အပိုင်း(၁၀) "အလုပ်ပြန်တတ်ရက်"

321 31 0
                                    

"ဆရာ့ကား ရပါပြီ ဆရာ။"

တစ်မနက်ခင်းနှင့်ပင် ညနေတောင်မကူးခဲ့  ဆီယိုသည့်ကားက  ပြန်လည်ကောင်းသွားခဲ့ပြီ။ ထိုနှင့် ဆက်နှင့် ဧဿန် နှစ်ဦးစလုံး ကားစီသို့ ပြန်လာခဲ့ပြီး အပြန်ခရီးဆက်ခဲ့ကြသည်။  အပြန်ခရီးတွင်တော့ နှစ်ဦးသား  ချစ်စကား တီတီတာတာများ  ပြောမည်ဟုထင်သလား။ မပြောကြပါ။

သတိုးသား လက်စွမ်းပြခြင်းနှင့်အတူ   ကားဆီယိုခြင်း ပြန်လည်ကောင်းမွန်လာခဲ့ပြီး ကျွန်တော်နှင့် ကြီးကြပ်ရေးမှုး  ရထားဝန်းသို့ ပြန်လာခဲ့ကြသည်။

"အများကြီိး မဟုတ်ပါဘူး ကျွန်တော်တို့ရဲ့   ဂုဏ်ပြုမှုလေးပါ "

"မယူပါဘူး ဆရာရယ်။ ပြန်ယူသွားပါ ။
လက်မခံပါရစေနဲ့" စသည်နှင့် ကြီးကြပ်ရေးမှုး၏ လက်ဖွဲ့ငွေကို သတိုးသမီးအဖေက ငြင်းသည်။ ကြီးကြပ်ရေးမှုးကလည်း မရပေ။
မင်္ဂလာလက်ဖွဲ့ငွေကို အတင်းပေးခဲ့သည်။
နောက်ဆုံးတော့ ဟိုဘက်ကလည်း ယူလိုက်ရတာပါပဲ။ အိမ်ထောင်တစ်ခု တည်ဆောက်ကြမယ့် လူသားနှစ်ဦးမှာ  အရာရာ လိုအပ်နေသည်မဟုတ်လား။ လူရာဝင်သည့်  ငွေဆိုတာလည်း ထိုနည်းတူစွာပင်။

"ဖြေးဖြေးမောင်း ဆရာ။ နောက်လည်း လမ်းကြုံရင် လာလည်ပါ"

သတိုးသမီး၏ အဖေက ထိုစကားပြောရင်း ကြီးကြပ်ရေးမှုးနှင့် ကျွန်တော့်ကို   ကားပေါ်တက်သည်ထိ နှုတ်ဆက်၏။ သူတစ်ဦးထဲတွင်မက  ဤအရပ်မှာ နေကြသော လူအားလုံးပင်  ကျွန်တော်တို့ကို နှုတ်ဆက်ကြသည်။ ကျွန်တော်ရော ကြီးကြပ်ရေးမှုးပါ ပြုံးရင်း ထ်ိုလူများကို လက်ပြနှုတ်ဆက်ခဲ့ကြ၏။

"သူတို့ကို သဘောကျနေတာလား သက်လျာ"

"အင်း--!"

"လက်ထပ်ချင်နေပြီလား သက်လျာ"

"အို--! ကျွန်တော်ပြောတာ အဲ့လိုမဟုတ်"

ဧဿန်၏ အကြောက်အကန်ငြင်းသည့် ပုံရိပ်ကို 
ဆက် ကြည့်ရင်း ပြုံးလိုက်သည်။ထိုအခါ ဧဿန်က ဆက်ကို ကြည့်ရင်း

"ဘာရယ်တာလဲ ကြီးကြပ်ရေးမှုး"

"သဘောကျလို့"

ဆက်၏ စကားမှာ ဧဿန်ရှက်သွားရင်းနှင့်  ဧဿန် ရထားဝန်းရောက်သည်ထိ ဆက်ကို စကားမစတော့။ ဟုတ်တယ်လေ သူ ကြီးကြပ်ရေးမှုးကို ပြောတာ  လူတွေဖော်ရွှေတာကိုပြောတာ ဒါကို ကြီးကြပ်ရေးမှုးက သိသိကြီိးနှင့် သူ့ကို စကားတွေလာစနေသည်။ ဒါကိုတော့ သူလည်း ရှက်တာပေါ့။ ဘဝင်မကျတာပေါ့။

"စက်ခေါင်းအမှတ် ၀၀၉" (completed)Where stories live. Discover now