အပိုင်း (၁၃) "ဝန်မခံရဲသောအကြောက်တရား"

275 27 0
                                    

တန်ခူးလဆုတ် (၂)ရက် ၊ နှစ်ဆန်းတစ်ရက် နေ့၌ ဖြစ်ချေ၏။

နှစ်ဆန်းတစ်ရက်ထိ  ပိတ်ရက်ဖြစ်ပေမယ့်   ရထားဝန်းထဲ အချိန်မှီပြန်ရောက်ဖို့အတွက် ဆက်တို့အဖွဲ့ ထိုမနက်( နှစ်ဆန်းတစ်ရက်မနက်)၌ပင်  အပြန်ခရီးအတွက်ပြင်ကြရသည်။  ဇေယျာက   သူ့အဖေနှင့် အမကို  နှုတ်ဆက် ကန်တော့၏။  လွန်းစစ် ၊ ဧဿန်နှင့် ဆက်လည်း ထိုသူများကို နှုတ်ဆက်ရင်း    အညာမြေ ပုဂံနယ်မှ  ရထားဝန်းသို့  ခရီးဆက်လာခဲဲ့ကြသည်။

"နောက်လည်း လာလည်ကြပါအုံးကွယ်"

" ​ရောက်ရင် ဝင်ခဲဲ့ကြပါ ၊ အားမနာကြနဲ့ "

ဇေယျာ၏ အဖေနှင့် အမေက နှုတ်ဆက်သည်။

"လာလည်မယ် ဦးလေး။
ဝင်မယ် မမ "

"လာမှာ မပူနဲ့ ဦးလေး ။
ကျန်းမာရေးသာ ဂရုစိုက်" စသည်နှင့် ဧဿန်နှင့် လွန်းစစ်က  ပြန်နှုတ်ဆက်ကြသည်။

"အဘ  ကျန်းမာရေးသာ ဂရုစိုက် ၊ ကျုပ်က အဆင်ပြေတယ်။ မမ အဘက်ိုသာ သေချာ ဂရုစိုက်ပေးပါ"

"အေးပါ ဟယ်  ၊  မင်းအဘလည်း  မမအဘပါပဲ
ဂရုစိုက်တာပေါ့ ။  ကားကိုသာ ဂရုစိုက်မောင်း"

"ဟုတ်ကဲ့ မမ ၊ သွားပြီ အဘ"

ဇေယျာက လက်ပြနှုတ်ဆက်သည်။  မစံပါယ်ကစကားကို မပြတ်ရင်း  ကားကို ဂရုစိုက်မောင်းဖို့ကြည့်  ပြောသည်။  ကြီးကြပ်ရေးမှုး ကားနှင့် ပြန်ရမည်ဖြစ်သဖြင့်  စိတ်ပူတယ်ဟုပဲ ဧဿန်တွေးစလိုက်ပါ၏။ ထို့နောက်တွင်တော့ ဧဿန်တို့ လေးဦး  ပုဂံမြေကြီးကို လက်ပြနှုတ်ဆက်ခဲ့ရင်း   ပုဂံနယ်မှ ထွက်ခွာခဲ့လိုက်တော့သည်။

တန်ခူးလဆုတ်(၃)ရက်၌  ဆက်တို့ ရထားဝန်းတစ်ခုလုံး   တတ်ကြွစွာနှင့်   တာဝန်ဝတ္တရားတွေမှာ ကျေပွန်ဖို့ အသင့်ရှိနေကြသည်။ ရပ်နားထားသည့် စက်ခေါင်းအမှတ်စဉ် ရထားများဟာလည်း စင်္ကြံလမ်းထက်၌  ဥဩသံညံရင်း ပြေးဆွဲဖို့ အသင့်ရှိနေကြသည်။  သူတို့လည်း   ရထားလမ်းမှာ ခြောက်ကပ်ကပ်နှင့် နေခဲ့ရတာ  ကြာသွားပြီမလား။

စက်ဆရာများဟာလည်း စက်ခေါင်းရထားများ
နှင့် ခရီးတစ်ခုကို ပြေးဆွဲရင်း   ခရီးသည်များ၏ လိုရာ အရပ်ကို ပို့ဆောင်ပေးကြသည်။
မြေယာပညာရှင်များ  ၊ အရာရှိများ ၊ လက်ထောက် စာရေး /မ  များဟာလည်း ကျေပွန်ရမည့် တာဝန်ဝတ္တရားများတွင် ကျေပွန်ရင်း  ရထားဝန်း၌  တတ်ကြွစွာ   တာဝန်ကျေပွန်ကြသည်။ ထိုထဲ  ရထားဝန်းတစ်ခုလုံးကို ကြီးကြပ်နေရသည့်    ကြီးကြပ်ရေးမှုးဆိုသူမှာတော့  တာဝန်ဝတ္တရားများတွင်  အကျေပွန်ဆုံးဆိုသူဟု ဆိုရမည်။  ဒါတွေက  အလုပ်နှင့် လက်မပြတ်ပဲ စနစ်တကျ စီမံညွှန်ကြားနိုင်ခြင်းကြောင့်များလား။

"စက်ခေါင်းအမှတ် ၀၀၉" (completed)Where stories live. Discover now