အပိုင်း (၁) "စက်ခေါင်းအမှတ် ၀၀၉"

1.7K 97 3
                                    

ရေနွေးငွေ့ တစ်လူလူဖြင့် ခုတ်မောင်းလာသည့် ရထားတစ်စီး။ထိုရထားစက်ခေါင်းမှ ပျံ့လွင့်လာသော ရေနွေးငွေ့များသည် ကောင်းကင်ယံထိသို့ပင် ပျံ့နှံ့နေပြီး ရေနွေးငွေ့များက အရုပ်လေးများနှယ် လှုပ်ရှားနေသည်။

"ကျွီ----"

ဆိုက်ရောက်ရာ စင်္ကြံ အမှတ်(၂)ဆိုသည့် ရထားလမ်းလေးမှာ ရပ်သွားသည်နှင့် လူများကလည်း ထိုရထားပေါ်မှ အုတ်အော်သောင်းနင်း နှင့် ဆင်းလာကြသည် ။

"ဟဲ့ အကြီးမရေ အရီးကိုတွဲ--"

"ဟုတ်ကဲ့ မေမေ"

"လာလာ အရီး ။ ဖြေးဖြေး --"

လ္ဘရည် တစ်ခွက်မှ တစ်ကျပ်နော် / ဘိလပ်က လာတဲဲ့ ဟောဒီ့က မုန့်ကြွပ်လေးနဲ့သာ တွဲစားလိုက်ရင် အရသာက ကောင်းလိုက်ပါဘိနဲ့။
မုန့်ကြွပ်လေးတစ်ထုပ်မှ တစ်ပြားနော်။
စားကြပါအုံး မိတ်ဆွေတို့ အမျိုးတို့ရေ ---။

ရေနွေးတစ်ပုလင်းမှ နှစ်ကျပ်။
ရေနွေးတွေ ရမယ် ။ ရေနွေးတွေ---။

ထမင်းပူပူဆီဆမ်းနဲ့ပဲပြုတ်ရမယ်---။
တစ်ပွဲမှ တစ်ပြားနော်။ ထမင်းဆီဆမ်းတွေရမယ်။ထမင်းဆီဆမ်းတွေ---။

ရထားဆိုက်ရောက်လိုက်သည်နှင့် ရထားပေါ်မှ ဆင်းလာကြသည့် ခရီီးသွားတွေ ၊ ဈေးသည်တွေနှင့် ရထားဝန်းက ညံနေပေသည်။

ခရီိးသည်တွေကလည်း ရထားပေါ်မှ ဆင်းဖို့မှာသူက မှာ / ဈေးသည်တွေကလည်းဆိုက်ရောက်ရာ ရထားအနားမှာ ဝမ်းဆာရှာဖို့အရေးနှင့် စင်္ကြအမှတ်(၂) လမ်းလေး က အသက်ဝင်နေပေသည်။

"ဟေ့ကောင် ဇေယျာ"

ထိုဆိုက်ရောက်ရာ ရထားစက်ခေါင်းထဲမှ ရထားမောင်းသူ ဆင်းလာသည်နှင့် အသံတစ်သံက သူ့ကို ကြိုဆိုလို့နေသည်။ ဒါမည်သူ့အသံ
ဖြစ်မည်နည်း။ ဒီအသံပိုင်ရှင် မည်သူလည်းဆိုတာ သူတန်းသိနေသည်။ ဒါက သူ့ရဲ့ သူငယ်ချင်း ဖြစ်သည့် ရထားမောင်းသူ တစ်ဦး၏ အသံပင်။

"ငါလာခဲ့မယ် ဧဿန်"

လူတွေ များပြားစွာ ရှုပ်နေသည့်ကြားမှ သူ ဦးထုပ်ကို ကိုင်လျှက်နှင့်ပင် ဧဿန် ကြားလောက်အောင် ပြောလိုက်တော့သည်။ဈေးသည်တွေနှင့် ခရီးသွားတွေ ရှုပ်နေသည့် စင်္ကြံမှအမှတ်(၁) စင်္ကြံသို့ သူသွားလိုက်သည်။
ဧဿန်က အမှတ်(၁) စင်္ကြံမှာ စောင့်နေသည်လေ။

"စက်ခေါင်းအမှတ် ၀၀၉" (completed)Where stories live. Discover now