အပိုင်း(၆) "လွမ်းတမြမြဆွေးတသသ"

462 44 0
                                    

ဧဿန်  အပေါ်ရုံးပေါ် ရှိနေသည့်နောက်ဆုံး ရက်တွင်  ဆက် တို့ အပေါ်ရုံးကော အောက်ရုံးပါ အလုပ်တွေနှင့် ရှုပ်နေကြသည်။  တစ်နေ့က တိမ်းမှောက်သွားတဲ့ တွဲမှာ ပါလာသည့် ပစ္စည်းတွေက ဆက် ထင်ခဲ့သလိုပင်   သခင်တွေ၏ လက်နက်တွေ ဖြစ်လို့နေခဲ့သည်။ အရာရာကို အကွက်ကျပြီး ကြိုမြင်ခဲ့သည့် ဆက်က တစ်တွဲလုံးကို ထောပါတ် / မီးစာ / ကုန်ခြောက် /သံဗူးများနှင့် လဲလှယ်လိုက်ပြီး သခင်အဖွဲ့တွေစီ လက်နက်တွေ  တိတ်တဆိတ်ပေးပို့ခဲ့သည်။

ဖြစ်သမျှ တာဝန်ယူရမည့်   ဆက် က  ကုန်တွဲ တစ်တွဲလုံး၏ ပစ္စည်းတွေကို စစ်ပြီး  နယ်ခံမင်းကြီးစီ အစီရင်ခံစာ တင်ရမည်။ ထိုကိစ္စက
ဘုရင်မကြီး၏ နားထိပါ ပေါက်ကြားသွားပြီး
နယ်ခံမင်းကြီးကိုယ်တိုင်  ဆက် စီ စာပို့လာခဲ့သည်။

ဇာတ်ကို ကြိုးဆွဲသည့်သူက  ကိုယ်တိုင်စာပို့လေတော့  ဆက် မဲ့ပြုံးသာ ပြုံးလိုက်ပြီး "အကွက်ကျလှပါတယ် နယ်ခံမင်းကြီး" ဆိုပြီးပဲ   နှုတ်က ရေရွတ်လိုက်မိတော့သည်။ အေးဆေးစွာ နေနေသည့် အင်္ဂလန် ဘုရင်မကြီးစီ   အရောက်သတင်းပို့ပြီးမှ စိတ်မကောင်းပါဘူးတဲ့ ။

ဟက်--!တယ်လည်း ရယ်ရသကိုးပဲဗျာ။
ကြားထဲ အချင်းချင်း ခေါင်းပုံဖြတ်ချင်နေတဲ့
အမိမြေရေသောက် အမိမြေဆန်စားပြီး ကျွန်သက်ရှည်အောင် လုပ်နေတဲ့ ရဲမင်းကြီးဆိုသူကလည်း ရှိလေပြန်တော့။ ဒီနိုင်ငံကြီး  ဘယ်တော့များမှ လွတ်လပ်ရေးရမလဲ။ 

လက်နှိပ်စက်နှင့်ပဲ  ထိတွေ့နေခဲ့ရသည်က ဒီနေ့တွင်တော့  ဧဿန့်ခဗျာ စာရင်းစာအုပ်ကိုင်ပြီး  စာရင်းစစ်အဖွဲ့တွေနဲ့အတူ တိမ်းမှောက်သွားတဲ့ ကုန်တွဲတွင် စစ်ဆေးနေရသည်။   အစားအသောက်နှင့် ဆေးဝါးတွေပဲ ရှိသည့် ကုန်တွဲကို  စစ်ဆေးနေရရျ်  နည်းနည်းပါးပါး နားစွင့်မိတော့  လွန်းစစ်စီက ပြန်ကြားလာရသည်။ သခင်တွေရဲ့  လက်နက်တွေ ထင်လို့တဲ့။

"အို--! ဘုရား ဘုရား ဘာတွေများ ဖြစ်လာမည်နည်း။ "

ပြောကြတာကတော့  အင်္ဂလန်ဘုရင်မကြီးပါ သိသွားပြီး  ကုန်တွဲ တစ်တွဲလုံး၏ တာဝန်ကို ကြီးကြပ်ရေးမှုးက ယူရမည်တဲ့။ ရုံးပေါ် အလုပ်ရှုပ်နေပြီး ရုံးရောက်ထဲက ကြီးကြပ်ရေးမှုးကို  မမြင်ခဲ့ရသည့်အတွက်   ပူပန်လာသည့် စိတ်အစုံကြောင့် ရင်ဘတ်ကိုသာ ဖိပြီး  စစ်စရာရှိသည့် စာရင်းတွေကိုသာ စစ်နေလိုက်တော့သည်။

"စက်ခေါင်းအမှတ် ၀၀၉" (completed)Where stories live. Discover now