အပိုင်း(၉)"မေတ္တာစိတ်တွေ သက်ဝင်ခဲ့ပြီ"

153 6 0
                                    

ပြောင်းလဲသွားသည့် ရက်များစွာ၌ နှစ်ပါတ်တာကာလဟာ ကုန်ဆုံးခဲ့ရင်းနှင့် "ဆက်" ဧဿန့် အိမ်ယာဝန်းမှ ပြောင်းရွှေ့လာခဲ့ရလေပြီ။
သီးသန့် ရှိနေရသည့် အိမ်ယာဝန်းမှာ တစ်ကိုယ်ထဲ နေရင်း အနောက်သို့ ရှုမျှော်ရခြင်းများစွာဟာလည်း ရက်တွေလတွေနှင့်အညီ ကုန်လွန်ရင်း ဥတု တစ်ခုပင် အစချီလာတော့မည်။
တစ်မိုး၏ ရွာသွန်းခြင်းတွေမှာ အသီးတွေက ပေါလောလှိုင်ရင်း ရထားဝန်း၏ သီးပင်စားပင်များဟာလည်း လှိုင်နေခဲ့သည်။ ပေါလျှံခြင်းတွေပါ ရှိခဲ့ပြီး အစွန်းထွက် ငွေများစွာပင် အိမ်ထောင်သည်တွေ ရရှိသည်ဟု ဆိုလာကြသည်။ ပေါများလာသည့် ငါးတွေ၏ လှိုင်ပေါလယ်ခြင်းတွေမှာ အမြတ်အစွန်းတွေပါ ရရှိခဲ့ပြီး စားသုံးရသည်ထက် များစွာပင် ပိုလျှံခဲ့၏။
သားပေါက်လာပြီဖြစ်သည့် ကြက်/ဘဲတွေ၏
အရေအတွက်ဟာလည်း များလာရင်း စင်များပင် ထပ်ရ်ျ တိုးချဲ့ဆောက်လုပ်ပေးကြရ၏။
ပြုံးရွှင်ပြရင်း ကျေနပ်နေခဲ့ကြသည့် ရထားဝန်းတစ်ဝန်းလုံးတွင် ပြုံးရွှင်မပြသည်က ဆက်နှင့် ဧဿန်ပဲ ရှိလောက်မည်။ အကြောင်းများစွာ ရှိလေတဲ့ ဖြစ်တည်ခြင်းတွေမှာ ထိုသူနှစ်ဦး၏
စိတ်အစုံကတော့ မရွှင်မပြကြချေ။

"ဧဿန် သန့်ပြန့်နေပါလား--?။
ဘယ်သွားမှာလဲ ။"

"ကြီးကြပ်ရေးမှုး သူ့ကို ခေါ်ထားတယ်လေ။
နယ်ခံမင်းကြီးစီ တွေ့ဖို့လား ဘာလား--?"

ကြားစကား ဝင်ဖြေလာသူကို ဇေယျာ မျက်ထောက်နီနှင့် ကြည့်ပေးလိုက်၏။ ​ အခေါ်လွှတ်သည့် ကြီးကြပ်ရေးမှုး၏ အခေါ်လွှတ်ခြင်းကို
သူလည်းသိသည်။ သက်သက် စကားရှာချင်ရ်ျ
မေးခြင်းမှာ ဒီကောင်က ကြားထဲကဝင်ဖျက်သွားသည်လေ။

"လွန်းစစ်ပြောသလိုပဲ ဆိုပါတော့ ။
ကြီးကြပ်ရေးမှုး အခေါ်လွှတ်လို့ သွားရမှာ"

"ဪ--! ဟုတ်လား။
ဒါဆို မြန်မြန်သွားလေ။ ကြီးကြပ်ရေးမှုး စောင့်ရတာ မကောင်းဘူး။ "

"ပိတ်ရက်မှာ အလုပ်မတတ်ရတဲ့ မင်းတို့လိုကောင်တွေကတော့ ပြောအားရှိမှာပေါ့။"

"သီးသန့် အခေါ်လွှတ်တဲ့ ဖိတ်ခေါ်ခြင်းမှာ
မင်းက တစ်ဦးထဲနော်။ နောက်ပြီး ပထမဆုံးလည်း ဆိုရမှာပဲ။ ပိတ်ရက်မှာ ကောင်းကောင်းပျော်ခဲ့ကြပါ"

"စက်ခေါင်းအမှတ် ၀၀၉" (completed)Where stories live. Discover now