Playlist 3

245 18 0
                                    

Jimin လေးသည်အတန်ကြာစဉ်းစားတွေဝေနေခဲ့ပြီလေ။ ညစာစားချိန်ရောက်တော့ V ကသူ့ကိုညစာစားဖို့အော်ခေါ်လိုက်တယ်။
Jimin ညစာကိုစိတ်မပါ‌တာကိုရိပ်မိသော V လေးကJimin ကိုဖွင့်ဟမေးခဲ့သည်။
"ဟဲ့၊ ဘာဖြစ်နေတာလဲ၊ အစားအသောက်စား‌တာကိုအတွေးတွေကဘယ်တွေရောက်နေတာလဲ၊နင့်ကြည့်တာငါပါအစားသောက်ပျက်တယ်"။
Jimin:"ငါစဉ်းစားနေတာဘာလုပ်ရမှန်းမသိတော့ဘူးကွာ"
V:"ကဲကဲငါ့ကိုလင်းစမ်းပါအုန်း၊ဘာတွေဖြစ်နေတာလဲ။"
Jimin:"ဒီလိုကွာငါတို့ရဲ့Prof RM ကဒီနေ့ငါ့ကိုခေါ်ပြောတဲ့ကိစ္စကွာ၊ ဆရာကသူတီထွင်ထားတဲ့စက်ရုပ်လေးတစ်ရုပ်ရှိတယ်တဲ့နှလံုးသားကရွှေနဲ့လုပ်ထားတာတဲ့ပြီးတော့သူကအဲ့တာကိုဆုချသလိုမျိုးငါ့ကိုပေးချင်တာကွာ၊ပြီးတော့သူ့ဘေးကအိမ်မှာပြောင်းနေဖို့။"
V ကပါးစပ်အဟောင်းသားနဲ့ကြည့်ပြီးသကာလ"‌ကိစ္စကလည်းကြီးနေတာဆိုတော့လည်းဒါပေမဲ့ဆရာပြောတာမင်းကောင်းဖို့ကြီးပဲလေ။ "
Jimin:"ဒါပေမဲ့ငါပြောင်းလာတောင်မကြာသေးဘူးကွာ၊ပြီးတော့လေငါကနင်နဲ့နေချင်တာလေ။ "
V:"အေးပါငါသိပါတယ်။ ဆရာ့ကိုပြောကြည့်ပေါ့ ၁လလောက်တော့နေကြည့်ပေါ့၊အဆင်မပြေရင်ငါ့ဆီပြန်လာခဲ့ပေါ့။ "
ဒါပေမဲ့ Jimin လေးရဲ့စိတ်ထဲမှာ V ကိုမထားသွားချင်ဘူး ဒါပေမဲ့ဆရာဆိုတော့ငြင်းဖို့ကလည်းမလွယ်လှဘူး။ အဲ့တော့သူVရဲ့အကြံတိုင်းလုပ်ဖိုပဲစိတ်ပိုင်းဖြတ်လိုက်တော့သည်။
-------နောက်ရက်--------
Jimin လေးသည်ကျောင်းသို့ရောက်သည်နှင့်တစ်ပြိုင်နက် Prof RM ဆီသို့ခြေဦးလှည့်ခဲ့လေသည်။ သူ့မှာခြေလှမ်းကသွက်နေသော်ငြားလည်းစိတ်ကြီးမှာလေးလံနေခဲ့လေသည်။ သူကV လေးကိုဘာမဆိုလိုက်လုပ်ပေးခဲ့တယ်၊သူ့အနေနဲ့တော့သူငယ်ချင်းတစ်ယောက်ထက်ပိုချင်ပေမဲ့V ကိုသူဖွင့်မပြောရဲခဲ့။ တစ်ဖက်သက်ဖြစ်သာဆက်နေခဲ့တော်ကြာသူငယ်ချင်းသံယောစဉ်ပါပျက်မှာကို Jimin အလွန်ကြောက်ခဲ့။ သူမသိလိုက်တဲ့အချိန်ဟာအရမ်းမြန်နေခဲ့ပြီးမထင်မှတ်ပဲ Prof ရံုးခန်းအရှေ့သို့‌ရောက်နေခဲ့လေသည်။
သူ့ရဲ့လှပလွန်းသောခန္ဓာကိုအားတင်းကာတံခါးခေါက်ပြီးဝင်သွားခဲ့လေသည်။
RM:"Morning Jimin, Did you have a good sleep last night?"
Jimin သည်မျက်စိပြူးသာကြည့်နေခဲ့သည် RM ကထရီပြီးတော့နောက်နေတာပါဟီဟီး။
Jimin လေးကတော့မရီနိုင်ခဲ့။
RM ရိပ်မိပြီးသူကိုယ်သူရုပ်ပြန်တည်လိုက်ပါသည်။
RM:"အဲ့ဆိုသားမနေ့ကဆရာပြောတဲ့ကိစ္စစဉ်းစားပြီးပြီလား။"
Jimin:"ဟုတ်ဆရာ၊ ကျွန်တော်ကငယ်ငယ်ထဲကမပြည့်စံုပါဘူးဒါပေမဲ့ကျောင်းသား‌တွေထဲကမှကျွန်တော့်ကိုဒီအခွင့်အရေးပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမဲ့ဆရာကျွန်တော်Seoul ပြောင်းလာတာ၁လပဲရှိသေးတယ်၊ကျွန်တော်အရမ်းကြီးလည်းဒီနေရာနှင့်အရမ်းကြီးမရင်းနှီးသေးပါဘူး။အဲ့တော့ကျွန်တော် ၁လ လောက်တော့စမ်းပြောင်းနေကြည့်မယ်ဆရာ၊ အဆင်ပြေရင်တော့ဆက်နေဖြစ်မယ်၊အဆင်မပြေရင်တော့ကြိုတင်တောင်းပန်ချင်ပါတယ်။ "
RM:"အော်ဟုတ်ပြီ။ သားပြောတာလည်းအဓိပ္ပါယ်ရှိတယ်။ကောင်းပြီလေသား။ ဒီနေ့အတန်းပြီးတာနဲ့အထုပ်တွေထုတ်ပြီးပြောင်းဖို့အဆင်သင့်လုပ်ထားပေါ့။ ဒီတစ်ပတ်အတွင်းအပြီးပြောင်းဖို့ဆရာကူညီပေးမယ်နော်၊အဲ့ဆိုသွားလို့ရပြီနော်"
Jimin လေးသည်နှုတ်ဆက်ကာထွက်သွားခဲ့လေသည်။ သူအခုစိတ်ထဲမှာသေချာနေတာကသူ၁လပြည့်တာနဲ့သူ့ V လေးဆီကိုပြန်ဖို့ပဲ။
ကျောင်းတက်ချိန်ခေါင်းလောင်းသည်သူ့၏အတွေးများကိုဖယ်ရှားပလိုက်သည်။ အတန်းသို့ပြေးသွားပြီးV လေးကလက်ဝှေ့ပြနေတာတွေ့ပြီးသူ့ဘေးနားသို့သွားထိုင်ခဲ့လေသည်။
သူကပင်ပန်းသောပံုစံမျိုးလေးနဲ့ V ရဲ့ပခံုးပေါ်မှီလိုက်ပြီးတော့"V ငါနင့်နားမရှိတဲ့အခါနင်ငါ့ကိုသတိတောင်ရပါဦးမလား"ဟုငိုသံလေးနဲ့ပြောခဲ့လေသည်။ V လေးကသူ့သူငယ်ချင်းငိုသံလေးကြားတော့ခေါင်းလေးကိုဖွဖွလေးမကာ"နင်မို့အဲ့စကားတွေထွက်တယ်ဟယ်။ ငါတို့ကကျောင်းလည်းအတူတူတက်တာပဲဟာ။ အိမ်မှာနေချိန်ကလွဲရင်ငါတို့၂ယောက်အမြဲတွေ့ဖြစ်တာပဲဟာ။ငါတို့ကအကောင်းဆံုးသူငယ်ချင်းတွေပဲဟာ၊ဟုတ်တယ်မလား။"
Jimin လေးကဆူပုတ်ပုတ်မျက်နှာလေးနဲ့နှုတ်ခမ်းလေးထော်ကာခေါင်းလေးငြိမ့်ပြလိုက်သည်။
အတန်းချိန်ကစသည်နှင့်တစ်ပြိုင်နက်Jimin ကောVကောစာဘက်သို့အာရံုစိုက်ခဲ့သည်။ တစ်ရက်တာမျှကုန်ဆံုးခဲ့ပြီးသကာလJimin နဲ့ V အိမ်ပြန်သွားခဲ့သည်။ Jimin ကအထုပ်အပိုးထုပ်ခဲ့လေသည်။ အခုမှပြောင်းခါစဆိုတော့သူ့မှာရှိတဲ့အကျီအနည်းစုကိုသိမ်းပြီးတာနဲ့သူ့တိုလီမုတ်စလေးတွေသိမ်းကာအထုပ်ကိုဘေးနားထားခဲ့သည်။
‌--------နောက်နေ့--------
Prof RM သည်အိမ်ရှေ့မှာစောင့်နေခဲ့သည်။ Jimin လေးရဲ့အထုပ်အပိုးတွေကိုတင်ပြီးမနက်ဖြန်မှပြောင်းလာဖို့ပြောကာသူထွက်သွားခဲ့သည်။Jiminလေးသည်‌အိမ်ပေါ်သို့ပြန်တက်တဲ့အချိန်တွင်Vကဆင်းလာကာ၊"Jiminဒီနေ့စနေနေ့ကျောင်းလည်းပိတ်တယ်၊ငါတို့Seoulရောက်ထဲကတစ်ခါမှလျှောက်မလည်ဖူးသေးဘူး၊‌ငါတို့လျှောက်လည်မယ်လေနော်နော်။ "
Jimin လေးကသူအိမ်မှာနေချင်သော်လည်းVလေးကလျှောက်လည်ချင်ရင်သူမငြင်းဘဲလက်ခံခဲ့သည်။
‌Jimin လေးသည်အပေါ်အမြန်တက်ပြီးရိုးရိုးတီရှပ်တိမ်ဖြူရောင်လေးနဲ့ဂျင်းဘောင်းဘီတစ်ထည်သာအမြန်ရွေးပြီးပြန်ဆင်းသွားခဲ့လေသည်။
V:"Jimin,ငါတို့ကစားကွင်းသွားရအောင်၊ငါကစားကွင်းမရောက်တာတော်တော်ကြာပြီ။ "
Jimin:"အင်းသွားမယ်လေ၊ငါလည်းမရောက်တာကြာပါ့"
အဲ့တာနဲ့နှစ်ယောက်သားဘတ်စ်ကားမှတ်တိုင်သို့ထွက္သွားခဲ့လေသည်။ မှတ်တိုင်မှာစောင့်ရင်းကောင်လေးတစ်ယောက်အထုပ်အပိုးအပြည့်နဲ့မြေပံုကြီးကိုင်ကာလမ်း‌ရှာနေပံုထောက်တယ်။ သူတို့၂ယောက်ကိုတွေ့တော့၊
"Annyeong အကိုတို့SNU ကိုဘလိုသွားရမလည်းလမ်းလေးညွှန်ပေးလို့ရမလား။ "
Jimin:"အော်ဟုတ်ရပါတယ်၊အရှေ့ကားဂိတ်မှာဘယ်ချိုးတာနဲ့ရောက်ပြီနော်။ "
"ဟုတ်ကျေးဇူးပါခင်ဗျ။ "
ကောင်လေးထွက်သွားသည်နှင့်တစ်ပြိုင်နက်
V:"Jimin,ခုနကောင်လေးကချောတယ်နော်။ SNUကပဲဆိုတော့ငါတို့ထပ်တွေ့ရင်တွေ့ရမှာပေါ့။ "
Jiminစိတ်ထဲတွက်မတင်မကျနဲ့မနာလိုစိတ်တွေကပြည့်နှပ်သွားလေသတဲ့။
Jimin‌:"အေးပါ၊အခုငါတို့စီးမယ့်ဘတ်စ်ရောက်ပြီသွားမယ်ထ။"
အဲ့တာနဲ့၂ယောက်သားကားပေါ်သို့တက်သွားခဲ့သည်။

သတ္တုနှလံုးသား🤍Completed🤍Where stories live. Discover now