Playlist 4

203 13 3
                                    

ကစားကွင်းရောက်သောအခါ၊ကလေးလေးပမာဆော့နေတဲ့Vကိုတွေ့သောအခါJiminသည်သူ့ဟာသူရေရွတ်မိခဲ့လေသည်။
တိမ်ပြာပြာလေးအောက်မှာလှပနေတဲ့နတ်သားလေးရယ်မင်းကိုဘယ်တော့မှကိုယ်ပိုင်ဆိုင်ရမှာလဲ။အဲ့အချိန်မှာပဲVခေါ်လိုက်သောအသံကြောင့်အတွေးပျောက်ကာVလေးနောက်လိုက်သွားခဲ့သည်။
သူတို့နှစ်ယောက်အားတွေကုန်ခမ်းတဲ့အထိကိုတူတူပျော်ခဲ့ကြလေသည်။ အိမ်ပြန်လမ်းခရီးနောက်ကျနေပြီဖြစ်တဲ့အတွက် Taxiစီးကာအဆောင်သို့ပြန်ခဲ့ကြသည်။
------နောက်နေ့မနက်------
"Bzz!!"ဆိုသောဖုန်းသံဖြင့်Jiminလေးထကာဖုန်းထကိုင်လိုက်လေသည်။
"Hello Jimin တို့အိမ်ကပါလားခင်ဗျ၊ကျွန်တော်RMပါ၊Jimin ကိုလာခေါ်ဖို့အိမ်အောက်ရောက်နေပါပြီလို့ပြောပေးပါနော်။ "
Jimin:"ကျွန်တော်ဆင်းလာပြီနော်ဆရာခဏလေးပါ။ "
Jiminလေးသည်အိပ်ရာမှအမြန်ထကာသန့်ရှင်းရေးလုပ်ပြီးသည်နှင့်တစ်ပြိုင်နက်ပန်းနုရောင်Hoodieလေးနဲ့ဂျင်းအကျပ်လေးတစ်ထည်ဝတ်ကာအိမ်အောက်သို့ပြေးဆင်းသွားခဲ့လေသည်။
Jimin:"Morning ပါဆရာ။ စောင့်ရတာကြာသွားတယ်၊တောင်းပန်ပါတယ်။ "
RM:"မကြာပါဘူး၊ရတယ်သား၊သွားမယ်လေ။ "
Jiminလေးခေါင်းငြိမ့်ကာဆရာ့ကားပေါ်သို့တက်ခဲ့လေသည်။
Jiminလေးစိတ်ထဲတွင်Vကိုမနှုတ်ဆက်ခဲ့ရလို့ဝမ်းနည်းနေခဲ့သည်၊သူကောင်လေးကိုနှိုးလည်းမနှိုးရက်တော့ဒီတိုင်းလေးပဲထွက်လာခဲ့တော့တယ်။
သူအိမ်အသစ်သို့ရောက်တော့သူနေမည့်အိမ်ကြီးကိုကြည့်ကာသဘောတွေကျနေခဲ့လေသည်။ သူဒီလိုအိမ်မှာနေခဲ့ရမယ်လို့တစ်ခါမှ‌တောင်မတွေးခဲ့ဖူးဘူး။
RM:"Jimin ဆင်းလေ လာသား။ ဒါ‌သားနေမယ့်အိမ်၊ဆရာအထဲကိုလိုက်ပြပေးမယ်။ "
Jimin လေးသည်ဟုတ်လို့ပြန်ဖြေပြီးခမ်းနားလွန်းလှသောအိမ်ကြီးထဲကိုဝင်သွားခဲ့လေသည်။
အိမ်ထဲတွင်လည်းလှရက်လွန်းသောပန်းချီကားများ၊အပြစ်ကင်းလှလွန်းသောနံရံအဖြူများ၊နှင်းဆီပန်းများဖြင့်သူ့ကိုကြိုဆိုနေခဲ့လေသည်။ အဲ့အချိန်မှာပဲအိမ်ထဲကနေထွက်လာသောကောင်လေးတစ်ယောက်ထွက်လာခဲ့လေသည်။ အသားအရည်သည်ပိုးဉမျှနုဖတ်၊ဆံနွယ်မ‌ျားသည်မှောင်နက်သောကောင်းကင်ကြီးပမာ၊မျက်စိများသည်လည်းရေတွင်းကြီးကဲ့သိုနက်နဲလှလေသည်။
RM:"Jimin,ဒါဆရာပြောတဲ့စက်ရုပ်လေးပါ၊သူ့နာမည်ကတ့Jungkook ပါ။Jungkook ဒါကတော့မင်းနဲ့အတူနေမဲ့Jimin။ "
Jungkook:"ဟုတ်Hyung!Jiminie hyungကိုကျွန်တော် Hyungလို့ပဲခေါ်လို့ရမလားခင်ဗျ။ "
Jimin သည်Jungkookဟာစက်ရုပ်ဆိုသည်မှာမယံုလောက်အောင်သူ့စကားလံုးတွေမှာနူးညံ့လွန်းလို့သူ့မှာအံ့သွစွာနဲ့စကားတောင်မပြောနိုင်ခဲ့ဘူး။
ပြီးတော့မှအသိတရားပြန်ဝင်ကာ"ဟုတ်ရပါတယ်။ အကိုကတော့Kookလို့ပဲခေါ်မယ်နော်"
Jungkook လေးသည်သွားလေးပေါ်သည်အထိပြံုးကာရပါတယ်ဟုခေါင်းညှိပ်ပြခဲ့သည်။
အဲ့အပြံုးလေးသည်Jiminကိုအေးမြသွားစေသည်ဒါပေမဲ့Jiminလေးစိတ်ထဲမှာVကိုသာစွဲနေခဲ့လေသည်။သူအခုဘာလုပ်နေမလဲ၊သူ့ကိုမနှုတ်ဆက်ပဲထွက်သွားလို့စိတ်များဆိုးနေမလားဆိုသောအတွေးများနှင့်အတွေးပင်လယ်ထဲမှာJiminနစ်မွန်းနေခဲ့လေသည်။
"Hyung,Hyung"ဟုJungkookခေါ်သံများကြောင့်အတွေးများရပ်တန့်ကာJungkookသို့ပြန်ကြည့်ကာJungkookသည်သူ့ယုန်သွားလေးများပျော်အောင်ရီပြနေလေသည်။
Jungkook:"Hyung,ဘာတွေစဉ်းစားနေတာလဲဟီဟီး"
Jimin:"အော်Kook၊Sorryပါ၊Hyungအတွေးတွေအဝေးကြီးရောက်သွားလို့"
RMလည်းရီကာ"အဲ့ဆိုဆရာသွားတော့မယ်နော်၊Jungkook,Jiminကိုသေချာဂရုစိုက်နော်။ Jiminပေါ့ပေါ့ပါးပါးနေနော်သား၊ဆရာသွားနှင့်ပြီနော်သား။ "
Jimin:"ဟုတ်ဆရာ၊ကျေးဇူးပါနော်"
Jungkook:"ဟုတ်Hyung!တာ့တာ👋"
နှစ်ယောက်သားအိမ်အဝထိလိုက်ပို့ခဲ့သည်။
Jiminသည်RMပြန်သွားသည်နှင့်တစ်ပြိုင်နက်အိမ်ထဲသို့ပြန်ဝင်ခဲ့လေသည်။ Jungkookလေးသည်အနောက်ကနေကောက်ကောက်ပါအောင်လိုက်ခဲ့လေသည်။ အိမ်ထဲကဧည့်ခန်းတွင်ထိုင်ကာJungkookကိုလှမ်းခေါ်လိုက်သည်။
Jimin:"Kookရေ၊ Hyung ဆီခနလာပါအုန်း"
Jungkookသည်Hyungဆီသို့ခပ်မြန်မြန်လမ်းလျှောက်ကာHyungရဲ့ဘေးမှာထိုင်ကာ
Jungkook:"Hyung,ကျွန်တော့်ကိုပြောစရာရှိလို့လား။ "
Jimin:"မေးစရာလေးရှိလို့ပါ။ Kookကစက်ရုပ်ဆိုတာတကယ်လားဟင်၊ တကယ်ပဲနှလံုးသားကရွှေနဲ့လုပ်ထားတာလား။ ဖြေလို့မရလည်းရတယ်နော်၊Hyungကဒီတိုင်းမေးကြည့်တာပါ။ "
Jungkook:"အော်ရပါတယ် Hyungရဲ့။ မေးချင်တာမေးလို့ရတယ်၊ ဟုတ်တယ်ကျွန်တော်ကRM Hyungတီထွင်ထားတဲ့စက်ရုပ်ပါ။ ပြီးတော့ကျွန်တော့နှလံုးသားကလည်းရွှေနဲ့ပဲလုပ်ထားတာပါ။ ကျွန်တော်ပျော်နေတဲ့အချိန်ဆိုကျွန်တော့တစ်ကိုယ်လံုးနွေးနေရော၊ကျွန်တော်ဝမ်းနည်းတာတို့သေသွားတာတို့ဆိုရင်ရေခဲတံုးပမာအေးပြီးရွှေမှသတ္တုသို့ပြောင်းသွားသည်။ အဲ့တာလည်းRM hyung ပြောဖူးတာပဲကျွန်တော့်ကိုယ်ကျွန်တော်မသိဘူးဟီဟီး။ "
Jimin:"အော်၊ဟုတ်ပြီKookရေ၊ Hyung အခုအထုပ်အပိုးတွေသွားဖြေလိုက်အုန်းမယ်။ "
Jungkook:"ကျွန်တော်ကူညီလို့ရမလား"ဟုမေးကာပြံုးနေလေသည်။ Jimin သည်ခေါင်းငြိတ်ကာကူညီခွင့်ပေးလိုက်သည်။
------နောက်နေ့မနက်------
Jungkook:"Hyung!Morning ပါ။ ကျောင်းမသွားခင်မနက်စာစားသွား၊ကျွန်တော်Hyungအတွက်လုပ်ပေးထားတယ်။ RM hyung ကပြောတယ် hyungက‌မနက်စာမစားဘူးတဲ့၊အဲ့တာHyungအတွက်မကောင်းဘူးလေအဲ့တော့နောက်ကျရင်ကျွန်တော်Hyungကိုနေ့တိုင်းမနက်စာလုပ်ပေးမယ်နော်။ "စားပွဲပေါ်တွင်ပေါင်မုန့်မီးကင်နဲ့ကြက်ဉကြော်လုပ်ထားပေးတယ်။ အဲ့တာကိုကြည့်ပြီးသူ့အမေနဲ့နေတုန်းကကိုသတိရသွားတယ်။ မနက်တိုင်းသူ့အမေကပေါင်မုန့်နဲ့ကြက်ဉကြော်လုပ်ပေး
နေကြ။ အဲ့မြင်ကွင်းကိုမြင်ပြီး
Jiminမှာမယံုစွာနဲ့ပဲလှမ်းမေးလိုက်သည်။ "Kook,မင်းကဟင်းချက်တတ်တယ်လား။ အစားအသောက်ကောစားလို့ရတာလား"
Jungkookသည်သူ့Hyungကိုကြည့်ကာ"Hyungရဲ့ချက်တတ်တာပေါ့RM hyungကကျွန်‌တော့်ရဲ့ProgramထဲမှာRecipesတွေထည့်ထားတယ်၊ပြီးတော့အစားအသောက်တွေကိုမြည်းကြည့်လို့ရတယ်၊မျိုချလို့ပဲမရတာ။"
Jimin:"အော်ဟုတ်ပြီKookရေ၊Hyungကျောင်းရောက်ရင်စားဖို့ထမင်းချက်လိုက်အုန်းမယ်၊ပြီးမှမနက်စာစားမယ်နော်။ "
Jungkookသည်တားသောဟန်ဖြင့် "ကျွန်တော်Hyungအတွက်နေ့လည်စာချက်ပြီးပြီ၊မနက်စာအေးဆေးစားနော် ဟီဟီး"
Jimin သည်အံ့ဩစွာဖြင့်စားပွဲခုန်မှာထိုင်ကာJungkookလုပ်ထားတဲ့မနက်စာကိုထိုင်စားလိုက်သည်။ တစ်လုပ်စားပြီးတာနဲ့အရသာကသူ့အမေလက်ရာကဲ့သို့တစ်ထပ်တည်းတူလို့သူ့မှာဆွံ့အသွားခဲ့။ အဲ့အချိ်န်မှာJungkookသည်"Hyung, ဘယ်လိုလဲကျွန်တော့်လက်ရာ၊ကောင်းတယ်မလား။"
Jimin သည်ကောင်းကြောင်းပြံုးကာခေါင်းငြိတ်ပြလိုက်သည်။
မနက်စာစားပြီးတာနဲ့သူကျောင်းသွားဖို့ပြင်ဆင်ကာကျောင်းသို့လမ်းလျှောက်ထွက်ခဲ့သည်။
-ကျောင်းသို့ရောက်သောအခါ-
"Jimin"ဟုခေါ်သောအော်သံလာရာကိုJiminမော့ကြည့်လိုက်သည်။V လေးအော်ပြီးခေါ်နေတာမြင်တော့သူပြံုးသွားသည်၊V လေးရှိရာဆီသို့ပြေးသွားပြီးဖက်လိုက်သည်။

သတ္တုနှလံုးသား🤍Completed🤍Where stories live. Discover now