Playlist 2

335 24 1
                                    

----1လကြာပြီးသောအခါ----
"Jimin-ah၊ ငါ့ကိုစောင့်ဦးလေ။ နင်ကမြန်လိုက်တာဆိုတာတကယ််ပဲ"ဟု V ရဲ့အသံသည် Jimin နောက်လိုက်သွားသည်။ Jimin လေးသည်အနောက်သို့လှည့်ကြည့်ကာ"နင်ကလည်းကြာလိုက်တာကွာ၊မြန်မြန်လာစမ်းပါ၊အတန်းမမှီပဲနေအုန်းမယ်"ဟုပြန်အော်ကာခြေလှမ်းကိုနှေးလိုက်သည်။V လေးသည်လည်းပြေးလိုက်ခဲ့တယ်။ ကျောင်းသို့ရောက်သောအခါ Prof RM ကကျောင်းရှေ့မှာစောင့်နေသတဲ့။ ကျောင်းနောက်ကျတော့မည်ကိုသိသောကြောင့်အရောက်ပြေးခဲ့သည်။ဒီလိုနဲ့တစ်ရက်တာစာသင်ချိန်တွေကုန်ဆံုးခဲ့ပါသည်။နောက်ဆံုးအချိန်တွင် RM သည်Jimin လေးကိုစကားပြောဖို့သူ့ရံုးခန်းကိုလာခဲ့ရန်မှာခဲ့သည်။
---------Jimin POV-----
ငါ့ကိုဆရာဘာလို့ခေါ်တာလဲမသိဘူး။ အတန်းနောက်ကျလို့များလားမသိပါဘူး။ ထားလိုက်ပါတော့ V ကိုသူနဲ့အတူအိမ်မပြန်ဖြစ်ဘူးပြောပြီးတာနဲ့RM ရံုးခန်းကိုသူခြေဦးတည့်ခဲ့သည်။
RM: "Jimin ရောက်ပြီလား၊ ဝင်လာလေ။ သားကိုဆရာမေးစရာရှိလို့။"
Jimin: "ဟုတ်ဆရာ၊ ဘာအကြောင်းလေးများလည်းမသိဘူးဆရာ။ "
RM: "ဘာရယ်မဟုတ်ပါဘူး။ သားအခုဘယ်မှာနေတာလဲ။  တစ်ယောက်တည်းနေတာလား"
ဆ‌ရာကငါ့ကိုဘာတွေလာမေးနေတာလဲ။
Jimin: "မဟုတ်ပါဘူးဆရာ။အခန်းခတစ်ယောက်တည်းမတတ်နိုင်လို့ကျွန်တော်V နဲ့တူတူနေပါတယ်။ ကျွန်တော့မိဘတွေကလည်းတဣသိုလ်ထားတာတောင် Scholarရလို့သာထားခဲ့တာပါ။"
RM: "အော်ဟုတ်ပြီသား၊ ဆရာအခုတည်ဆောက်နေတဲ့စက်ရုပ်တစ်ခုရှိတယ်၊ အဲ့အရုပ်ကလူအစစ်ပမာအကုန်လုပ်တတ်တယ်၊ ဆရာကကျောင်းတစ်ဖက်နဲ့ဆိုတော့သူ့ကုိ‌အဲ့အတိုင်းထားမိတာ။ သားကလည်းအခန်းထဲမှာအတော်ဆံုးကျောင်းသား‌ဆိုတော့ဆုချသလိုပဲမြင်မြင်သားမအားတဲ့အချိန်တွေသူအကုန်လုပ်ပေးထားလို့ရတာပေါ့။ ဆရာ့အိမ်မှာကအလုပ်သမားတွေရှိတော့သူဘာမှလုပ်စရာမလိုဘူး။ပြီးတော့ဒီစက်ရုပ်လေးရဲ့နှလံုးသားကရွှေနဲ့လုပ်ထားတာ၊သူပျော်ရွှင်နေရင်ရင်ဘတ်လေးကနွေးနေပြီး၊သူဝမ်းနည်းနေတဲ့အချိန်ဆိုရင်သံဟုသာထင်ရသည်၊ရေခဲပမာအေးနေတတ်သည်။"
ဆရာကသူ့ရဲ့အဲ့လောက်အဖိုးတန်တဲ့အရာကိုဘာလို့ငါ့ကိုပေးနေတာလဲမသိဘူး။
Jimin: "ဟုတ်ဆရာ၊ကျွန်တော်တစ်ချက်လောက်စဉ်းစားလိုက်ပါအုန်းမယ်၊ ကျေးဇူးပါဆရာ"
RM: "အေးအေးသား၊ ပြီးတော့လေဆရာ့ဘေးအိမ်ကနေရာလွတ်တစ်ကွက်ရှိတယ်သားလာနေပါလား။ ဆရာဆုချတယ်လို့သာသဘောထားလိုက်လေ။ "
Jimin: "ဆရာအဲ့တာကျွန်တော့်အတွက်အရမ်းတန်ဖိုးရှိလွန်းပါတယ်။ ကျွန်တော်စဉ်းစားပြီးပြန်ပြောပေးပါ့မယ်။ "
-----------------------
Jimin လေးသည်အတွေးများစွာနဲ့အတူအိမ်ပြန်သွားခဲ့သည်။

သတ္တုနှလံုးသား🤍Completed🤍Where stories live. Discover now