Playlist 23

78 9 0
                                    

ရင်တစ်မမနဲ့အချိန်ကိုကြည့်လိုက်လမ်းကိုကြည့်လိုက်နဲ့စိတ်တွေပူနေရှာတယ်၊တစ်မိနစ်လျော့သွားတိုင်းသူ့ရဲ့နှလံုးခုန်တာတစ်ဆင့်ကျော်သွားသလိုလို၊ဆတိုးဆတိုးမြန်မြန်သွားလေတယ်။

Jungkookလေးရဲ့Jiminပေါ်ချစ်တဲ့အချစ်ကိုမနာလိုပဲမနေနိုင်ဘူး၊ငါ့ကိုများချစ်သေးရဲ့လားလို့ပင်သံသယဝင်စရာမလိုအောင်၊တစ်ကမ္ဘာလံုးကိုဆန့်ကျင်ပြီးကို့ဘက်ကိုအမြဲရပ်တည်ပေးသောပဲ၊အသက်ထက်ပင်ပို၍မြတ်နိုးထားပေးတတ်တယ်။

အချိန်သည်၁နာရီကျော်ကျော်တောင်ကျန်သေးပေမဲ့Jungkookတစ်ယောက်ဒယ်ဂူးမြို့အဝင်ကိုရောက်နေနှင့်လေပြီ......

တခြားဘာမှမတွေးသေးခင်မြို့ဝင်ပြီးတာနဲ့xxxခေါ်ထားတဲ့နေရာကိုအမြန်ဆံုးမောင်းသွားလိုက်သည်။

တော်တော်မြို့ရဲ့ဝေးတဲ့နေရာမှာဂိုထောင်‌ပျက်ကြီးဆီကိုရောက်သွားခဲ့သည်။

အချိန်ကလည်းညဦးရံပင်ဆိုတော့လူခြေတိတ်ပြီး၊လေစိမ်းတွေရဲ့အငွေ့အသက်တွေသာဖုန်းအုပ်ထားလို့နေသည်။

ဂိုထောင်မှာလည်းသံအဟောင်းတွေနဲ့ဆိုတော့အိုပြီးပြိုကျတော့အောင်ကိုပင်အသည်းယားစရာ၊

Jungkookသည်တံခါးကိုတွန်းဖွင့်လိုက်တာနဲ့တံခါးကကျွီဆိုတဲ့အသံကြီးနဲ့သူ့ကိုအရင်ဆံုးနှုတ်ဆက်လိုက်သည်။

xxx:"တွေ့ရတာဝမ်းသာပါတယ်ဗျာ"

အမှောင်ထဲမှာအရိပ်တစ်ခုလိုပင်ခေါင်းအစခြေအဆံုးအမဲသာဝတ်ဆင်ထားသည်။ အကုန်လံုးကလမိုက်လိုမှောင်နေပေမဲ့နတ်သက်ခြွေထားတဲ့အတိုင်းပင်ကြိုးနှင့်အတုပ်ခံရတဲ့Jiminကအရောင်ပင်မမှေးသွား၊အမှောင်ကိုဖြိုခွင်းကာသူ့ကိုတန်းမြင်ရတယ်။

Jungkook:"ကိုအဆင်ပြေရဲ့လား၊"

ဆိုပြီးပြေးသွားမယ်ကြံတုန်းဟိုဘေးကလူကသေနတ်ကိုJiminနထင်ကိုကောက်ထောက်ထားလိုက်သည်။

Jungkook:"ခင်ဗျားဘယ်သူလည်း၊ဘာလုပ်တာလည်း၊ဘာလိုချင်တာလဲ။ "

xxx:"ဖြေးဖြေးပေါ့ဗျာ၊အချိန်တွေအများကြီးရှိတာပဲပြောပြမှာပေါ့"

သတ္တုနှလံုးသား🤍Completed🤍Onde histórias criam vida. Descubra agora