Playlist 9

112 9 0
                                    

RMသည်Jungkookကိုသေချာကြည့်ပြီးJiminကိုစိတ်ပူစရာမလိုဘူးလို့ပြောသွားကာJungkookကိုမပြီးသူ့အိမ်ကိုပြန်သွားသည်။
Jiminသည်ဒီကိုပြောင်းလာပြီးကတည်းကပထမဆံုးတစ်ကြိမ်တစ်ယောက်ထဲနေရခြင်းဖြစ်သည်။သူသည်ခုနဟင်းများကိုသန့်ရှင်းရေးလုပ်ကာသူ့အတွက်သူRamenလေးတစ်ထုတ်ပြုပ်ကာစားဖို့ပြင်လိုက်သည်။ Ramenကိုမြင်လိုက်သောအခါJungkookရဲ့"Hyung,Ramenစားပြန်ပြီလား၊ နေ့တိုင်းစားရင်ကျန်းမာရေးအတွက်မကောင်းဘူးလေ၊အဲ့တာမစားနဲ့ကျွန်တော်ဟင်းချက်ပေးမယ် ၊ ခနလေးပဲစောင့်နော်"ဆိုတာကကြားယောင်မိပြီးငိုချင်စိတ်တွေပြန်ပေါက်လာတယ်၊ဒါပေမဲ့သူ့ကိုယ်သူRMပြောတဲ့စကားနဲ့ပြန်အားတင်းကာ၊စားပြီးသည်နှင့်သူ့အိပ်ခန်းကိုတက်သွားသည်။ အိမ်အကြီးကြီးမှာအဖော်မရှိတစ်ယောက်တည်းနေရတော့ကျောချမ်းလာပြီးVဆီကိုဖုန်းဆက်လိုက်သည်။
*Brrrrrrrrrr*
စားပွဲပေါ်မှကြားရသောတုန်ခါမှုကြောင့်Vသည်ဖုန်းကိုလှမ်းကိုင်လိုက်သည်။
V:"Hello"
Jimin:"Hello ကို၊ခေးပါ"
V:"ခေး၊အဆင်ပြေလားပြီးပြီလား၊စားကောစားပြီးပြီလား"
Jimin:"အင်းပြီးသွားပြီကို၊ခေးအရမ်းပင်ပန်းပြီးJungkookမရှိတော့တစ်ယောက်တည်းလိုပိုခံစားရတယ်။ "
V:"ကို့ခေးလေးပင်ပန်းသွားပြီ၊တစ်ယောက်တည်းဆိုလည်းဘာမှမဖြစ်ဘူး၊အရေးအကြောင်းဆိုကို့ကိုသာဖုန်းလှမ်းဆက်လိုက်နော်"
Jimin:"ဟုတ်ကို၊ခေးတို့မနက်ဖြန်မနက်ကျောင်းရောက်မှတွေ့မယ်နော်၊အရမ်းချစ်တယ်။ အာဘွား"ဟုသူ့ဟာသူပြောကာသူ့ဟာသူရှက်နေလေသည်။
V:"Good nightခေး၊Love you too"ဟုပြောကာဖုန်းချသွားသည်။ Jiminမှာဖုန်းချပြီးတာတောင်အသည်းတွေယားပြီးမအိပ်နိုင်ခဲ့။ Vကတော့တစ်ရက်တော့ပြီးသွားပြီဟုလက်ချိုးရေလိုက်လေသည်။
Oct 11
Jiminသည်သူ့အတွက်မနက်စာနဲ့နေ့လည်စာပြင်ပေးမဲ့လူမရှိတော့သူဘာမှမစားပဲအစောကြီးထွက်သွားသည်။ သူ့မသိစိတ်ထဲမှာတော့သူJungkookကိုလွမ်းနေမိသည်။ သူ့အတွက်ဘယ်အရာမဆိုလုပ်ပေးပြီးသူ့ကိုဘယ်အရာထက်မဆိုသူ့ကိုဦးစားပေးနေလို့ဖြစ်သည်။
ကျောင်းရောက်တော့Jiminသည်ကျောင်းဝန်းထဲကိုလမ်းလျှောက်ဝင်သွားသည်။ Jiminကအမြဲနောက်ကျတတ်တဲ့ကျောင်းသားလေးဒီနေ့မှအစောကြီးထပြီးကျောင်းလာချင်းဖြစ်သည်။
သူသည်စာသင်ခန်းထဲကိုဝင်မဲ့အပြင်မှာVနဲ့Jhopeပြောနေသံကြားလိုက်သည်။
V:"ငါနင့်ကိုကြိုက်တယ်ဟာ၊ငါနင်ကျောင်းစတက်တဲ့နေ့ကတည်းက‌မပြောပဲနေခဲ့တာ၊နင်ငါ့ကိုအဖြေပေးပါလားဟင်"
ထိုစကားကြောင့်Jiminရဲ့ပါးပြင်နုနုလေးပေါ်ကိုမျက်ရည်များကျခဲ့သည်။သူ့ကိုယ်သူပင်မသိလောက်အောင်မျက်ရည်များသည်စိမ်းကားလွန်းလှသည်။
Jhope:"နင်အခုJiminနဲ့တွဲနေတာမဟုတ်ဘူးလားပြီးတော့..."
Jiminသည်မျက်ရည်ကိုသုတ်ကာသူဆက်မပြောခင်စာသင်ခန်းထဲကိုဝင်သွားသည်။
Jiminကိုတွေ့တော့Vတစ်ယောက်မျက်စိပြူးမျက်စံပြူးတွေဖြစ်။
V သည်ချက်ချင်းသူ့နေရာကနေJiminဆီကိုပြေးဆင်းသွားလေသည်။
V:"ဟယ်ခေး၊ဒီနေ့ကျောင်းအစောကြီးလာလို့ပါလား၊မနက်စာစားပြီးပြီလား"
Jiminအတွက်Vပံုမှန်ပြောနေကျစကားတွေတောင်သူ့အတွက်ခုနာကျင်ရလွန်းသည်။ ဒါပေမဲ့သူကVကိုအရမ်းချစ်တော့သူဗွေမယူခဲ့။ သူVကိုပိုပြီးဂရုစိုက်ရင်သူ့ကိုချစ်လာမှာပဲလို့သာတွေ့လိုက်သည်။
Jimin:"မစားရသေးဘူးကို၊ခေးအိမ်မှာလည်းတစ်ယောက်တည်းဆိုတော့စောစောထပြီးကျောင်းမှာပဲတစ်ခုခုဝယ်စားမို့။ "
Jiminရဲ့ထိုစကားကြောင့်Vသည်သူပြောတာကိုJiminမကြားလောက်ဘူးဟုသာကောက်ချက်ချလိုက်သည်။
V:"အော်၊ကို့ခေးလေးဗိုက်ဆာနေမှာပဲ၊လာကိုယ်ကန်တီးလိုက်ပို့ပေးမယ်။ "
Jiminသည်ပြံုးပြီးခေါင်းငြိတ်ကာကန်တီးကို၂ယောက်တူတူသွားကြသည်။
Canteenမှာထိုင်နေချိန်Jiminမနက်စာစားနေသည်ကိုVကထိုင်ကြည့်နေလိုက်သည်။
V:"‌aigoo၊ကိုယ့်ကလေးလေးကစားတာတောင်မှချစ်စရာလေး"
ဟုပြောကာJiminပါးကိုထနမ်းလိုက်လေသည်။
Jiminသည်စားနေရင်းနဲ့ရှက်ကိုးရှက်ကန်းနဲ့မျက်နှာကြီးသည်နီတက်လာသည်။မနက်ကဖြစ်သွားသောအခိုက်အတန့်ကြီးကိုသူမေ့ပစ်လိုက်လေသည်။
သူသည်သူ့မွေးနေ့ရောက်ခါနီးပြီကိုမုန့်စားနေရင်းနဲ့သတိရသွားသည်။
Jimin:"ကို၊သဲမွေးနေ့ကြရင်လေသဲတို့၂ယောက်တည်းခရီးထွက်ကြရအောင်နော်"
V:"ဟုတ်ပါပြီဗျ၊ခေးသဘောခေးသဘော"
ဒါပေမဲ့Vစိတ်ထဲမှာတော့အဲ့ရက်ဆိုသူဆော့ထားတဲ့၃ရက်တာဂိမ်းကြီးပြီးဆံုးတဲ့နေ့။
စားပြီးတာနဲ့Jiminနဲ့Vကအတန်းကိုပြန်သွားသည်။ အတန်းစဖို့အတွက်အချိန်ကလိုသေးတာမို့Jiminသည်RMဆီကိုJungkookအကြောင်းမေးချင်လို့ထွက်သွားလေသည်။
*Knock Knock*
RM:"ဝင်လာခဲ့ပါ"
Jiminသည်အခန်းတံခါးကိုဖြည်းဖြည်းတွန်းကာအခန်းထဲကိုဝင်သွားလေသည်။
RM:"အော်သားလာလေ"
Jiminသည်ခေါင်းလေးငုတ်ကာRMအရှေ့ကထိုင်ခံုမှာထိုင်လိုက်သည်။
Jimin:"ဟိုဟာလေProfကျွန်တော်Jungkookအကြောင်းလာမေးတာပါ"
RM:"အော်၊Jungkookကိစ္စကဆရာဘာပြဿနာလည်းဆိုတာတော့ရှာလို့မတွေ့သေးဘူး၊ဒါပေမဲ့ဆရာပြင်ပြီးသာနဲ့ပြန်ပြောပေးမယ်၊စိတ်မပူနဲ့သား။ "
Jiminသည်ခေါင်းသာညိတ်၍မှိုင်တိုင်တိုင်နဲ့ထွက်သွားလေသည်။
အဲ့တစ်ရက်သည်ဘာလိုလိုနံ့ကုန်ဆံုးသွားလေသည်။
----Jungkookမေ့သောည---
JungkookကိုJiminအိမ်ကနေခေါ်ပြီးကတည်းကRMသည်Jungkookကိုပြန်ပြင်ပြီးဖြစ်သည်။
RM:"Jungkook,သားဘာဖြစ်သွားတာလဲဟင်၊ဆရာရေးတုန်းကCodingတွေမှာအမှားမပါခဲ့ဘူး၊အခုဆရာပြန်ကြည့်တော့Codingတွေကတလွဲတွေဖြစ်ကုန်တယ်"
Jungkook:"ကျွန်တော်လည်းမသိပါဘူးHyungရာ၊ဒါပေမဲ့Jiminစပြောင်းလာပြီးကတည်းကကျွန်တော့နှလံုးသားကြီးနွေးထွေးနေခဲ့တာ။ "
သူJiminနဲ့Vအကြောင်းဆက်ပြောဖို့အားမရှိတော့စကားလမ်းကြောင်းကိုအဲ့မှာပဲဖျက်ထားလိုက်သည်။
RM:"အင်းမင်းတို့ကိစ္စကလည်းရှုပ်ထွေးလှတာကိုး၊ငါဝင်မပါတော့ဘူး၊မနက်ဖြန်မနက်ကြမှHyung,Jiminကိုပြောပြလိုက်မယ်၊မင်းပြန်ကောင်းသွားပြီဆိုတာ"
Jungkookသည်လက်ကလေးနဲ့တားပြီး
"Hyung,Jiminကိုလေကျွန်တော်ပြန်မကောင်းသေးဘူးလို့သာပြောထားပေးပါနော်၊ကျွန်တ်ပြန်ဖို့အတွက်အဆင်သင့်မဖြစ်သေးလို့ပါ။ မနက်ဖြန်ညနေလောက်မှသားသူ့ဆီသွားလိုက်မယ်။
နော်Hyung"
RM:"အေးကောင်းပြီလေ၊ဒီနေ့Hyungအိမ်မှာပဲနေလိုက်တော့၊အဲ့ဆိုHyungကျောင်းသွားတော့မယ်။ "
Jungkookသည်Jiminအကြောင်းကိုမေးချင်သော်လည်းမမေးတော့။သူအခုဘယ်လိုနေသေးလဲအရမ်းသိချင်နေခဲ့မိတယ်။

သတ္တုနှလံုးသား🤍Completed🤍Where stories live. Discover now