ကြီးကနေဖောက်ဝင်လာတာပဲဖြစ်တယ်၊သံကလည်းဆွေးနေပြီဆိုတော့ကျည်ဆန်ကိုပင်မတားနိုင်တော့ပဲရှင်းဝူရဲ့လက်ကိုထိမှန်သွားသည်။

ရှင်းဝူ:"ဒါကဘာလဲ၊မင်းတို့ငါ့ကိုဘာလဲတမင်သက်သက်လုပ်ကြံတာလား၊Park Jimin"

Jimin:"ငါတောင်မသိတာ၊နင့်ကိုလုပ်ဖို့နေနေသာသာ"

ရှင်းဝူ:"Jungkook၊နင်မဟုတ်လား"

Jungkook:"ငါဒီမှာငုတ်တုတ်ကြီးထိုင်နေတာဘာနဲ့လှမ်းပစ်ရမှာလည်း။"

ရှင်းဝူ:"မဟုတ်ဘူး၊မဟုတ်ဘူး၊ဒါနင်တို့သက်သက်လုပ်ကြံတာ။အပြင်ကဘယ်သူပစ်တာလည်းအခုချက်ချင်းထွက်ခဲ့စမ်း၊မဟုတ်ရင်Park Jiminခေါင်းပွင့်ပြီပဲ"

Jungkook:"ရှင်းဝူ၊မင်းမလွန်နဲ့၊အခုဘာလိုချင်လဲပြော၊သူ့ကိုလံုးဝမထိနဲ့၊ပြီးတော့အပြင်ကလူဘာမှမလှုပ်ရှားနဲ့တော့၊ငါဆက်ရှင်းလိုက်မယ်"

ရှင်းဝူ:"Jungkook၊နင့်လက်ချက်ကို၊ဒါပေမဲ့ထားပါ၊ငါလိုချင်တာကJiminနာကျင်ဖို့ဒါပေမဲ့သေတာထက်နာကျင်ရတာကို့ရဲ့ချစ်ရပါသောကကို့ရဲ့အရှေ့မှာသေရတာပဲ။ Jungkook၊ငါနင့်နှလံုးသားလိုချင်တယ်၊ဖြုတ်ပေး"

Jimin:"မောင်မလုပ်ပါနဲ့၊မောင်မရှိရင်မနေနိုင်လို့ပါမလုပ်ပါနဲ့ဗျာ"

Jungkook:"ဘာမှမဖြစ်ဘူးကို၊မောင်ပြန်လာမှာ၊ကတိ"

ဆိုပြီးလက်ထဲကိုစာအိတ်လေးတစ်စံုထည့်ပေးပြီးရှင်းဝူဆီတန်းတန်းမတ်မတ်လျှောက်သွားလေသည်။

Jimin:"မလုပ်ပါနဲ့မောင်၊ကိုတောင်းပန်ပါတယ်၊အရာရာအတွက်၊စကတည်းကမချစ်ခဲ့တဲ့အတွက်၊မောင့်ရဲ့တန်ဖိုးကိုနားမလည်ခဲ့တဲ့အတွက်၊မောင့်ကိုတောင်းပန်ပါတယ်၊ကိုစိတ်ရင်းနဲ့တောင်းပန်ပါတယ်၊ဒီလိုမလုပ်ပါနဲ့၊မောင်မရှိရင်ကိုဆက်မနေချင်တော့လိုပါ၊ရှင်းဝူ၊ငါတောင်းပန်ပါတယ်ဟာ၊ငါဘာမဆိုဖြည့်ဆည်းပေမယ်လေ"

သတ္တုနှလံုးသား🤍Completed🤍Where stories live. Discover now