အပိုင်း (၁၂) " ကတိစကား တစ်သက်လုံးမြဲချင်"

317 29 0
                                    

ဧဿန် ဒီရက်တွေအတွင်း  အရာရာအဆင်ပြေနေခဲ့သည်။ မိဘနှစ်ပါးနှင့်လည်း တွေ့ဆုံခဲ့ရရျ်
ဧဿန် ပျော်နေခဲ့သည်။ တစ်ပါတ်တာ နေသွားခဲ့သည့် ဖေဖေနှင့် မေမေမှာ ရထားဝန်းထဲတွင်လည်း  အဆင်ပြေလှပြီး  လူတိုင်းနှင့် ပေါင်းသင်းတတ်သည်။ ထိုထဲ သူ၏ ကြီးကြပ်ရေးမှုးနှင့်   ပိုပြီး  အဆင်ပြေရျ် ဧဿန် ကျေနပ်သည်။ 

တစ်ပေါင်းပြီးရျ် တန်ခူးရောက်လာခြင်းမှာ 
ဧဿန် တို့ ရပ်ထားဝန်းရှိ ဝန်ထမ်းတွေ အားလပ်ရက်နှင့်  ပျော်မွေ့ရတော့မည်။  ထိုထဲ အပျော်ဆုံးကတော့ ဇေယျာ ဖြစ်သည်။   သင်္ကြန်ပိတ်ရက်နှင့်အတူ  ကြီးကြပ်ရေးမှုးပေးသာ ခွင့်ရက်ရှည်များကြောင့် သင်္ကြန်မစခင်တစ်ပါတ်အလိုထဲက  သူ၏  မွေးရပ်မြေဖြစ်သည့် အညာဒေသသို့ ပြန်သွားခဲဲ့ပြီ ဖြစ်သည်။

"ဟေ့ကောင်တွေ--!  မင်းတို့ သင်္ကြန်ပိတ်ရက်ရရင်  ဘယ်မှ လည်ဖို့ စိတ်မကူးကြနဲ့ ။ငါ့စီသာ လာခဲဲ့ကြ ။"

စသည်နှင့် အခေါ်ထုတ်သွားခဲ့သည့်  ဇေယျာ့စကားရှိရျ်   ဧဿန်နှင့် လွန်းစစ် တိုင်ပင်ကာ
ဇေယျာ့စီ သွားဖို့ ပြင်ကြသည်။  အစက ကြီးကြပ်ရေးမှုးကိုလည်း ဧဿန်အခေါ်ထုတ်ပေမယ့်

"ဘယ်နေ့လဲ သက်လျာ"

"သင်္ကြန် အကြိုနေ့ ဟိုကို အရောက်သွားမှာ ကြီးကြပ်ရေးမှုး"

"အကြိုနေ့လား---?။  အကြိုနေ့ဆို မောင်မပြေလောက်ဘူး သက်လျာ။ မောင်အဲ့နေ့  အလုပ်ကိစ္စနဲ့ အစည်းအဝေးတစ်ခု သွားတတ်စရာရှိတယ်။   သင်္ကြန် အကြိုမတိုင်ခင်ထဲက မောင်သွားရမှာ သက်လျာ။  ဒီလိုလုပ်ပါလား  မောင် လာခဲ့မှာမလို့ သက်လျာ ဟိုမှာပဲ လည်နှင့်နေလိုက်။   အကျ မဟုတ်  အကျတ် တစ်ရက်ရက်တော့ မောင်ရောက်လာမှာပဲ "
စသည့် စကားလုံးများနှင့်  ကြီးကြပ်ရေးမှုး၏ စကားလုံးများကို သူကြားရှိရရင်း  ကြီးကြပ်ရေးမှုးက သူတို့နှင့် ပါမလာခဲ့ချေ။

သင်္ကြန် ပိတ်ရက်မှ သွားရသည့် အစည်းအဝေးကြောင့်  ဧဿန် စိတ်ထဲ သိပ်ပြီး ဘဝင်မကျလှ။သို့သော် တာဝန်ချိန်နှင့် ထမ်းဆောင်ရမည့် ဝတ္တရား ခေါင်းစဉ် ရှိလာချိန်မှာတော့  ဧဿန်လည်း နှုတ်ပိတ်ရင်း ဆိတ်ဆိတ်သာ နေခဲ့ရသည်။

"စက်ခေါင်းအမှတ် ၀၀၉" (completed)Where stories live. Discover now