အပိုင်း၁၅ "ရထားဝန်း၏ လွဲကြောင်းလေးများ"

71 4 0
                                    

ဆက် အပေါ်ရုံးသို့ တက်လာခဲ့၏။ ရုံပိုင်ကြီးထံသွားပြီး  သူကျေးဇူးတင်စကားလည်း ပြောခဲ့ပြီးပြီ။ သို့သော် သူ၏ မျက်နှာမှာ မရွှင်မပြနိုင်။
လက်ထောက် စာရင်းစစ် ဌာနရှေ့က  ဖြတ်တော့
သူ့ကို  နှုတ်ဆက်ကြသည်မှာ အများသား။

"ကြီးကြပ်ရေးမှုး ၊ မင်္ဂလာမနက်ခင်းပါ"

"ကြီးကြပ်ရေးမှုး "
စသည့် နှုတ်ဆက်သံများကို  ဆက် လက်ပြပြီးသာ  အသိအမှတ်ပြုလိုက်သည်။ ဧဿန်၏ စက်ခေါင်းတိမ်းမှောက်ခြင်းမှာ သူနှင့် ဧဿန်၏  အကြောင်းအရာများက ဘွင်းဘွင်းကြီး ထင်းခဲ့၏။ ထို့ကြောင့် ရထားဝန်း၌ ရှိနေသူ  အားလုံးမှာ  သူတို့နှစ်ဦး၏ မေတ္တာသက်ဝင်ခြင်းကို အားလုံးနည်းနည်း သိသွားခဲ့သည်ဆိုလည်း မှန်ပါ၏။မသိလည်း တစ်ယောက်စကား ၊တစ်ယောက်နားနဲ့ အနှေးနှင့်အမြန်တော့ သိသွားကြမည်ပဲ။သိသွားတော့လည်း ကောင်းပါဘိ ၊ သူ၏
သက်လျာကို ဘယ်သူမှ မထိရဲတော့ဘူးမလား။

ဆက် အပေါ်ထပ်လှေကားသို့ တက်ရင်း
ဧဿန့်အကြောင်းတွေသာ မှန်းဆနေမိသည်။

"ကြီးကြပ်ရေးမှုး  ၊ မင်္ဂလာမနင်ခင်းပါ"

"အေး ၊မင်္ဂလာမနက်ခင်း"
လက်ထောက် လွန်းစစ်၏ နှုတ်ဆက်ခြင်းကို စကားနှင့် တုံ့ပြန်လိုက်ပြီး  ဆက် သူ၏ အခန်းသို့ ဝင်သွားလိုက်သည်။  အခန်းထဲဝင်ပြီး ထိုင်ခုံတွင် မထိုင်နိုင်သေး ၊ ရှုမျှော်ခြင်း မျက်နှာစာမှာ
ဆက်   အရင်နေ့များကလို  စင်္ကြံတစ်ဖက်၌ ရှိနေသော အန်တီအေးဆိုင်သို့မဟုတ်ပဲ  မျက်နှာစာက ပြောင်းလဲနေခဲ့သည်။ အရှေ့မဟုတ်သည့် အနောက်မျက်နှာစာမှာ  ဧဿန်၏ အိမ်ယာဝန်းက အနောက်၌ တည်ရှိ၏။  ဆေးခွင့်နှင့် အနားယူနေသော သူ၏ သက်လျာလေးရှိသည့် အရပ်က အနောက်ရပ် ၊ ထို့ကြောင့် ဆက် အနောက်ရပ်သို့ ရှုမျှော်နေရခြင်း။

စက်ခေါင်းတိမ်းမှောက်ပြီးတဲ့ ညတွင်းခြင်းမှာပဲ
ဆက်  မထင်မှတ်ထားခဲ့သော စကားလုံးများကို ဧဿန့်စီမှ ကြားခဲ့ရ၏။ တွေးဆမရချင်သော 
ထိုအတွေးတွေမှာ ဆက်၏ မျက်ဝန်းအစုံကလည်း စူးရဲပြီး ခက်ထန်လာသည်။

ဧဿန် စက်ခေါင်းတိမ်းမှောက်သွားသည့် ည၌ ဖြစ်သည်။

"ကြီးကြပ်ရေးမှုး ၊ ကျွန်တော် ပြောစရာရှိတယ်"

"စက်ခေါင်းအမှတ် ၀၀၉" (completed)Where stories live. Discover now