အပိုင်း (၁၆) "စည်းခြားပြီ"

132 3 0
                                    

တပိုတွဲ လဆုတ် ဆယ်ရက်  ၊ နှစ်ဆယ့်ကိုးရက်နေ့ မနက်ပိုင်း  ။

ဧဿန် စင်္ကြံထက်မှ နေရာယူရင်း  ဒီတစ်ခေါက်သွားရမည့် ခရီးတစ်ခုအတွက် ခရီးဖော် စက်ခေါင်းကြီးနှင့်အတူ စကားပြောနေသည်။

"ဆရာ ဧဿန် ရပြီလား "

"ရပြီ  တွဲစောင့် ဆရာကြီး"
တွဲစောင့် (guardဖို)ကြီးကို  ဧဿန် ထွက်တော့မည်အကြောင်း ပြောရင်း   စက်ခေါင်းမောင်းသူအခန်းသို့ ဝင်ထိုင်လိုက်၏ ။   တဖြေးဖြေးနှင့် ရုံပိုင်ကြီးကလည်း အလံ အချိန်းအပြောင်းလုပ်ဖို့
စင်္ကြံထိပ်မှာ  နေရာယူနေသည်။ ဧဿန်လည်း  စက်ခေါင်းထိန်းချုပ်ရင်း  ဥဩသံတွေ ဖြန့်ကျဲထားလိုက်သည်။

"ဘာဖြစ်တာလဲ ဆရာ "

"စက်ခေါင်းတစ်စီး အဝင်မှာ  အထိန်းပျက်လို့တဲ့ ၊ ဆရာဧဿန် မိနစ်အနည်းငယ် နေပြီးမှ ထွက်ပါ"

ဧဿန် ခေါင်းညိတ်ရင်းနှင့်ပဲ လာပြောသည့် လက်ထောက်စာရေး တစ်ဦး၏ စကားကို နားထောင်နေလိုက်သည်။ တွဲစောင့် နှင့် ရုံပိုင်ကြီး၏ ရထားအချိန်း၊အပြောင်းလုပ်ဖို့ အလံ
တရွယ်ရွယ် ကလည်း ရပ်တန့်သွားခဲ့ပြီ။ ထိုနည်းတူ ဧဿန်၏  စက်ခေါင်း ဥဩဆွဲသံကြီးကလည်း   တစ်ခဏခြင်းဆိုသလို ငြိမ်ကျသွားသည်။ အချိန်မှီ စက်ခေါင်းအမှတ်ရထားမထွက်ရ်ျ ခရီးသည်တွေ၏ 

"နောက်ကျတော့မှာပဲ "

"ခရီးကမှ ဖင့်ပါတယ်ဆို ၊  ရထားကမထွက်နဲ့"
စသည့်  ညည်းညူသံတွေသာ ကြားနေရ၏။

"ဘာဖြစ်သလဲ သက်လျာ"

"စက်ခေါင်းတစ်စီး အဝင်မှာ အထိန်းပျက်တယ် ပြောတာပဲ "

ဧဿန် ဆက်ကို ကြည့်ရင်းနှင့်ပဲ ပြောလိုက်သည်။ ဆက် မည်သို့ ရောက်လာခြင်းတွေ ဘာတွေ တွေးမနေတော့ ၊ အပေါ်ရုံး ကြီးကြပ်ရေးမှုး၏  အခန်းပြတင်းပေါက်နှင့်  စင်္ကြံလမ်းတွေဆိုတာ တန်းနေသည်မလား။

"အထိအခိုက်ရှိတယ်တဲ့လား "

"ဒါတော့ ကျွန်တော်လည်း မသိဘူး ၊ လက်ထောက်  စာရေး မထွက်ဖို့ လာပြောလို့ မထွက်သေးတာ"

ဆက် ထိုစကားမှာ မှန်းဆဆတွေးတော၏။ 
စင်္ကြံလမ်းမှာ အကြာကြီး ရပ်နားထားသည့် စက်ခေါင်းအမှတ်၀၀၉ ကို မြင်ရ်ျ  သူ စင်္ကြံလမ်းသို့ ထွက်ခဲ့ခြင်း ။ အခုတွင်တော့  ပြသနာတစ်ခုက သူ့ကို  စီးလို့ကြိုနေပြီ။

"စက်ခေါင်းအမှတ် ၀၀၉" (completed)Where stories live. Discover now