နိဂုံမမည်သော နိဂုံး (ဇာတ်သိမ်းပိုင်း )

991 46 1
                                    

ရေနွေးငွေ့ စက်ခေါင်းအစား အင်ဂျင်တွေက နေရာယူရင်း ရထားဝန်းဟာ အရင်အချိန်ကလို
ကောင်းကင်ယံ၌ ရေနွေးငွေ့များ မခြံရံနေတော့။
ဆက် ဟ်ိုးအဝေးမှာ တည်ရှိနေသည့် ရထားဝန်းသို့ ကြည့်ရင်း ဘယ်စီဘယ်ရပ်၌ ရောက်ရှိနေမည်လဲ မသိသည့် ရေနွေးငွေ့များကို လိုက်ရျ် ရှာနေမိသည်။ သူပဲ မှန်းဆရျ် မရတာလား ၊
မတွေးတတ်တော့တာလား မသိ ၊ အရင်မြင်နေကျ ဖြစ်သည့် ရေနွေးငွေ့များဟာ မရှိတော့။
တစ်ဆက်ထဲ ရှိလာသည့် အဖြေကလည်း ရှိရာ
ရေနွေးငွေ့အစား ၊ အင်ဂျင်တွေ ပြောင်းလဲသွားပြီ ဟူရျ် ။

အအေးဓါတ်ရှိမှ တစ်ရစ်ရစ် ကိုက်ခဲလာတတ်သည့် ဝမ်းဗိုက်က ချုပ်ရိုးကြောင့် ဆက် အံကို ကြိတ်ထားလိုက်သည်။ သို့သော် ဆက်၏ မျက်နှာ၌ နာခြင်း ကို ရှာဖွေမတွေ့ရ ။
ဆက် ပြုံးရင်း အနောက်အရပ်မှာ ရှိနေသော တောင်တန်းများစွာကို ကြည့်လိုက်ပြန်၏ ။

ပြောင်းလဲသွားသော နှစ်တွေ မြောက်များစွာမှာ
ဥတု၊ ရာသီတွေတင် ပြောင်းလဲခဲ့တာမဟုတ်ခဲ့။
အုပ်ချုပ်ရေး စနစ် ၊ ပြည်သူလူထုများစွာလည်း အပြောင်းအလဲနှင့် ရှိခဲ့သည်။
၁၉၁၄ ခုနှစ် ဇွန်လ ၂၈ရက်နေ့၌ စတင်ဖြစ်ပွားခဲ့သော ပထမကမ္ဘာစစ်ပွဲကြီးသည် ၁၉၁၈ခုနှစ်
နိုဝင်ဘာလ ၁၁ရက်နေ့မှ စစ်ပွဲမီးညိမ်းသွားခဲ့သည်။ ထိုမီးမှာ တစ်ခဏ ငြိမ်းခြင်းသာ ဖြစ်ခဲ့ပြီး နှစ်ပေါင်း နှစ်ဆယ့်တစ်နှစ်အကြာမှာ ဒုတိယကမ္ဘာစစ် ဖြစ်ခဲ့ပြန်သည်။ ထိုဒုတိယ
ကမ္ဘာစစ်တွင် မြောက်များစွာသော အပြောင်းအလဲများ ရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်မှာ ၁၉၃၉ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၁၉၄၅ခုနှစ် စက်တင်ဘာ ၂ရက် ထိ ဖြစ်ပွားခဲ့ပြီး ခြောက်နှစ်နှင့် တစ်ရက် တိတိကြာမြှင့်ခဲ့သည်။

နယ်ချဲ့၏ လက်အောက်၌ ရှိနေသည့်
ဗမာပြည်မှာ ဒုတိယကမ္ဘာစစ်တွင် ကိစ္စကြီးငယ်များစွာ ဖြစ်ပွားခဲ့ရင်း နေဝန်းနီ၏ မဟာမိတ်ဖြစ်လာခဲ့သည်။ နယ်ချဲ့တွေနေဝင်ချိန်ဟု ထင်ခဲ့သည်မှ အစပြုရျ် ပြည်တွင်း၌ စည်းလုံးမှု မရှိသည်များစွာကလည်း ထပ်ရျ်ရှိလာခဲ့သည် ။

ဒုတိယ ကမ္ဘာစစ် မဖြစ်ခင် ကိုးနှစ်အလို ၊၁၉၃၀ /၁၉၃၁ တွင် ဂဠန်ဆရာစံ ဦးဆောင်သည့် တောင်သူလယ်သမား အရေးတော်ပုံကြီး ဖြစ်ပွားခဲ့သည်။ နောက် ရှစ်နှစ်ကြာချိန်တွင်တော့ ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရကို ဖြုတ်ချရန်အတွက် ရေနံမြေ ချောက်သဘိတ်ကြီး ​ ဖြစ်ပွားလာခဲ့ပြန်သည်။ ထိုနှစ်က ၁၉၃၈
ခုနှစ် သဘိတ်စတင်သည့်ရက်က ဇန်နဝါရီ
၈ ။ ပြည်တွင်းထဲ မငြိမ်မသက်နှင့် သတင်းစာတွေလည်း အပြိုင်ဖြစ်နေခဲ့၏။ ထိုအချိန်မှာပဲ
နယ်ချဲ့တွေ နေဝင်ခဲ့သည်။

"စက်ခေါင်းအမှတ် ၀၀၉" (completed)Where stories live. Discover now