Playlist 10

117 10 2
                                    

ကျောင်းဆင်းသွားသောအခါVသည်Jiminကိုအိမ်ကိုလိုက်ပို့လေသည်။ လက်ကလေးနှစ်စံုကကံကံကြမ္မာကြိုးနီလေးချည်ထားသကဲ့သို့ခိုင်မြဲနေခဲ့သည်။ Jiminလေးသည်အလွန်အမင်းပျော်နေခဲ့တယ်။ ခြေလှမ်းများသည်နှေးသော်လည်းလျှောက်နေသောလမ်းကြီးကတိုနေသကဲ့သို့အိမ်သို့သူမျက်စိတစ်မှိတ်အတွင်းရောက်သွားခဲ့သည်။
အိမ်ရှေ့ရောက်သောအခါJiminသည်Vဘက်ကိုလှည့်လိုက်သည်။
ထိုအချိန်မှာပဲVမျက်နှာလေးနားကိုခြေထောက်လေးထောက်ခါဖြင့်သူ့နှုတ်ခမ်းဖူးဖူးလေးကိုVရဲ့နှုတ်ခမ်းလေးပေါ်ဖွဖွလေးတင်လိုက်တယ်။
Vရဲ့ခန္ဓာကိုယ်လေးကိုသူ့လက်ကလေးများကသိုင်းဖက်လိုက်သည်။Vရဲ့ကိုယ်သင်းနံံလေးကိုသူအလွန်အမင်းသဘောကျနေခဲ့။
Vကသူ့ရဲ့အနမ်းကိုပြန်တံု့ပြန်မလားကိုသူစောင့်နေခဲ့တယ်။
Vလေးခမျာလန့်သွားသောကြောင့်ဘာမှပြန်မလုပ်နိုင်ခဲ့တစ်ခနနေတော့မှJiminရဲ့နှုတ်ခမ်းသေးသေးလေးကိုပြန်နမ်းလိုက်သာသူ့ရဲ့သွယ်လှလွန်းသောခါးလေးကိုဖက်ထားလိုက်လေသည်။
Jiminသည်လည်းအနမ်းလေးကိုပြန်တံု့ပြန်ခဲ့တဲ့အတွက်သူဆက်ပြီးနမ်းခဲ့သည်။ သူ့အတွက်ဘေးကအရာအားလံုးရပ်နေသကဲ့သို့လျစ်လျူရှုထားလိုက်လေသည်။
ခနတာပျော်ရွှင်ပြီးနောက်မှာVသည်သူ့ကိုယ်သူခွာသွားခဲ့လေသည်။
Jiminလေးသည်မျက်စိလေးကလယ်ကလယ်နဲ့"ကို၊ဘာဖြစ်လို့လဲဟင်၊သဲအရမ်းလွန်သွားလို့လား"
V:"မဟုတ်ပါဘူးသဲရဲ့၊ကိုအဆင်သင့်မဖြစ်သေးလို့ပါ။ "
Jimin:"အော်ဟုတ်ပါပြီဗျာ"
ဆိုပြီးပြောပြီးတာနဲ့အိမ်ထဲဝင်သွားသည်။
သူအိမ်ထဲဝင်ပြီးနောက်မီးဖိုချောင်ထဲမှာအနောက်လေးလှည့်ပြီးဟင်းချက်နေတဲ့Jungkookကိုတွေ့သောအခါသူ့မှာလန့်သွား၊Jungkookကတော့Jiminရှိမှန်းမသိသူ့ဟာသူဟင်းတွေချက်။ Jiminကကောက်ပြေးပြီးJungkookကိုအနောက်ကနေကောက်ဖက်လိုက်သည်။
Jungkookသည်လန့်သွားသော်လည်းJiminမှန်းသိသောကြောင့်သူဘာမှပြန်လှည့်မလုပ်ပဲ
"Hyung၊ပြန်ရောက်ပြီလား၊ဗိုက်စာပြီးလား၊ကျွန်တော်မုနိ့လုပ်ပေးမယ်နော်"
သူပြောနေသော်လည်းJiminမှာဘာမှအကြောင်းမပြန်ပဲခနနေတော့သူ့နောက်ကျောကြီးစိုနေခဲ့တယ်။
"Hyungငိုနေတာလားဟင်" ဟုJiminလက်ကလေးကိုဖွဖွလေးကိုင်းဖြုတ်ပြီးJiminဘက်လှည့်လိုက်သည်။
Jiminလေးမှာကလေးလေးအတိုင်းပါးလေးနှင့်နှာခေါင်းများနီနေပြီးမျက်ရည်‌ဝိုင်းနေခဲ့သည်။
Jungkookသည်မျက်ရည်လေးများကိုသူ့လက်လေးနဲ့ဖွဖွလေးသုတ်ပေးပြီးမှ"Hyung၊ဘာလို့ငိုတာလဲဟင်၊ကျွန်တော်အခုမှပြန်ရောက်တာစိတ်ပူအောင်မလုပ်ပါနဲ့၊ဗိုက်ဆာလို့လားကျွန်တော်ဟင်းချက်ပေးမယ်"
Jiminလေးသည်ခေါင်းခါကာJungkookကိုသူနဲ့လိုက်ခဲ့ဖို့သူ့လက်ကလေးသေးသေးလေးကိုJungkookရဲ့ပစ်ချက်မရှိသွယ်လှသောလက်ကလေးကြားထည့်ပြီးထမင်းစားပွဲဆီကိုခေါ်သွားသည်။ Jungkookသည်ခပ်မြန်မြန်လေးမီးပိတ်ပြီးJiminခေါ်ရာကိုလက်ကိုတင်းတင်းလေးကိုင်ပြီးလိုက်သွားသည်။
ထိုင်ပြီးနောက်Jiminသည်"Kook-ah, Hyungဘယ်လောက်စိတ်ပူသွားလဲသိလား၊ငိုရခက်ရီရခက်၊မင်းကHyungကိုနေ့တိုင်းအဖော်ပြုပြီးဟင်းတွေကိုလည်းချက်ပေးတယ်၊မင်းမရှိတော့Hyungဘလောက်တောင်အထီးကျန်ခံရပြီးမင်းကိုဘယ်လောက်တောင်သတိရလည်းမင်းမသိဘူး၊ငါနင့်ကိုသတိအရမ်းရနေတာ"
Jungkookသည်Jiminငိုသံလေးနဲ့ပြောတာကြားတော့ကိုသူ့ရင်ဘတ်ထဲဆွဲသိမ်းလိုက်လေသည်။သူ့ရင်ဘတ်ထဲမှာတစ်ရှံု့ရှံု့ငိုနေတဲ့ကလေးလေးပမာJungkookသည်သူ့ခံစားချက်များသည်ပို၍သာလွန်လာခဲ့သည်။ သူမသိလိုက်တဲ့အချိန်မှာပဲထိုလူသားလေးကိုသူအရမ်းချစ်မိနေပြီသို့ပေမဲ့လည်းသူမပိုင်ဆိုင်ရဘူးဆိုခဲ့ရင်တောင်သူ့နတ်သားလေးပျော်နေရင်ပင်သူ့အတွက်လံုလောက်ပါပြီ.....။
အဲ့တာဘာလိုလိုနဲ့ကောင်းကင်အပြာနုလေးကိုအမှောင်များသည်အုပ်စိုးသွားလေသည်။
Oct 12
Vလေးအဖို့ရာနောက်ဆံုးနေ့လေးရောက်ရှိလာခဲ့လေပြီ။ကျောင်းပြီးချိန်ဆိုသူဆက်ပြီးဟန်ဆောင်စရာမလိုတော့ဘူး။
ပံုမှန်နေ့အတိုင်းပဲရက်လေးသည်ကုန်ဆံုးနေခဲ့။ ထိုနေ့ကျောင်းကပြန်ရောက်ပြီးညနေJiminသည်အထုပ်များကိုထည့်ဖို့ပြင်နေလေသည်။ သူ့မှာတော့အတွေးများစွာနဲ့။
*Brrrrr Brrrrrr Brrrrr*
Jiminသည်သူ့ဖုန်းကိုကောက်ကိုင်လိုက်သည်။
Jimin:"Hello!"
V:"Helloသဲလား၊ကိုယ်ပါ၊ကိုယ်တို့၂ယောက်ခနတွေ့ရအောင်၊ကျောင်းနားကပန်းခြံကိုလာခဲ့လေ၊ကိုစောင့်နေမယ်နော်"
Jimin:"အော်၊ဟုတ်ကဲ့ကို၊သဲအခုလာခဲ့မယ်နော်"
Jiminသည်ဘာရယ်မတွေးခဲ့မနက်ဖြန်ခရီးသွားဖို့ကိစ္စပြောမယ်လို့သာထင်ခဲ့သည်။အဲ့တော့သူဂျင်းအကျပ်လေးတစ်ထည်နဲ့တီရှပ်လေးတစ်ထည်နဲ့ဖလန်အနွေးထည်လေးကိုသာဝတ်၍လမ်းလျှောက်ထွက်သွားလေသည်။Jungkookကဂိမ်းဆော့နေတော့သူ့ကိုမခေါ်သွားပဲနဲ့တစ်ယောက်ထဲသာထွက်သွားလိုက်တာ။
Jiminသည်ပန်းခြံကိုရောက်တော့Vသည်လှမ်းခေါ်ပြီးသူထိုင်နေတဲ့စံုတွဲခံုလေးမှာထိုင်ခိုင်းလိုက်သည်။
ထိုင်ထိုင်ချင်းမှာပဲVလေးသည်သူ့ကိုစိုက်ကြည့်နေလိုက်သည်။
Jiminသည်သူ့ကိုအဲ့လိုကြည့်နေတော့သူ့မှာနေရတွေခက်ခဲနေခဲ့။
Jimin:"ကိုသဲကိုဘာလို့စိုက်ကြည့်နေတာလဲမွတ်"
ဆိုပြီးJiminရဲ့ပါးစပ်လေးကိုVရဲ့နှုတ်ခမ်းလေးကိုကောက်စုပ်လိုက်လေသည်။ Jiminသည်ချက်ချင်းဆိုသလိုဆိုပေမဲ့သူသဘောကျခဲ့တယ်။ သူသည်ပြန်နမ်းခဲ့သည်။ ခနတာပြီးနောက်Vသည်ခနနှုတ်ခမ်းမှဖယ်ကာ"သဲကိုပြောစရာရှိတယ်"
Jimin:"အင်းပြောလေကို"
Vမှာသူ့ကိုလမ်းခွဲဖို့ပြောချင်နေပြီဒါပေမဲ့သူပြောမထွက်
V:"Jimin,ဟိုနေ့ညကJHopeမွေးနေ့ပွဲမှာလေ၊ကိုဂိမ်းတစ်ခုကစားခဲ့တယ်၊အဲ့ဂိမ်းကဘာလဲဆိုတော့အဲ့ပါတီအခန်းထဲဝင်လာတဲ့လူကို၃ရက်ပြည့်အောင်တွဲရမှာ၊အဲ့အခန်းထဲဝင်လာခဲ့တဲ့သူက.........."
ဆိုပြီးသူဆက်မပြောခဲ့၊Jiminမျက်နှာပေါ်မှာဒဏ်ရာဒဏ်ချက်တွေကိုသူမြင်နေရသည်။
Jiminဖို့ထိုစကားများသည်သူ့ရင်ဘတ်ကိုလှံနဲ့စိုက်လို်က်သလိုနာကျင်လွန်းလို့သူ့မှာရင်ဘတ်လေးဖိကာစကားတောင်ပြန်မပြောခဲ့။
Vသည်ဘာမှပြန်မပြောတော့"သဲ..."
Jimin:"ငါ့ကိုမခေါ်နဲ့၊သဲလို့လံုးဝမခေါ်နဲ့၊ငါကနင့်အတွက်အရုပ်သက်သက်ပဲလားဟင်၊နင်ငါ့ကိုလူလို့တောင်မြင်သေးရဲ့လားKIM TAEHYUNG!!!!"Jiminသည်မျက်ရည်များနဲ့အော်ပြောနေခဲ့တယ်၊
"နင်ငါ့အကြောင်းဘာသိလည်း၊ငါနင့်ကိုဘယ်လောက်လုပ်ပေးခဲ့လည်း၊ငါနင့်ကိုတစ်ဖက်သတ်ကြိုက်ခဲ့ရသောနေ့များ၊နင့်မှာတော့ငါ့ကိုသူငယ်ချင်းသံယောစဉ်မှမထောက်ဘူးငါ့ကိုနင်လုပ်ရက်တယ်နော်၊နင်တော်တော်နှလံုးသားမရှိတဲ့လူပဲ။ ငါ့မှာတော့နင့်ရဲ့ရုပ်သေးရုပ်ကြီးကြနေတာပဲ။အစထဲကဘာလို့ငါ့ကိုတွဲခဲ့လဲ။ နင့်မာနကငါ့ထက်ပိုအရေးကြီးနေတယ်ဟုတ်လား"ဆိုပြီးJiminတစ်ယောက်မျက်နှာပေါ်ကမျက်ရည်ပေါက်များနှင့်ပြောခဲ့သည်။
V:"မဟုတ်ဘူးလေJimin၊နင်ငါ့ကိုကြိုက်ခဲ့မှန်းငါတကယ်မသိတာပါ။ ငါအစထဲကအဲ့လိုမလုပ်ခဲ့သင့်ဘူး၊ငါမှားပါတယ်နော်"
Jimin:"အော်နင်ကမှားပါတယ်ဆိုတဲ့စကားတစ်ခွန်းနဲ့တင်ပြီးပြီလား၊ဟုတ်ပါတယ်ငါ့ကိုကမှားတာ၊နင်ကင့ါလိုလူကိုဘယ်ကြိုက်ပါ့မလဲ။ အခုတော့ငါ့ကိုများမှားပါတယ်၊ငါ့ခံစားချက်တွေကဆော့စရာလားဟင်၊မလိုရင်လွှတ်ပစ်ဖို့ဟာပေါ့နော်၊နင်ခုနငါ့ကိုနမ်းတာကငါ့ကိုစိတ်မဆိုးအောင်ပေါ့ဟုတ်လားလို့မေ‌းနေတယ်လေ
ငါနင့်ကိုခံစားချက်တွေလွန်မိတာငါမှားတာ"
Jiminသည်စိမ်းကားလေးလံခါးသီးလွန်းလှသောမျက်ရည်ပေါကများစွာနဲ့အော်မေးနေခဲ့သည်။
V:"ငါရှင်းပြပါရစေ"
Jimin:"တော်ပြီငါနားမထောင်နိုင်တော့ဘူး၊ ဖူးစာမမှန်သေးလို့ကွဲတယ်လို့ပဲငါခံယူလိုက်တော့မယ်။နင်ပျော်ရွှင်စေဖို့ပဲဆုတောင်းပေးလိုက်တယ်"
ဟုပြောကာလှည့်ထွက်သွားလိုက်သည်။Vကလိုက်မခေါ်ရဲတာနဲ့ပဲသူ့ရဲ့နောက်ကျောကိုသာစိုက်ကြည့်နေခဲ့မိသည်။
-----Jungkook အိမ်------
ည၁၀နာရီတောင်ထိုးနေပြီJiminကဘာလို့ပြန်မလာသေးတာလဲ၊ထွက်သွားတာလဲဘာမှမပြောသွားဘူး၊ဖုန်းဆက်ကြည့်တော့လဲစက်ပိတ်ထားတယ်တဲ့။
အဲ့တာနဲ့ဖုန်းဆက်လို့မရတော့သူပို၍စိတ်ပူလာတော့သူ့မှာJiminသူငယ်ချင်းလို့သိတာဆိုလို့Vပဲသိတယ်။ အဲ့တာနဲ့Vကိုဖုန်းခေါ်ပြီးJiminအကြောင်းမေးတော့သူ့မှာကြောက်ကြောက်နဲ့ရှင်းပြ။
Jungkook:"နင်ဘာလို့ဒီလိုလုပ်ရက်တာလဲ၊နင်ကJiminကိုသဘောထားချင်သလိုထားပေမဲ့သူကင့ါရဲ့မြတ်နိုးရာလေး၊သူ့အတွက်ဘာမဆိုလိုက်လုပ်ပေးနေခဲ့တာ၊သူတစ်ခုခုဖြစ်သွားရင်နင်မလွယ်ဘူး၊ငါJeon Jungkookမလုပ်ရဲဘူးမထင်နဲ့၊Jiminအတွက်ဆိုဘာမှမတံု့ဆိုင်းဘူးနားလည်လိုက်"
Jungkookသည်ဖုန်းကိုအားနဲ့ချလိုက်ကာJiminကိုရှာဖို့RM ကိုပါခေါ်ပြီးနှစ်ယောက်ထွက်ခဲ့လေသည်။ ဘယ်ကစရှာလို့ရှာရမှန်းမသိအဲ့တော့Jiminအကြိုက်ဆံုးကမ်းခြေကြီးကိုအရင်ပြေးသွားခဲ့သည်။ ကမ်းပေါ်မှာဆောက်ထားတဲ့ခပ်မြင့်မြင့်တံတားလေးရဲ့လက်တမ်းပေါ်မှာJiminသည်‌မျက်စိများပိတ်ထားကာခုန်ချတော့မညိ့ပံုစံဖြင့်အောက်ကနေ
RM:"PARK JIMIN!!!! မလုပ်ပါနဲ့။ "
Jiminသည်ထိုအသံကိုကြားပြီးမှခြေလွဲပြီးပြုတ်ကျတော့မလိုဖုစ်ပြီး

-♥Snowဒီရက်ပိုင်းUpdateလေးနှေးတဲ့အတွက်တောင်းပန်ပါတယ်၊SnowကInternational school ကဆိုတော့စာမေးပွဲတွေကရက်ဆက်နေလို့ပါ၊ဒီရက်ပိုင်းSnow Updateမတင်ဖြစ်ရင်တော်းပန်ပါတယ်။ စာမေးပွဲပြီးတာနဲ့ဒီသတ္တုနှလံုးသားလေးအပြင်တခြားFicလေးတွေပါထပ်Updateပေးပါ့မယ်။ ♥-

သတ္တုနှလံုးသား🤍Completed🤍Where stories live. Discover now