ဆက် ဒီနေ့တစ်နေ့လုံး ဘာအလုပ်မှ အဆင်မပြေဖြစ်နေသည်။ လုပ်ရသည့် အလုပ်ကိစ္စတွေမှာလည်း မပြေရင်း သူ၏ သက်လျာလေးနှင့်လည်း မတွေ့ရသေး။ စင်္ကြံဘက်သို့လည်း
အခါခါ မျှော်ကြည့်သည်။ သို့ပေမယ့် သူ သက်လျာကို မတွေ့ရ။ အစည်းအဝေးမှာ တွေ့ခဲ့ရပေမယ့် ကြီးကြပ်ရေးမှုးနှင့် စက်ဆရာဆိုသည့် အသွင်နှင့်သာ တွေ့ခဲ့ရတာ ဖြစ်သည်။
စက်ခေါင်းအရှိန် / ကုန်တွဲ ဝန်များအကြောင်းသာ ဆွေးနွေးခဲ့ရပြီး အားလုံးဟာလည်း အလုပ်နှင့်သာ သက်ဆိုင်သည့် အရာတွေ ဖြစ်ရ်ျ နှစ်ကိုယ်ကြား ပြောချင်ရာများကိုလည်း မပြောခဲ့ရချေ။ ထို့ကြောင့် ဆက် အလုပ်လုပ်ရာမှာ စိတ်မပါဖြစ်နေသည်။ အရင်ဆို အန်တီအေးဆိုင်မှာ တွေ့ရတတ်သည့် သက်လျာဟာ ဒီနေ့မှ အဘယ်ကြောင့် မတွေ့ရတာလဲ။ ဆက် ထိုစကားကို ရေရွတ်ရင်း စိတ်မပါ/လက်မပါစွာနှင့်
ပို့ထားသည့် စာရွက်/စာတမ်းများကိုသာ ကြည့်နေလိုက်တော့သည်။ ယခုအချိန်တွင် ဆက်စီ၌ ဆုတောင်း စကားတစ်ခွန်းဟာလည်း ရှိနေပြန်သည်။ ထိုစကားမှာ အခြားတော့ ဟုတ်မနေခဲ့။ ထမင်းစားနားချိန် မြန်မြန် ရောက်လာပါဟူရ်ျ။"ကြီးကြပ်ရေးမှုး ရှိလား"
"ဝင်သွားလိုက် ရှိတယ်"
လွန်းစစ် ဇေယျာကို ကြည့်ရင်း စာရင်းများကိုသာ စစ်နေလိုက်တော့သည်။ လွန်ခဲ့သည့် တစ်ပါတ်မှ စရ်ျ လွန်းစစ် အမြဲတမ်း လက်ထောက် ဖြစ်သွားခဲ့ပြီ။ တွဲဖက်အဖြစ် လက်ထောက် တာဝန်ထမ်းဆောင်ခဲ့သည့် နှစ်လမှာ တာဝန်ကျေရ်ျ ဆက် လွန်းစစ်ကို သူ၏ လက်ထောက်အဖြစ်သာ အမြဲတမ်းဝန်ထမ်းအဖြစ် ထားရှိရင်း အပေါ်ရုံး၌သာ ခေါ်ထားသည်။
"ဒေါက်ဒေါက်--!"
"ကြီးကြပ်ရေးမှုး--! ကျွန်တော်ပါ။ ဦးဇေယျာ"
"ဝင်ခဲ့ပါ"
ဆက် ၏ အသံကြားတာနှင့် ဇေယျာ အထဲသို့ ဝင်သွားလိုက်သည်။
"ကြီးကြပ်ရေးမှုးပြောတဲ့ ကုန်တွဲတွေရဲ့ တက်ဆံ့နှုန်းတွေပါ"
"ဘယ်လိုလဲ--? အားလုံး ပြေလည်တယ်မလား"
"ထင်ထားတာထက် အဆင်ပြေပါတယ် ကြီးကြပ်ရေးမှုး ။ ပြေးနှုန်းကလည်း ထင်ထားတာထက် မြန်ပြီး ကုန်တင်ဆံ့နှုန်းကလည်း ထင်ထားတာထက် ပါပဲ။ အားလုံး ပြေပါတယ်"
YOU ARE READING
"စက်ခေါင်းအမှတ် ၀၀၉" (completed)
General Fictionဦးဆက်စေရာမောင် × ဦးဧဿန်ဂျွန်စမစ် ၁၉၀၀ ဝန်းကျင်ခန့်က စက်ခေါင်းမောင်းဆရာနှင့် ကြီးကြပ်ရေးမှုး တို့၏ စိတ်ခံစားချက် / နှလုံးစည်းချက်။ ရင်ခုန်သံတွေ မေတ္တာရပ်ဝန်းတွေကို ရေးဖွဲ့ထားပါတယ်။ နယ်ချဲ့လက်အောက်ဖြစ်ရျ် ၁၉၀၀ ဝန်းကျင်ခန့် ရသ အပြည့်မျိုးရအောင် အ...